တာခ်ီလိတ္ခရိုင္အတြင္းရွိ ေထြ/အုပ္ ၀န္ထမ္းမ်ားအား လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္ အသံုးမျပဳရန္ ညႊန္ၾကားထား

တာခ်ီလိတ္ခရိုင္အတြင္းရွိ ေထြ/အုပ္ ၀န္ထမ္းမ်ားအား လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္ အသံုးမျပဳရန္ ညႊန္ၾကားထား
ဇူလိုင် 24, 2016
By Tachileik News Agency

တာခ်ီလိတ္ခရိုင္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ခရုိင္/ၿမိဳ႕နယ္/ရပ္ကြက္ေက်းရြာမ်ားရွိ ေထြ/အုပ္ ၀န္ထမ္းမ်ားအားလံုးကို လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္ အသံုးမျပဳရန္ႏွင့္ ေမာ္ေတာ္ယာဥ္ ဥပေဒ၊ နည္းဥပေဒ ျပဌာန္းခ်က္ပါ စည္းကမ္းမ်ားကို စနစ္တက် လိုက္နာ ေဆာင္ရြက္သြားရန္ ဇူလိုင္(၂၂)ရက္ေန႔က စတင္ညႊန္ၾကားထားၿပီးျဖစ္ေၾကာင္း သိရသည္။

"ညႊန္ၾကားခ်က္ကေတာ့ မေန႔က၀င္တယ္။ အဓိကေတာ့ ၀န္ထမ္းေတြအားလံုး လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္ ၊ ေမာ္ေတာ္ဆိုင္ကယ္ မစီးဖို႔ပါ။ အရင္က ၁၉၆၄ ခုႏွစ္ ေမာ္ေတာ္ယာဥ္ဥေဒအရေတာ့ ရံုးတြင္း အက်ဥ္းနည္းနဲ႔ စစ္ေဆးၿပီး ေငြဒဏ္ေဆာင္ႏိုင္ေပမဲ့ အခု ၂၀၁၅ ခုုႏွစ္ေမာ္ေတာ္ယာဥ္ဥပေဒအရေတာ့ ေငြဒဏ္ေရာ ေထာင္ဒဏ္ေရာခ်မွတ္ႏိုင္ၿပီး ရဲအေရးယူႏိုင္တဲ့ အမႈျဖစ္တဲ့အတြက္ စီးနင္းျခင္းမျပဳဖို႔ ညႊန္ၾကားထားတာပါ"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ ၀မ္ေကာင္းရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းထြန္း၀င္းက ေျပာသည္။

လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္ႏွင့္ ဆိုင္ကယ္မ်ားစီးနင္းျခင္းအား ဥပေဒအရ အေရးယူပါက ၂၀၁၅ ခုႏွစ္ ေမာ္ေတာ္ယာဥ္ဥပေဒအျပင္ ပို႔ကုန္သြင္းကုန္ ဥပေဒႏွင့္ပါ အေရးယူေဆာင္ရြက္ႏိုင္သျဖင့္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ၀န္ထမ္းမ်ားအေနႏွင့္ ေမာ္ေတာ္ယာဥ္ဥပေဒ၊ နည္းဥပေဒပါ ျပဌာန္းခ်က္မ်ားအား စနစ္တက်လိုက္နာေဆာင္ရြက္သြားရန္ ညႊန္ၾကားထားျခင္းျဖစ္ေၾကာင္း သိရသည္။

"အဓိကေတာ့ ၀န္ထမ္းေတြကို အရင္ဆံုးဥပေဒျပဌာန္းခ်က္နဲ႔အညီ ေမာ္ေတာ္ယာဥ္စီးနင္းဖို႔ တျခားဌာနေတြကိုေတာ့ သက္ဆိုင္ရာ ဦးစီးဌာနအလိုက္ စီးနင္းျခင္းမျပဳဘူးဆိုတဲ့ လက္မွတ္ထိုးတာေတြ ဘာေတြရွိပါတယ္။ အခုပထမအဆင့္အေနနဲ႔ ၀န္ထမ္းေတြကို ညႊန္ၾကားထားတာပါ"ဟု အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ၀န္ထမ္းတစ္ဦးက ေျပာသည္။

ညႊန္ၾကားခ်က္အတြင္း ၀န္ထမ္းမ်ားအား လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္စီးနင္းျခင္းႏွင့္ပတ္သက္၍ ေမာ္ေတာ္ယာဥ္ဥပေဒႏွင့္ နည္းဥပေဒျပဌာန္းခ်က္မ်ားအား သိရွိလိုက္နာသြားမည္ျဖစ္ေၾကာင္း ၂၀၁၅ ခုႏွစ္ ဒီဇင္ဘာ(၂၇)ရက္ေန႔ႏွင့္ ၂၀၁၆ ခုႏွစ္ ဇူလိုင္(၂၁)ရက္ေန႔မ်ားတြင္ လက္မွတ္ေရးထိုးေစခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

သတင္း - ကိုဇက္
.........................

တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်/မြို့နယ်/ရပ်ကွက်ကျေးရွာများရှိ ထွေ/အုပ် ဝန်ထမ်းများအားလုံးကို လိုင်စင်မဲ့မော်တော်ယာဉ် အသုံးမပြုရန်နှင့် မော်တော်ယာဉ် ဥပဒေ၊ နည်းဥပဒေ ပြဌာန်းချက်ပါ စည်းကမ်းများကို စနစ်တကျ လိုက်နာ ဆောင်ရွက်သွားရန် ဇူလိုင်(၂၂)ရက်နေ့က စတင်ညွှန်ကြားထားပြီးဖြစ်ကြောင်း သိရသည်။

"ညွှန်ကြားချက်ကတော့ မနေ့ကဝင်တယ်။ အဓိကတော့ ဝန်ထမ်းတွေအားလုံး လိုင်စင်မဲ့ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် မစီးဖို့ပါ။ အရင်က ၁၉၆၄ ခုနှစ် မော်တော်ယာဉ်ဥဒေအရတော့ ရုံးတွင်း အကျဉ်းနည်းနဲ့ စစ်ဆေးပြီး ငွေဒဏ်ဆောင်နိုင်ပေမဲ့ အခု ၂၀၁၅ ခုနှစ်မော်တော်ယာဉ်ဥပဒေအရတော့ ငွေဒဏ်ရော ထောင်ဒဏ်ရောချမှတ်နိုင်ပြီး ရဲအရေးယူနိုင်တဲ့ အမှုဖြစ်တဲ့အတွက် စီးနင်းခြင်းမပြုဖို့ ညွှန်ကြားထားတာပါ"ဟု တာချီလိတ်မြို့နယ် ဝမ်ကောင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ပြောသည်။

လိုင်စင်မဲ့မော်တော်ယာဉ်နှင့် ဆိုင်ကယ်များစီးနင်းခြင်းအား ဥပဒေအရ အရေးယူပါက ၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေအပြင် ပို့ကုန်သွင်းကုန် ဥပဒေနှင့်ပါ အရေးယူဆောင်ရွက်နိုင်သဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအနေနှင့် မော်တော်ယာဉ်ဥပဒေ၊ နည်းဥပဒေပါ ပြဌာန်းချက်များအား စနစ်တကျလိုက်နာဆောင်ရွက်သွားရန် ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။

"အဓိကတော့ ဝန်ထမ်းတွေကို အရင်ဆုံးဥပဒပြေဌာန်းချက်နဲ့အညီ မော်တော်ယာဉ်စီးနင်းဖို့ တခြားဌာနတွေကိုတော့ သက်ဆိုင်ရာ ဦးစီးဌာနအလိုက် စီးနင်းခြင်းမပြုဘူးဆိုတဲ့ လက်မှတ်ထိုးတာတွေ ဘာတွေရှိပါတယ်။ အခုပထမအဆင့်အနေနဲ့ ဝန်ထမ်းတွေကို ညွှန်ကြားထားတာပါ"ဟု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက ပြောသည်။

ညွှန်ကြားချက်အတွင်း ဝန်ထမ်းများအား လိုင်စင်မဲ့မော်တော်ယာဉ်စီးနင်းခြင်းနှင့်ပတ်သက်၍ မော်တော်ယာဉ်ဥပဒေနှင့် နည်းဥပဒပြေဌာန်းချက်များအား သိရှိလိုက်နာသွားမည်ဖြစ်ကြောင်း ၂၀၁၅ ခုနှစ် ဒီဇင်ဘာ(၂၇)ရက်နေ့နှင့် ၂၀၁၆ ခုနှစ် ဇူလိုင်(၂၁)ရက်နေ့များတွင် လက်မှတ်ရေးထိုးစေခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်း - ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~