တာခ်ီလိတ္ခရိုင္အတြင္း ေက်းရြာ ၁၀၀ တြင္ ဆိုလာျပား ၂၀၀၀ ေက်ာ္ တပ္ဆင္ေပးၿပီး၊ ပစၥည္းတန္ဖိုးအေပၚ ေငြေၾကးအနည္းငယ္သာ ေကာက္ခံမည္

တာခ်ီလိတ္ခရိုင္အတြင္း ေက်းရြာ ၁၀၀ တြင္ ဆိုလာျပား ၂၀၀၀ ေက်ာ္ တပ္ဆင္ေပးၿပီး၊ ပစၥည္းတန္ဖိုးအေပၚ ေငြေၾကးအနည္းငယ္သာ ေကာက္ခံမည္
ဇူလိုင် 20, 2016
By Tachileik News Agency

တာခ်ီလိတ္ခရိုင္အတြင္းရွိ ေက်းရြာ(၁၀၀)ေက်းအတြက္ ဆိုလာျပားေပါင္း(၂,၀၀၀)ေက်ာ္အား ၂၀၁၆-၂၀၁၇ ဘ႑ာႏွစ္အတြင္း တပ္ဆင္သြားရန္ ျပင္ဆင္လွ်က္ရွိေၾကာင္း ႏွင့္ တပ္ဆင္ေပးၿပီးပါက ပစၥည္းတန္းဖိုးအေပၚ ေငြေၾကးအနည္းငယ္သာ ေကာက္ခံမည္ျဖစ္ေၾကာင္း ခရိုင္ ေက်းလက္ေဒသဖြံ႕ၿဖိဳး တိုးတက္ေရး ဦးစီးဌာနမွ သိရသည္။

"ေက်းရြာေတြမွာ ဆိုလာျပားတပ္ဆင္ဖို႔က ကမာၻ႔ဘဏ္နဲ႔ အာရွဖြံ႕ၿဖိဳးတိုးတက္ေရးဘဏ္(ADB)တို႔က ကူညီတာ။ ဒီတစ္ခါ ဆိုလာျပားကို တင္တာေခၚတဲ့ေနရာမွာ ၀န္ႀကီးဌာနအဆင့္နဲ႔ တင္ဒါေခၚတာဆိုေတာ့ ကမာၻ႔ကုမၸဏီႀကီးေတြက လာဆြဲတာ။ အရင္တုန္းကလို အရည္အေသြးက တစ္ရြာတစ္မ်ိဳးမျဖစ္ေတာ့ဘူး။ အခုက အားလံုး တစ္ေျပးညီျဖစ္သြားမယ္"ဟု တာခ်ီလိတ္ခရိုင္ ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရး ဦးစီးဌာနမွ ဒုတိယညႊန္ၾကားေရးမွဴး ဦးေအာင္ထြန္းက ေျပာသည္။

တာခ်ီလိတ္ခရိုင္အတြင္း ဆိုလာျပား (၂,၆၀၄)ျပား တပ္ဆင္ႏိုင္ရန္ စီစဥ္လွ်က္ရွိၿပီး တာခ်ီလိတ္ၿမိဳ႕နယ္ အတြင္း ေက်းရြာေပါင္း (၉၅)ရြာအတြက္ ဆိုလာျပား(၂,၀၆၃)ျပား၊ မိုင္းျဖတ္ၿမိဳ႕နယ္အတြင္း ေက်းရြာေပါင္း(၁၀)ရြာ ဆိုလာျပား(၂၉၄)ျပားႏွင့္ မိုင္းေယာင္းၿမိဳ႕နယ္အတြင္း ေက်းရြာေပါင္း(၃)ရြာအတြက္ ဆိုလာျပား(၂၄၇)ျပားအား တပ္ဆင္ရန္စီဆင္လွ်က္ရွိေၾကာင္း ၎ထံမွ သိရသည္။

"အရင္တုန္းက ဆိုလာျပားေတြကို အခမဲ့ တပ္ဆင္ေပးတာပါ။ အခုတစ္ေခါက္ေတာ့ တပ္ဆင္တဲ့ ရြာသားေတြကို ပိုင္ရွင္စိတ္ဓါတ္ေလး ေပၚေပါက္ေအာင္ သိပ္မမ်ားတဲ့ ေငြေၾကးကို ျပန္ၿပီးေကာက္ခံမွာပါ။ က်ပ္(၃)သိန္းေလာက္တန္တာကို (၃)ေသာင္းေလာက္ေကာက္တာမ်ိဳးေပါ့။ အရင္တုန္းက ရြာသားေတြက အလကားရတာဆိုၿပီး တန္ဖိုးထားမႈ အားနည္းတာေတြရွိခဲ့လို႔ပါ"ဟု ဒုတိယညႊန္ၾကားေရးမွဴး ဦးေအာင္ထြန္းက ေျပာသည္။

တာခ်ီလိတ္ခရိုင္ အတြင္းရွိ ၿမိဳ႕နယ္(၃)ၿမိဳ႕နယ္မွ NEP ဆိုလာျပား တပ္ဆင္မည့္ ေက်းရြာေပါင္း(၁၀၈)ရြာရွိၿပီး၊ အိမ္ေျခေပါင္း(၄,၇၂၅)အိမ္မွ လူဦးေရ(၂၁,၇၃၄)အား အက်ိဳးျပဳႏိုင္မည္ ျဖစ္ေၾကာင္း ႏွင့္ ခန္႔မွန္းကုန္ က်စရိတ္မွာ က်ပ္သိန္းေပါင္း(၁,၅၀၀)ခန္႔ရွိေၾကာင္း တာခ်ီလိတ္ခရိုင္ ေက်းလက္ေဒသဖြံ႕ၿဖိဳး တိုးတက္ေရးဦးစီးဌာနမွ သိရသည္။

သတင္း။  ။ ကိုဇက္
........................

တာချီလိတ်ခရိုင်အတွင်းရှိ ကျေးရွာ(၁၀၀)ကျေးအတွက် ဆိုလာပြားပေါင်း(၂,ဝဝဝ)ကျော်အား ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း တပ်ဆင်သွားရန် ပြင်ဆင်လျှက်ရှိကြောင်း နှင့် တပ်ဆင်ပေးပြီးပါက ပစ္စည်းတန်းဖိုးအပေါ် ငွေကြေးအနည်းငယ်သာ ကောက်ခံမည်ဖြစ်ကြောင်း ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

"ကျေးရွာတွေမှာ ဆိုလာပြားတပ်ဆင်ဖို့က ကမာ္ဘ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်(ADB)တို့က ကူညီတာ။ ဒီတစ်ခါ ဆိုလာပြားကို တင်တာခေါ်တဲ့နေရာမှာ ဝန်ကြီးဌာနအဆင့်နဲ့ တင်ဒါခေါ်တာဆိုတော့ ကမာ္ဘ့ကုမ္ပဏီကြီးတွေက လာဆွဲတာ။ အရင်တုန်းကလို အရည်အသွေးက တစ်ရွာတစ်မျိုးမဖြစ်တော့ဘူး။ အခုက အားလုံး တစ်ပြေးညီဖြစ်သွားမယ်"ဟု တာချီလိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ထွန်းက ပြောသည်။

တာချီလိတ်ခရိုင်အတွင်း ဆိုလာပြား (၂,၆၀၄)ပြား တပ်ဆင်နိုင်ရန် စီစဉ်လျှက်ရှိပြီး တာချီလိတ်မြို့နယ် အတွင်း ကျေးရွာပေါင်း (၉၅)ရွာအတွက် ဆိုလာပြား(၂,ဝ၆၃)ပြား၊ မိုင်းဖြတ်မြို့နယ်အတွင်း ကျေးရွာပေါင်း(၁၀)ရွာ ဆိုလာပြား(၂၉၄)ပြားနှင့် မိုင်းယောင်းမြို့နယ်အတွင်း ကျေးရွာပေါင်း(၃)ရွာအတွက် ဆိုလာပြား(၂၄၇)ပြားအား တပ်ဆင်ရန်စီဆင်လျှက်ရှိကြောင်း၎င်းထံမှ သိရသည်။

"အရင်တုန်းက ဆိုလာပြားတွေကို အခမဲ့ တပ်ဆင်ပေးတာပါ။ အခုတစ်ခေါက်တော့ တပ်ဆင်တဲ့ ရွာသားတွေကို ပိုင်ရှင်စိတ်ဓာတ်လေး ပေါ်ပေါက်အောင် သိပ်မများတဲ့ ငွေကြေးကို ပြန်ပြီးကောက်ခံမှာပါ။ ကျပ်(၃)သိန်းလောက်တန်တာကို (၃)သောင်းလောက်ကောက်တာမျိုးပေါ့။ အရင်တုန်းက ရွာသားတွေက အလကားရတာဆိုပြီး တန်ဖိုးထားမှု အားနည်းတာတွေရှိခဲ့လို့ပါ"ဟု ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ထွန်းက ပြောသည်။

တာချီလိတ်ခရိုင် အတွင်းရှိ မြို့နယ်(၃)မြို့နယ်မှ NEP ဆိုလာပြား တပ်ဆင်မည့် ကျေးရွာပေါင်း(၁၀၈)ရွာရှိပြီး၊ အိမ်ခြေပေါင်း(၄,၇၂၅)အိမ်မှ လူဦးရေ(၂၁,၇၃၄)အား အကျိုးပြုနိုင်မည် ဖြစ်ကြောင်း နှင့် ခန့်မှန်းကုန် ကျစရိတ်မှာ ကျပ်သိန်းပေါင်း(၁,၅၀၀)ခန့်ရှိကြောင်း တာချီလိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~