အရက်မူးပြီး ဆဲဆိုနေတဲ့သူကို မယားညီအစ်ကိုဖြစ်သူက ရိုက်လိုက်ရာမှ လူသတ်မှုဖြစ်ပွား

အရက်မူးပြီး ဆဲဆိုနေတဲ့သူကို မယားညီအစ်ကိုဖြစ်သူက ရိုက်လိုက်ရာမှ လူသတ်မှုဖြစ်ပွား
ဇူလိုငျ 4, 2016
By Tachileik News Agency

ဝမ်းတွင်း၊ ဇူလိုင်လ(၄)

အသက် (၄၆)နှစ်အရွယ် ဦးဇော်လွင်သည် ဇူလိုင်လ (၂) ရက်က အရက်သောက်လာပြီး နေအိမ်ရှေ့ ပက်လက် ကုလားထိုင်တွင် ထိုင်နေပြီး လူယုတ်မာတွေ လူယုတ်မာတွေဟု အော်ဟစ်ပြောဆိုနေသည်ကို အိမ်ဝိုင်းတစ်ခုထဲတွင်နေသည့် မယားညီအစ်ကိုတော်စပ်သူက သစ်သားလွန်းတံဖြင့် ဦးခေါင်းအား ရိုက်သဖြင့် ဒဏ်ရာရသွားရာ ဝမ်းတွင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်ရခြင်းဖြစ်ကြောင်း သိရသည်။



သတင်း။  ။ ကိုလင်း
...............

ဝမ်းတွင်း၊ ဇူလိုင်လ(၄)
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ထီးလှိုင်အနောက်ကျေးရွာအုပ်စု ရွှေတွင်းတူးဆည်ရွာတွင် အရက်သောက်ပြီး ဆဲဆိုနေသူအား ဦးခေါင်းကို ရိုက်လိုက်ရာမှ သေဆုံးသွားကြောင်း သိရသည်။

အသက် (၄၆)နှစ်အရွယ် ဦးဇော်လွင်သည် ဇူလိုင်လ (၂) ရက်က အရက်သောက်လာပြီး နေအိမ်ရှေ့ ပက်လက် ကုလားထိုင်တွင် ထိုင်နပြေီး လူယုတ်မာတွေ လူယုတ်မာတွေဟု အော်ဟစ်ပြောဆိုနေသည်ကို အိမ်ဝိုင်းတစ်ခုထဲတွင်နေသည့် မယားညီအစ်ကိုတော်စပ်သူက သစ်သားလွန်းတံဖြင့် ဦးခေါင်းအား ရိုက်သဖြင့် ဒဏ်ရာရသွားရာ ဝမ်းတွင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ဝမ်းတွင်းဆေးရုံမှ မန္တလေးပြည်သူ့ဆေးရုံသို့ လွှဲပြောင်းကုသစေရာ ည (၉)နာရီကျော်တွင် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရိုက်နှက်သူဖြစ်သည့် အသက် (၃၃)နှစ်အရွယ် မျိုးကျော်အား ဝမ်းတွင်းမြို့မရဲစခန်းတွင် (ပ)၁၂၂/၂၀၁၆ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း။ ကိုလင်း

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~