တာချီလိတ်မြို့ပေါ်တွင် ရေကြီးရေလျှံမှုများ ယခင်နှစ်ထက် မဖြစ်ပွားစေရေး ရက်(၁၀၀)စီမံချက်ဖြင့် စည်ပင်မှ ဆောင်ရွက်နေ

တာချီလိတ်မြို့ပေါ်တွင် ရေကြီးရေလျှံမှုများ ယခင်နှစ်ထက် မဖြစ်ပွားစေရေး ရက်(၁၀၀)စီမံချက်ဖြင့် စည်ပင်မှ ဆောင်ရွက်နေ
ဇူလိုငျ 1, 2016
By Tachileik News Agency

တာချီလိတ်၊ ဇူလိုင်(၁)
တာချီလိတ်မြို့နယ်အတွင်း ယခင်နှစ်များထက် ရေကြီးရေလျှံမှုများပိုမို မဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာ ကောင်းမွန်ရေး အတွက် စည်ပင်သာယာရေးဌာန၏ ရက်(၁၀၀)စီမံချက်အဖြစ် အထူး ဆောင်ရွက်နေလျှက်ရှိကြောင်း တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။

ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာ ကောင်းမွန်ရေးအတွက် မြို့နယ်အတွင်းရှိ ချောင်းကြီး၊ ချောင်းငယ်များကို စက်ယန္တရားများဖြင့် နုန်းဆယ်ခြင်းများ အပြင် ရှမ်းရိုးမကွင်း အတွင်း ရေ၀ပ်သော ဧရိယာများ မရှိစေရေးအတွက် ကွင်းပတ်လည် မြေသားရေမြောင်းများ တူးဖော်ခြင်း နှင့် တာလော့ရပ်ကွက်ရှိ ချယ်ရီလမ်းတွင် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် နုန်းများ အမှိုက်များ ရှင်းလင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

အများပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် အရှည်ပေ(၄၀၀၀)နှင့် အကျယ်ပေ (၃)ပေရှိသည့် မြန်မာ - ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှ ခိုတောင်းတံတားအထိ လမ်းတစ်လျှောက်အား ကွန်ကရစ်လမ်းသား တိုးချဲ့ခြင်းအဖြစ် ဆောင်ရွက်နေပြီး မြို့တွင်းလမ်းများတွင် ကတ္တရာခင်းခြင်း လုပ်ငန်းများကို ဆောက်ရွက်နေလျှက်ရှိရာ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနခွဲ(ကျိုင်းတုံ)မှဒုတိယညွှန်ကြားရေးမှူး ဦးလုကာ၊ ဒုတိယ အင်ဂျင်နီယာမှူးကြီး ဦးထွန်းထွန်းဇော်တို့မှ အဆိုပါ လုပ်ငန်းများအား စံချိန်စံညွှန်းနှင့် အညီ ဆောင်ရွက်ထားမှု ရှိ/ မရှိ ကြည့်ရှုစစ်ဆေးရာ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်မိုးထွန်း နှင့် အင်ဂျင်နီယာမှူး ဦးလှမျိုးတို့မှ အစစ်ဆေးခံ ရှင်းလင်းပြသခဲ့ကြောင်းနှင့် လုပ်ငန်းများ အမြန်ဆုံးပြီးစီး နိုင်ရန်အတွက် ဆောင်ရွက်နေလျှက်ရှိကြောင်း သိရသည်။
..............

တာချီလိတ်၊ ဇူလိုင်(၁)
တာချီလိတ်မြို့နယ်အတွင်း ယခင်နှစ်များထက် ရကြေီးရေလျှံမှုများပိုမို မဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာ ကောင်းမွန်ရေး အတွက် စည်ပင်သာယာရေးဌာန၏ ရက်(၁၀၀)စီမံချက်အဖြစ် အထူး ဆောင်ရွက်နေလျှက်ရှိကြောင်း တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။

ရကြေီးရေလျှံမှုများ မဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာ ကောင်းမွန်ရေးအတွက် မြို့နယ်အတွင်းရှိ ချောင်းကြီး၊ ချောင်းငယ်များကို စက်ယန္တရားများဖြင့် နုန်းဆယ်ခြင်းများ အပြင် ရှမ်းရိုးမကွင်း အတွင်း ရေဝပ်သော ဧရိယာများ မရှိစေရေးအတွက် ကွင်းပတ်လည် မြေသားရေမြောင်းများ တူးဖော်ခြင်း နှင့် တာလော့ရပ်ကွက်ရှိ ချယ်ရီလမ်းတွင် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် နုန်းများ အမှိုက်များ ရှင်းလင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

အများပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် အရှည်ပေ(၄၀၀၀)နှင့် အကျယ်ပေ (၃)ပေရှိသည့် မြန်မာ - ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှ ခိုတောင်းတံတားအထိ လမ်းတစ်လျှောက်အား ကွန်ကရစ်လမ်းသား တိုးချဲ့ခြင်းအဖြစ် ဆောင်ရွက်နပြေီး မြို့တွင်းလမ်းများတွင် ကတ္တရာခင်းခြင်း လုပ်ငန်းများကို ဆောက်ရွက်နေလျှက်ရှိရာ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနခွဲ(ကျိုင်းတုံ)မှဒုတိယညွှန်ကြားရေးမှူး ဦးလုကာ၊ ဒုတိယ အင်ဂျင်နီယာမှူးကြီး ဦးထွန်းထွန်းဇော်တို့မှ အဆိုပါ လုပ်ငန်းများအား စံချိန်စံညွှန်းနှင့် အညီ ဆောင်ရွက်ထားမှု ရှိ/ မရှိ ကြည့်ရှုစစ်ဆေးရာ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်မိုးထွန်း နှင့် အင်ဂျင်နီယာမှူး ဦးလှမျိုးတို့မှ အစစ်ဆေးခံ ရှင်းလင်းပြသခဲ့ကြောင်းနှင့် လုပ်ငန်းများ အမြန်ဆုံးပြီးစီး နိုင်ရန်အတွက် ဆောင်ရွက်နေလျှက်ရှိကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~