မိုင္းတံု၌ ရွမ္းျပည္နယ္၀န္ႀကီးခ်ဳပ္အဖြဲ႔ႏွင့္ လူထုေတြ႕ဆံု

မိုင္းတံု၌ ရွမ္းျပည္နယ္၀န္ႀကီးခ်ဳပ္အဖြဲ႔ႏွင့္ လူထုေတြ႕ဆံု
ဇူလိုင် 26, 2016
By Tachileik News Agency
ရွွမ္းျပည္နယ္အေရွ႕ပိုင္း မိုင္းတံုၿမိဳ႕တြင္ ႐ွမ္းျပည္နယ္အစိုးရအဖြဲ႔မွ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ ျပည္နယ္ဝန္ႀကီး (၄)ဦးပါဝင္သည့္ အစိုးရအဖြဲ႕က ဇူလိုင္လ ( ၂၅ ) ရက္တြင္ ေဒသခံလူထုႏွင့္ေတြ႔ဆံုၿပီး ေက်းရြာ (၅)ရြာအတြက္ ျမစိမ္းေရာင္ေခ်းေငြမ်ား ေပးအပ္ေၾကာင္း သိရသည္။
ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္ဝန္ႀကီးမ်ားျဖစ္သည့္ လုံၿခံဳေရးႏွင့္ နယ္စပ္ေရးရာ၀န္ႀကီး ဗိုလ္မွဴးႀကီးစိုးမိုးေအာင္၊ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရး၀န္ႀကီး ဦးစိုင္းလုံေက်ာ္၊ လမ္းပန္းဆက္သြယ္ေရး၀န္ႀကီး ဦးခြန္ရဲေထြး၊ စည္ပင္သာယာေရး၀န္ႀကီး ဦးစိုင္းစြံဆိုင္းတို႔နွင့္အတူ  ျပည္နယ္အစိုးရအဖြဲ႕ အတြင္းေရးမွဴး ဦးစိုးစိုးေဇာ္တို႔သည္ နံနက္ (၉)နာရီ (၃၀)မိနစ္တြင္ ဌာနဆိုင္ရာတာဝန္ရိွသူမ်ား၊ ရပ္မိရပ္ဖမ်ား၊ ေဒသခံလူထု၊ ႏိုင္ငံေရးပါတီမ်ားမွ အလုပ္အမႈေဆာင္ အဖြဲ႔မ်ားႏွင့္ ေတြ႔ဆံုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ လူထုေတြ႔ဆံုပြဲတြင္ အစိုးရအဖြဲ႔၏ တာဝန္ႏွင့္ လုပ္ငန္းစဥ္မ်ားကို ႐ွင္းလင္းေျပာၾကားၿပီး လူထုတင္ျပခ်က္မ်ားကို ျပန္လည္ ေဆြးေႏြးၾကေၾကာင္း သိရသည္။
ယင္းေနာက္ တာကြမ္ေက်းရြာ၊ ေဟြေအာေက်းရြာ၊ ေဟြပါဆတ္ေက်းရြာ၊ ပါခတ္ေက်းရြာႏွင့္ စမ္းသီတာ ေက်းရြာမ်ားအတြက္ ျမစိမ္းေရာင္ေခ်းေငြ က်ပ္သိန္း (၃၀၀)စီကို သက္ဆိုင္ရာ ရပ္/ေက်း အုပ္ခ်ဳပ္ေရးမွဴးမ်ားကို ေပးအပ္လုိက္ေၾကာင္း သိရသည္။
သတင္း/ဓာတ္ပံု - ေအာင္ဝင္းေဌး(NLD)
..................
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီး (၄)ဦးပါဝင်သည့် အစိုးရအဖွဲ့က ဇူလိုင်လ ( ၂၅ ) ရက်တွင် ဒေသခံလူထုနှင့်တွေ့ဆုံပြီး ကျေးရွာ (၅)ရွာအတွက် မြစိမ်းရောင်ချေးငွေများ ပေးအပ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများဖြစ်သည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိုးမိုးအောင်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းလုံကျော်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းတို့နှင့်အတူ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်တို့သည် နံနက် (၉)နာရီ (၃၀)မိနစ်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဒေသခံလူထု၊ နိုင်ငံရေးပါတီများမှ အလုပ်အမှုဆောင် အဖွဲ့များနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ လူထုတွေ့ဆုံပွဲတွင် အစိုးရအဖွဲ့၏ တာဝန်နှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး လူထုတင်ပြချက်များကို ပြန်လည် ဆွေးနွေးကြကြောင်း သိရသည်။
ယင်းနောက် တာကွမ်ကျေးရွာ၊ ဟွေအောကျေးရွာ၊ ဟွေပါဆတ်ကျေးရွာ၊ ပါခတ်ကျေးရွာနှင့် စမ်းသီတာ ကျေးရွာများအတွက် မြစိမ်းရောင်ချေးငွေ ကျပ်သိန်း (၃၀၀)စီကို သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို ပေးအပ်လိုက်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - အောင်ဝင်းဌေး(NLD)
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~