မိုင္းျဖတ္၌ အမ်ဳိးသားတစ္ဦး ေနအိမ္တြင္ ႀကိဳးဆြဲခ်ေသဆံုး

မိုင္းျဖတ္၌ အမ်ဳိးသားတစ္ဦး ေနအိမ္တြင္ ႀကိဳးဆြဲခ်ေသဆံုး
ဇူလိုင် 5, 2016
By Tachileik News Agency

မိုင္းျဖတ္၊ ဇူလိုင္(၅)
ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ခ႐ိုင္ မိုင္းျဖတ္ၿမိဳ႕နယ္ ဟိုနား(ေစာမြန္)ေက်းရြာတြင္ ဇူလိုင္ (၅)ရက္ ညေနက အမ်ိဳးသားတစ္ဦး ေနအိမ္၌ ႀကိဳးဆြဲခ်ေသဆံုးသြားေၾကာင္း သတင္းရရိွသည္။

"ကြ်န္မက အိမ္ကိုသြားၿပီးၾကည့္တာ အသံမၾကားေတာ့ မီးဖိုေဆာင္ကိုသြားၾကည့္ေတာ့မွ ကြ်န္မသား ႀကိဳးတန္းလန္းနဲ႔ ေသဆံုးေနတာကိုေတြ႔တာပါပဲ။ လြန္ခဲ့တဲ့ (၂)ရက္ေလာက္က သူ႔မိန္းမနဲ႔ စကားမ်ားတာ ၾကားမိပါတယ္။ သူ႔မိန္းမလည္း အဲဒီေန႔ ကတည္းက အိမ္မွာမေတြ႔ဘူး" ဟု ေသဆံုးသူ၏ မိခင္ျဖစ္သူက ေျပာသည္။

ႀကိဳးဆြဲခ်ေသဆံုးေနသည့္ အသက္ (၃၅)ႏွစ္အရြယ္ စိုင္းလာေသဆံုးမႈႏွင့္ ပတ္သက္၍ မိုင္းျဖတ္ရဲစခန္းတြင္ ေသမႈေသခင္းအမွတ္ (၅/၂၀၁၆)ျဖင့္ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း။  ။ ကိုသာ
.....................

မိုင်းဖြတ်၊ ဇူလိုင်(၅)
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ် ဟိုနား(စောမွန်)ကျေးရွာတွင် ဇူလိုင် (၅)ရက် ညနေက အမျိုးသားတစ်ဦး နေအိမ်၌ ကြိုးဆွဲချသေဆုံးသွားကြောင်း သတင်းရရှိသည်။

"ကျွန်မက အိမ်ကိုသွားပြီးကြည့်တာ အသံမကြားတော့ မီးဖိုဆောင်ကိုသွားကြည့်တော့မှ ကျွန်မသား ကြိုးတန်းလန်းနဲ့ သေဆုံးနေတာကိုတွေ့တာပါပဲ။ လွန်ခဲ့တဲ့ (၂)ရက်လောက်က သူ့မိန်းမနဲ့ စကားများတာ ကြားမိပါတယ်။ သူ့မိန်းမလည်း အဲဒီနေ့ ကတည်းက အိမ်မှာမတွေ့ဘူး" ဟု သေဆုံးသူ၏ မိခင်ဖြစ်သူက ပြောသည်။

ကြိုးဆွဲချသေဆုံးနေသည့် အသက် (၃၅)နှစ်အရွယ် စိုင်းလာသေဆုံးမှုနှင့် ပတ်သက်၍ မိုင်းဖြတ်ရဲစခန်းတွင် သေမှုသေခင်းအမှတ် (၅/၂၀၁၆)ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း။ ကိုသာ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~