ရှမ်းပြည်နယ်အတွင်း စီမံကိန်းအားလုံး လူထုသဘောထားအပေါ် မူတည်

ရှမ်းပြည်နယ်အတွင်း စီမံကိန်းအားလုံး လူထုသဘောထားအပေါ် မူတည်
ဇူလိုငျ 17, 2016
By Tachileik News Agency

ရှမ်းပြည်နယ်အတွင်း လက်ရှိလုပ်ကိုင်နေသော စီမံကိန်းများအား ပြည်သူ့ဆန္ဒ မပါဝင်ပါက ရပ်ဆိုင်းသွားမည်ဖြစ်ပြီး ပြည်သူလူထု အနေဖြင့် ကန့်ကွက်ကြောင်း တင်ပြနိုင်သည်ဟု ရှမ်းပြည်နယ် အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။



ဒေသခံပြည်သူများက ရှမ်းပြည်နယ်အတွင်း သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေအားလျှပ်စစ် စီမံကိန်း (၄)ခုနှင့် သတ္တုတူးဖေါ်ရေးလုပ်ငန်း အများအပြားကို ကန့်ကွက်နေကြခြင်းဖြစ်သည်။

ရှမ်ပြည်နယ်အတွင်း သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းများမှာ ရှမ်းပြည်နယ် မြောက်ပိုင်း ကွမ်းလုံမြို့နယ်၊ ဟိုလီကျေးရွာ အထက်ပိုင်းတွင် မဂ္ဂါဝပ် (၁,၄၀၀) ကွမ်းလုံရေကာတာ၊ လားရှိုးမြို့ အရှေ့ဘက် တန့်ယန်းမြို့နယ် တာဆန်းလျှံကျေးရွာ အနီးတွင် မဂ္ဂါဝပ် (၁,၀၀၀)  နောင်ဖာ ရေကာတာ၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ အရှေ့ မိုင်းမောမြို့နယ် မန်းတောင်ရွာအနားရှိ မဂ္ဂါဝပ် (၂၀၀) ထုတ်လုပ်မည့် မန်တောင်ရေကာတာ၊ တောင်ကြီးမြို့ အရှေ့ဘက် မိုင်းပန်မြို့နယ်နှင့် မိုင်းတုံ မြို့နယ်အကြား မဂ္ဂါဝပ် (၇,၁၁၀) ထုတ်လုပ်မယ့် တာဆန်းခေါ် မိုင်းတုံရေကာတာ စီမံကိန်းများ လုပ်ဆောင်နေခြင်းဖြစ်သည်။

သတင်း။  ။ ကိုဇက်

....................

ရှမ်းပြည်နယ်အတွင်း လက်ရှိလုပ်ကိုင်နေသော စီမံကိန်းများအား ပြည်သူ့ဆန္ဒ မပါဝင်ပါက ရပ်ဆိုင်းသွားမည်ဖြစ်ပြီး ပြည်သူလူထု အနဖြေင့် ကန့်ကွက်ကြောင်း တင်ပြနိုင်သည်ဟု ရှမ်းပြည်နယ် အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။

"ကျွန်တော်အနေနဲ့ အဓိက ပြည်သူ့ဆန္ဒမပါဘဲ စာရွက်စာတမ်း အထောက်အထားတွေ၊ သဘာဝ ပတ်ဝန်းကျင် အစီရင်ခံစာတွေ၊ EIA/SIA အစီရင်ခံစာတွေ ပြည့်စုံရုံနဲ့ ရှိနေရုံနဲ့ မရဘူး။ ပြည်သူတွေကို ဒီနေရာမှာ စီမံကိန်းလုပ်မယ်။ ဒါတွေကို ကန့်ကွက်ချင်ရင် ကန့်ကွက်နိုင်တယ်။ ပြည်သူတွေကိုလည်း ပွင့်ပွင့်လင်းလင်း မေးရမယ်။ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ကန့်ကွက်တာရှိရင် ကျွန်တော်တို့ ခွင့်ပြုမှာ မဟုတ်ပါဘူး"ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ရှမ်းပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်က ပြောသည်။

ရှမ်းပြည်နယ်အတွင်း လက်ရှိလုပ်ကိုင်နေသော သတ္တုတူးဖော်ရေးလုပ်ငန်းများ အပါအဝင် သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေအားလျှပ်စစ် စီမံကိန်းများကိုလည်း လူထုသဘောထား ဆန္ဒအပေါ် မူတည်ကာ ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ဒေသခံပြည်သူများက ရှမ်းပြည်နယ်အတွင်း သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေအားလျှပ်စစ် စီမံကိန်း (၄)ခုနှင့် သတ္တုတူးဖော်ရေးလုပ်ငန်း အများအပြားကို ကန့်ကွက်နကြခြေင်းဖြစ်သည်။

ရှမ်ပြည်နယ်အတွင်း သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းများမှာ ရှမ်းပြည်နယ် မြောက်ပိုင်း ကွမ်းလုံမြို့နယ်၊ ဟိုလီကျေးရွာ အထက်ပိုင်းတွင် မဂ္ဂါဝပ် (၁,၄၀၀) ကွမ်းလုံရေကာတာ၊ လားရှိုးမြို့ အရှေ့ဘက် တန့်ယန်းမြို့နယ် တာဆန်းလျှံကျေးရွာ အနီးတွင် မဂ္ဂါဝပ် (၁,ဝဝဝ) နောင်ဖာ ရေကာတာ၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ အရှေ့ မိုင်းမောမြို့နယ် မန်းတောင်ရွာအနားရှိ မဂ္ဂါဝပ် (၂၀၀) ထုတ်လုပ်မည့် မန်တောင်ရေကာတာ၊ တောင်ကြီးမြို့ အရှေ့ဘက် မိုင်းပန်မြို့နယ်နှင့် မိုင်းတုံ မြို့နယ်အကြား မဂ္ဂါဝပ် (၇,၁၁၀) ထုတ်လုပ်မယ့် တာဆန်းခေါ် မိုင်းတုံရေကာတာ စီမံကိန်းများ လုပ်ဆောင်နခြေင်းဖြစ်သည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~