မိုင္းျဖတ္၌ တရားမ၀င္ ေရႊတူးေဖာ္သည့္ စက္ပစၥည္းမ်ား သိမ္းဆည္းရမိ

မိုင္းျဖတ္၌ တရားမ၀င္ ေရႊတူးေဖာ္သည့္ စက္ပစၥည္းမ်ား သိမ္းဆည္းရမိ
ဇူလိုင် 2, 2016
By Tachileik News Agency

မိုင္းျဖတ္၊ ဇူလိုင္(၂)
ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ၊ တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕တြင္ တရားမ၀င္ ေရႊတူးေဖာ္လုပ္ကိုင္သူႏွင့္ ေရႊတူးေဖာ္ရန္ ျပင္ဆင္ထားသည့္ စက္ပစၥည္းမ်ားကို ဖမ္းဆီး သိမ္းဆည္းရမိေၾကာင္း သိရသည္။

မိုင္းျဖတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးျမင့္လြင္၊ စခန္းမွဴး ဒုရဲမွဴး ခင္ေမာင္ေဌး ႏွင့္ ရဲတပ္ဖြဲ႔၀င္မ်ား အပါအ၀င္ သက္ဆိုင္ရာပူးေပါင္းအဖြဲ႔တို႔မွ ဇူလိုင္လ(၁)ရက္ေန႔ ညေန(၄)နာရီခြဲ၀န္းက်င္က နမ့္လံုေခ်ာင္းအတြင္း တရားမ၀င္ေရႊတူးေဖာ္မႈမ်ား လုပ္ေနေၾကာင္း သတင္းရရွိ၍ သြားေရာက္ စစ္ေဆးရာမွ ဖမ္းဆီးရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

သက္ဆိုင္ရာမွ သြားေရာက္ရွာေဖြ စစ္ေဆးေတြ႕ရွိရာတြင္ ၀မ္လံုးေက်းရြာအုပ္စု၊ နမ့္ခမ္းေတာင္ေက်းရြာေဘးရွိ ေရေခ်ာင္းထဲတြင္ တရားမ၀င္ ေရႊတူးေဖာ္လုပ္ကိုင္ေနေသာ ေမာင္အာလီမာအား ေတြ႕ရွိ၍ ဖမ္းဆီးၿပီး စက္ပစၥည္းမ်ားကို သိမ္းဆည္းကာ မိုင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၈/၂၀၁၆၊ သတၱဳတြင္းဥပေဒပုဒ္မ ၃၀(ခ)အရ အမႈဖြင့္လွစ္ေဆာင္ရြက္ထားလိုက္ေၾကာင္း သိရသည္။

ဆက္လက္၍ အဆိုပါ ပူးေပါင္းအဖြဲ႔သည္ နမ့္လံုေခ်ာင္း အနီးတစ္၀ိုက္တြင္ ဆက္လက္ရွာေဖြရာ နမ့္လံုေခ်ာင္းထဲ၌ တရားမ၀င္ ေရႊတူးေဖာ္ရန္ ျပင္ဆင္ထားရွိသည့္ ေရႊေဖာင္ေပၚမွ ပိုင္ရွင္မဲ့ စက္ပစၥည္းႏွင့္ ဆက္စပ္ပစၥည္းမ်ားကို ေတြ႕ရွိရာ သက္ေသမ်ားေရွ႕၌ ရွာေဖြပံုစံျဖင့္ သိမ္းဆည္းၿပီး၊ သိမ္းဆည္းရမိသည့္ စက္ပစၥည္းမ်ားအား ၿမိဳ႕နယ္စီမံခန္႔ခြဲမႈေကာ္မတီသို႔ တင္ျပရန္ ဆက္လက္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ေရွာလမြန္
*********

မိုင်းဖြတ်၊ ဇူလိုင်(၂)
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့တွင် တရားမဝင် ရွှေတူးဖော်လုပ်ကိုင်သူနှင့် ရွှေတူးဖော်ရန် ပြင်ဆင်ထားသည့် စက်ပစ္စည်းများကို ဖမ်းဆီး သိမ်းဆည်းရမိကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင်၊ စခန်းမှူး ဒုရဲမှူး ခင်မောင်ဌေး နှင့် ရဲတပ်ဖွဲ့ဝင်များ အပါအဝင် သက်ဆိုင်ရာပူးပေါင်းအဖွဲ့တို့မှ ဇူလိုင်လ(၁)ရက်နေ့ ညနေ(၄)နာရီခွဲဝန်းကျင်က နမ့်လုံချောင်းအတွင်း တရားမဝင်ရွှေတူးဖော်မှုများ လုပ်နေကြောင်း သတင်းရရှိ၍ သွားရောက် စစ်ဆေးရာမှ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

သက်ဆိုင်ရာမှ သွားရောက်ရှာဖွေ စစ်ဆေးတွေ့ရှိရာတွင် ဝမ်လုံးကျေးရွာအုပ်စု၊ နမ့်ခမ်းတောင်ကျေးရွာဘေးရှိ ရေချောင်းထဲတွင် တရားမဝင် ရွှေတူးဖော်လုပ်ကိုင်နေသော မောင်အာလီမာအား တွေ့ရှိ၍ ဖမ်းဆီးပြီး စက်ပစ္စည်းများကို သိမ်းဆည်းကာ မိုင်းဖြတ်မြို့မရဲစခန်းတွင် (ပ)၈/၂၀၁၆၊ သတ္တုတွင်းဥပဒေပုဒ်မ ၃၀(ခ)အရ အမှုဖွင့်လှစ်ဆောင်ရွက်ထားလိုက်ကြောင်း သိရသည်။

ဆက်လက်၍ အဆိုပါ ပူးပေါင်းအဖွဲ့သည် နမ့်လုံချောင်း အနီးတစ်ဝိုက်တွင် ဆက်လက်ရှာဖွေရာ နမ့်လုံချောင်းထဲ၌ တရားမဝင် ရွှေတူးဖော်ရန် ပြင်ဆင်ထားရှိသည့် ရွှေဖောင်ပေါ်မှ ပိုင်ရှင်မဲ့ စက်ပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို တွေ့ရှိရာ သက်သေများရှေ့၌ ရှာဖွေပုံစံဖြင့် သိမ်းဆည်းပြီး၊ သိမ်းဆည်းရမိသည့် စက်ပစ္စည်းများအား မြို့နယ်စီမံခန့်ခွဲမှုကော်မတီသို့ တင်ပြရန် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း။ ရှောလမွန်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~