လိုင္စင္မဲ့မ်ား ဖမ္းဆီးမည့္ သတင္းေၾကာင့္ က်ိဳင္းတံုတြင္ လိုင္စင္ပါသည့္ ဆိုင္ကယ္မ်ား အေရာင္းသြက္

လိုင္စင္မဲ့မ်ား ဖမ္းဆီးမည့္ သတင္းေၾကာင့္ က်ိဳင္းတံုတြင္ လိုင္စင္ပါသည့္ ဆိုင္ကယ္မ်ား အေရာင္းသြက္
ဇူလိုင် 27, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ က်ိဳင္းတံုၿမိဳ႕တြင္ လိုင္စင္မဲ့ဆိုင္ကယ္မ်ား ဖမ္းဆီးမည့္ သတင္းေၾကာင့္ လိုင္စင္ပါသည့္ ဆိုင္ကယ္မ်ား ေရာင္းအားေကာင္းလာေၾကာင္း က်ိဳင္းတံုရွိ ဆိုင္ကယ္အေရာင္းျပခန္းမ်ားမွ သိရသည္။

"အခုတစ္ေလာ က်ိဳင္းတံုမွာ လူေျပာမ်ားေနၾကတဲ့ လိုင္စင္မဲ့ဆိုင္ကယ္ေတြ ဖမ္းမယ္ဆိုတဲ့ သတင္းေတြေၾကာင့္ ကြၽန္ေတာ္တို႔ဆီက လိုင္စင္ပါတဲ့ ဆိုင္ကယ္ေတြ ေရာင္းအားေကာင္းလာပါတယ္။ အခုဆိုရင္ တစ္ရက္ကို အနည္းဆုံး ႏွစ္စီးေတာ့ ေရာင္းထြက္ပါတယ္။" ဟု က်ဳိင္းတံုရွိ HONDA SHOW ROOM မွ ကိုသန္းႏိုင္က ေျပာသည္။

က်ိဳင္းတံုၿမိဳ႕ရိွ ဆိုင္ကယ္အေရာင္းျပခန္းမ်ားမွာ သႀကၤန္ကာလၿပီးသည့္ အခ်ိန္မွစ၍ ဆိုင္ကယ္ေရာင္းအား က်ဆင္းလာခဲ့ရာမွ ဇူလိုင္လအတြင္း ေရာင္းအားျပန္တက္လာျခင္းျဖစ္ေၾကာင္း သိရသည္။

က်ိဳင္းတံုၿမိဳ႕တြင္ လက္ရိွတြင္ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္မ်ား ဖမ္းဆီးေရး ပညာေပးကာလအျဖစ္ သတ္မွတ္ထားျခင္း ျဖစ္ၿပီး ၾသဂုတ္လ (၁၅) ရက္မွ စတင္ကာ လုိင္စင္မဲ့ယာဥ္မ်ားအား ဖမ္းဆီး အေရးယူေတာ့ မည္ျဖစ္သည့္အတြက္ ဆုိင္ကယ္ပြဲစားတန္း ေစ်းကြက္တြင္ အေရာင္းေအးေနေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔ ပြဲစားတန္းမွာေတာ့ ဆိုင္ကယ္အေရာင္းအဝယ္က အရင္အတိုင္းပဲ အေရာင္းအဝယ္ မျဖစ္ပါဘူး။ (၁၅)ရက္ေနမွ တစ္စီးေလာက္ပဲ ေရာင္းရပါတယ္။ အခုလိုျဖစ္ေနတာက လိုင္စင္မဲ႔ ဆိုင္ကယ္ေတြ ဖမ္းမယ္ဆိုတဲ့ သတင္းေတြေၾကာင္႔လည္း ပါပါတယ္။ ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ္တို႔ဆီကို ဆုိင္ကယ္လာရွာတဲ့ လူေတြက လူလတ္တန္းစားေတြပဲ ျဖစ္တဲ႔အတြက္ လိုင္စင္ပါတဲ႔ ဆုိင္ကယ္ေတြ မဝယ္ႏိုင္ၾကပါဘူး။ လိုင္စင္မဲ့ေတြကိုပဲ အေရာင္းအဝယ္ လုပ္ေနၾကရတာပါ။"ဟု ဆိုင္ကယ္ပြဲစား တစ္ဦးျဖစ္သူ ကိုညီက ေျပာသည္။

ဆိုင္ကယ္ပြဲစားတန္းမ်ားတြင္ ေမလမွစတင္ကာ ဆို္င္ကယ္ေရာင္းအား က်ဆင္းေနျခင္းေၾကာင့္ အခ်ိဳ ့ ပြဲစားမ်ားမွာ အျခားေသာ လုပ္ငန္းမ်ားကို ေျပာင္းလဲလုပ္ကိုင္လာၾကျခင္းျဖစ္ၿပီး လက္ရိွဆိုင္ကယ္ပြဲစားမ်ား အေနျဖင့္လည္း နယ္စပ္မွ ဆိုင္ကယ္မ်ားကို တရားဝင္ တင္သြင္းေရာင္းခ်ႏို္င္ရန္လည္း မတတ္ႏုိင္သျဖင့္ အခက္ေတြ႔ေနၾကေၾကာင္း သိရသည္။

လက္ရိွတြင္ ေစ်းကြက္အတြင္း အေရာင္း အဝယ္ျဖစ္ေနေသာ ဆိုင္ကယ္မ်ားမွာ HONDA WAVE (100) လိုင္စင္အပါအဝင္ က်ပ္ (၁,၀၉၀,၀၀၀)၊ ၂၀၁၆ ခုႏွစ္ထုတ္ HONDA CLICK ဆိုင္ကယ္ လို္င္စင္အပါအဝင္ က်ပ္ (၂,၁၄၅,၀၀၀) ရိွေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္
..................

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ ကျိုင်းတုံမြို့တွင် လိုင်စင်မဲ့ဆိုင်ကယ်များ ဖမ်းဆီးမည့် သတင်းကြောင့် လိုင်စင်ပါသည့် ဆိုင်ကယ်များ ရောင်းအားကောင်းလာကြောင်း ကျိုင်းတုံရှိ ဆိုင်ကယ်အရောင်းပြခန်းများမှ သိရသည်။

"အခုတစ်လော ကျိုင်းတုံမှာ လူပြောများနကြေတဲ့ လိုင်စင်မဲ့ဆိုင်ကယ်တွေ ဖမ်းမယ်ဆိုတဲ့ သတင်းတွေကြောင့် ကျွန်တော်တို့ဆီက လိုင်စင်ပါတဲ့ ဆိုင်ကယ်တွေ ရောင်းအားကောင်းလာပါတယ်။ အခုဆိုရင် တစ်ရက်ကို အနည်းဆုံး နှစ်စီးတော့ ရောင်းထွက်ပါတယ်။" ဟု ကျိုင်းတုံရှိ HONDA SHOW ROOM မှ ကိုသန်းနိုင်က ပြောသည်။

ကျိုင်းတုံမြို့ရှိ ဆိုင်ကယ်အရောင်းပြခန်းများမှာ သင်္ကြန်ကာလပြီးသည့် အချိန်မှစ၍ ဆိုင်ကယ်ရောင်းအား ကျဆင်းလာခဲ့ရာမှ ဇူလိုင်လအတွင်း ရောင်းအားပြန်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့တွင် လက်ရှိတွင် လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးရေး ပညာပေးကာလအဖြစ် သတ်မှတ်ထားခြင်း ဖြစ်ပြီး သြဂုတ်လ (၁၅) ရက်မှ စတင်ကာ လိုင်စင်မဲ့ယာဉ်များအား ဖမ်းဆီး အရေးယူတော့ မည်ဖြစ်သည့်အတွက် ဆိုင်ကယ်ပွဲစားတန်း ဈေးကွက်တွင် အရောင်းအေးနေကြောင်း သိရသည်။

"ကျွန်တော်တို့ ပွဲစားတန်းမှာတော့ ဆိုင်ကယ်အရောင်းအဝယ်က အရင်အတိုင်းပဲ အရောင်းအဝယ် မဖြစ်ပါဘူး။ (၁၅)ရက်နေမှ တစ်စီးလောက်ပဲ ရောင်းရပါတယ်။ အခုလိုဖြစ်နေတာက လိုင်စင်မဲ့ ဆိုင်ကယ်တွေ ဖမ်းမယ်ဆိုတဲ့ သတင်းတွေကြောင့်လည်း ပါပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဆီကို ဆိုင်ကယ်လာရှာတဲ့ လူတွေက လူလတ်တန်းစားတွေပဲ ဖြစ်တဲ့အတွက် လိုင်စင်ပါတဲ့ ဆိုင်ကယ်တွေ မဝယ်နိုင်ကြပါဘူး။ လိုင်စင်မဲ့တွေကိုပဲ အရောင်းအဝယ် လုပ်နကြေရတာပါ။"ဟု ဆိုင်ကယ်ပွဲစား တစ်ဦးဖြစ်သူ ကိုညီက ပြောသည်။

ဆိုင်ကယ်ပွဲစားတန်းများတွင် မေလမှစတင်ကာ ဆို်င်ကယ်ရောင်းအား ကျဆင်းနခြေင်းကြောင့် အချို့ ပွဲစားများမှာ အခြားသော လုပ်ငန်းများကို ပြောင်းလဲလုပ်ကိုင်လာကြခြင်းဖြစ်ပြီး လက်ရှိဆိုင်ကယ်ပွဲစားများ အနဖြေင့်လည်း နယ်စပ်မှ ဆိုင်ကယ်များကို တရားဝင် တင်သွင်းရောင်းချနို်င်ရန်လည်း မတတ်နိုင်သဖြင့် အခက်တွေ့နကြေကြောင်း သိရသည်။

လက်ရှိတွင် ဈေးကွက်အတွင်း အရောင်း အဝယ်ဖြစ်နေသော ဆိုင်ကယ်များမှာ HONDA WAVE (100) လိုင်စင်အပါအဝင် ကျပ် (၁,ဝ၉၀,ဝဝဝ)၊ ၂၀၁၆ ခုနှစ်ထုတ် HONDA CLICK ဆိုင်ကယ် လို်င်စင်အပါအဝင် ကျပ် (၂,၁၄၅,ဝဝဝ) ရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~