မကွေးတိုင်း ရထားလမ်း တာဘောင်များကြောင့် ရေမကြီးစေရန် ကျပ်သန်း (၉၀၀) ပြည်ထောင်စု ရန်ပုံငွေမှ တောင်းခံမည်
မကွေးတိုင်း ရထားလမ်း တာဘောင်များကြောင့် ရေမကြီးစေရန် ကျပ်သန်း (၉၀၀) ပြည်ထောင်စု ရန်ပုံငွေမှ တောင်းခံမည်
ဇူလိုငျ 2, 2016
By Tachileik News Agency
မကွေး၊ ဇူလိုင်လ(၂)ရက်
မကွေးတိုင်းဒေသကြီး အတွင်းရှိ ရထားလမ်းနှင့် တံတားချဉ်းကပ်လမ်းများ တည်ဆောက်ရာတွင် တာဘောင်ကြီးများကဲ့သို့ ဖြစ်နေ၍ ရေကြီးရေလျှံမှုကို အားပေးသလိုဖြစ်နေသောကြောင့် ပြုပြင်ရန်အစီ အစဉ် ရှိ၊မရှိ မေးမြန်းချက်အပေါ် ဇွန်လ (၂၇)ရက်က ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် တိုင်းဒေသကြီး လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ၀န်ကြီးက  ပြန်လည် ဖြေကြားသွားခြင်းဖြစ်သည်။
၂၀၁၅ခုနှစ် ဇူလိုင် (၂၄)ရက်နေ့မှစ၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မကွေးတိုင်းဒေသကြီး အတွင်းရှိ ပွင့်ဖြူ၊ စကု၊ စေတုတ္တရာ မြို့နယ်များ အပါအဝင် မြို့နယ်(၁၁)မြို့နယ်၊ ကျေးရွာအုပ်စုပေါင်း(၁၉၂) အုပ်စု ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး ပွင့်ဖြူနှင့် စကုမြို့နယ်တို့တွင် ရထားချဉ်းကပ်လမ်းများမှာ တာဘောင်ကြီးများ သဖွယ်ဖြစ်၍ ရေတုတ်ကာ ရပ်ကွက်အသီးသီးမှာ အချိန်တိုအတွင်း ကြာမြင့်စွာ ရေနစ်မြုပ်ခံခဲ့ကြကြောင်း သိရှိရသည်။
သတင်း။  ။ ဖီးနစ်
...........
မကွေး၊ ဇူလိုင်လ(၂)ရက်
မကွေးတိုင်းဒေသကြီးအတွင်း ရထားလမ်းနှင့် တံတားချဉ်းကပ်လမ်းတာဘောင်များရှိ ရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရန် ပြည်ထောင်စုရန်ပုံငွေ ကျပ်သန်း (၉၀၀)ကျော် တောင်းခံသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ရထားချဉ်းကပ်လမ်းများအား လုံလောက်သော ရေစီးရေလာကောင်းမွန်ရေးအတွက် ရေထွက်ပေါက်များကို တိုးချဲ့ပြုပြင်နိုင်ရန် ပြည်ထောင်စုရန်ပုံငွေ ကျပ် သန်း(၉၀၀)ကျော်တောင်းခံ၍ ၂၀၁၇ -၂၀၁၈ ခုနှစ်တွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦတင်နွယ်ဦးထံမှ သိရသည်။
မကွေးတိုင်းဒေသကြီး အတွင်းရှိ ရထားလမ်းနှင့် တံတားချဉ်းကပ်လမ်းများ တည်ဆောက်ရာတွင် တာဘောင်ကြီးများကဲ့သို့ ဖြစ်နေ၍ ရကြေီးရေလျှံမှုကို အားပေးသလိုဖြစ်နေသောကြောင့် ပြုပြင်ရန်အစီ အစဉ် ရှိ၊မရှိ မေးမြန်းချက်အပေါ် ဇွန်လ (၂၇)ရက်က ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် တိုင်းဒေသကြီး လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးက ပြန်လည် ဖြကြေားသွားခြင်းဖြစ်သည်။
တိုင်းဒေသကြီးအတွင်း မုန်းချောင်းတံတား၊ မန်းချောင်းတံတား၊ မင်းတုန်းချောင်းတံတားချဉ်းကပ်လမ်းများ၊ စကု၊ ပွင့်ဖြူမြို့ မြို့ဦးမြို့ထိပ် ရထားလမ်းရေထွက်ပေါက်များအပြင် မင်းလှပန်းတော်ပြင်ချောင်း ချဉ်းကပ်ရေနှုတ်မြောင်းပေ (၂၅၀)ခန့်နှင့် ပွင့်ဖြူမုန်းချောင်း ချဉ်းကပ်လမ်းပြုပြင်နိုင်ရန်၊ မြေထိန်းနံရံ ပေ(၄၀၀၀) တည်ဆောက်ရန် အတွက်လည်း ပါဝင်မည်ဖြစ်ကြောင်း မေးခွန်းမေးမြန်းသူ လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်၏ ပြောကြားချက်အရ သိရှိရသည်။
“ပြီးခဲ့တဲ့နှစ်က ရကြေီးရေလျှံမှုဖြစ်စဉ်မှာ ရထားလမ်းနဲ့ တံတားချဉ်းကပ်လမ်းတွေ တည်ဆောက်ထားတာမှာ တာဘောင်ကြီးတွေလိုဖြစ်နပြေီး ရေထွက်ပေါက်ကကျဉ်လွန်းနေတာကြောင့် ရေကတုတ်ပြီး အချိန်တိုအတွင်း ရပ်ကွက်တွေထဲရေဝင်နစ်မြုပ်မှုတွေရှိခဲ့တယ်။ နောက်နောင် အဲဒီဖြစ်စဉ်မျိုး မဖြစ်ပွားစေဖို့အတွက် ဒီမေးခွန်းကို မေးမြန်းပေးတဲ့ ဦးနေမျိုးကျော်ကို ကျေးဇူးတင်ပါတယ်”လို့ ပွင့်ဖြူမြို့နယ်နေသူ ဦးစိန်နိုင်က ပြောသည်။
၂၀၁၅ခုနှစ် ဇူလိုင် (၂၄)ရက်နေ့မှစ၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မကွေးတိုင်းဒေသကြီး အတွင်းရှိ ပွင့်ဖြူ၊ စကု၊ စေတုတ္တရာ မြို့နယ်များ အပါအဝင် မြို့နယ်(၁၁)မြို့နယ်၊ ကျေးရွာအုပ်စုပေါင်း(၁၉၂) အုပ်စု ရကြေီးနစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး ပွင့်ဖြူနှင့် စကုမြို့နယ်တို့တွင် ရထားချဉ်းကပ်လမ်းများမှာ တာဘောင်ကြီးများ သဖွယ်ဖြစ်၍ ရေတုတ်ကာ ရပ်ကွက်အသီးသီးမှာ အချိန်တိုအတွင်း ကြာမြင့်စွာ ရေနစ်မြုပ်ခံခဲ့ကြကြောင်း သိရှိရသည်။
သတင်း။ ဖီးနစ်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~