ယာဉ်/လမ်း စည်းကမ်း မလိုက်နာသည့် ဝန်ကြီး၏ ယာဉ်မောင်းအား အရေးယူပေးရန် စီးပွားရေးနှင့် စီမံကိန်းဝန်ကြီးက ယာဉ်ထိန်းတပ်ဖွဲ့ကို ညွှန်ကြား

ယာဉ်/လမ်း စည်းကမ်း မလိုက်နာသည့် ဝန်ကြီး၏ ယာဉ်မောင်းအား အရေးယူပေးရန် စီးပွားရေးနှင့် စီမံကိန်းဝန်ကြီးက ယာဉ်ထိန်းတပ်ဖွဲ့ကို ညွှန်ကြား
ဇူလိုငျ 22, 2016
By Tachileik News Agency

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး၏ မော်တော်ယာဉ်ကို မောင်းသည့် ယာဉ်မောင်းမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု မရှိကြောင်း ဝေဖန်သံများထွက်ပေါ်လာသဖြင့် တောင်ကြီးမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့အား အရေးယူပေးရန် ရှမ်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးနှင့် စီမံကိန်းဝန်ကြီး၏ ညွှန်ကြားမှုဖြင့် အရေးယူလိုက်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးဆွေသိန်း၏ မော်တော်ယာဉ်မောင်း ကိုကျော်မျိုးသူမှာ ဇူလိုင်လ (၂၂)ရက်နေ့က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန တံဆိပ်ကပ်ထားသည့် ယာဉ်ဖြင့် တောင်ကြီးမြို့မဈေးရှေ့ မျဉ်း ဖြူ/နီကြားပလက်ဖောင်းဘေး ယာဉ်မရပ်ရနေရာတွင် ရပ်တန့်၍ သွားတိုက်ဆေး သွားရောက်ဝယ်ယူရာမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းချိုးဖေါက်သဖြင့် ဝေဖန်မှုများ ထွက်ပေါ်လာရာမှ အရေးယူရန် ညွှန်ကြားလိုက်ခြင်းဖြစ်ကြောင်း သိရသည်။



သတင်း -  ကိုဇက်
.............................

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး၏ မော်တော်ယာဉ်ကို မောင်းသည့် ယာဉ်မောင်းမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု မရှိကြောင်းေဝဖန်သံများထွက်ပေါ်လာသဖြင့် တောင်ကြီးမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့အား အရေးယူပေးရန် ရှမ်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးနှင့် စီမံကိန်းဝန်ကြီး၏ ညွှန်ကြားမှုဖြင့် အရေးယူလိုက်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးဆွေသိန်း၏ မော်တော်ယာဉ်မောင်း ကိုကျော်မျိုးသူမှာ ဇူလိုင်လ (၂၂)ရက်နေ့က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန တံဆိပ်ကပ်ထားသည့် ယာဉ်ဖြင့် တောင်ကြီးမြို့မဈေးရှေ့ မျဉ်း ဖြူ/နီကြားပလက်ဖောင်းဘေး ယာဉ်မရပ်ရနေရာတွင် ရပ်တန့်၍ သွားတိုက်ဆေး သွားရောက်ဝယ်ယူရာမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းချိုးဖောက်သဖြင့်ေဝဖန်မှုများ ထွက်ပေါ်လာရာမှ အရေးယူရန် ညွှန်ကြားလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော့်အနေနဲ့ ဖုန်းဆက်မေးပြီး သေချာသွားလို့ သက်ဆိုင်ရာကို အရေးယူပေးပါလို့ ဆိုပြီး ညွှန်ကြားပြီး အခုအရေးယူဆောင်ရွက်ပြီးပါကြောင်း လေးစားစွာဖြင့် ရှမ်းလူထုကြီးကို အသိပေး ရှင်းပြလိုက်ရပါတယ်"ဟု ရှမ်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးနှင့် စီမံကိန်းဝန်ကြီး ဦးစိုးညွှန့်လွင်၏ ဖေ့ဘုတ်စာမျက်နှာတွင် ရေးသားဖော်ပြထားကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် စည်းကမ်းလိုက်နာရေးအတွက် တောင်ကြီးမြို့အား ကနဦးအကောင်အထည်ဖော်သည့်ဒေသအဖြစ် ဇူလိုင်လအတွင်းက စတင်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သတင်း - ကိုဇက်
ဓာတ်ပုံ - ဦးစိုးညွှန့်လွင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~