ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မုိင္းခတ္ေဒသအား EP ကတ္ျဖင့္ သြားလာခြင့္ျပဳရန္ ျပည္နယ္အစိုးရထံ တင္ျပ

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မုိင္းခတ္ေဒသအား EP ကတ္ျဖင့္ သြားလာခြင့္ျပဳရန္ ျပည္နယ္အစိုးရထံ တင္ျပ
ဇူလိုင် 31, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ ့ပိုင္း)၊  မိုင္းခတ္ေဒသအား EP ျဖင့္ လာေရာက္သည့္ ႏုိင္ငံျခားသားမ်ားအား သြားေရာက္ခြင့္ျပဳရန္ ျမန္မာႏိုင္ငံဟိုတယ္ဆိုင္ရာလုပ္ငန္းရွင္မ်ားအသင္း(ေရႊၾတိဂံဇုန္)မွ တာဝန္ရိွသူမ်ားက ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးေဆာင္သည့္ ျပည္နယ္ဝန္ႀကီးအဖဲြ႕၏  က်ိဳင္းတုံၿမိဳ႕ လူထုေတြ႕ဆံုပြဲတြင္ တင္ျပလိုက္ေၾကာင္း သိရသည္။

လက္ရိွတြင္ EP ကတ္ျဖင့္ လာေရာက္သည့္ ႏိုင္ငံျခားသားဧည့္သည္မ်ားအား ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္၊ က်ိဳင္းတုံႏွင့္ မိုင္းလားၿမိဳ႕မ်ားအထိ သြားေရာက္ခြင့္ျပဳထားေသာ္လည္း မိုင္းခတ္ၿမိဳ႕ကိုမူ ႏုိင္ငံကူးလက္မွတ္ (Passport)ျဖင့္ လာေရာက္သည့္ ႏုိင္ငံျခားသားဧည့္သည္မ်ားကိုသာ ခြင့္ျပဳထားျခင္း ျဖစ္ေၾကာင္း သိရသည္။

"မိုင္းခတ္ၿမိဳ႕မွာရိွတဲ့ တန္ခိုးႀကီး ႏွီးဘုရားခရီးစဥ္ကို EP ကတ္နဲ ့သြားေရာက္လည္ပတ္ႏိုင္မယ္ဆိုရင္ ရွမ္း/အေရွ႕ကိုလာတဲ့ ဧည့္သည္ေတြကို တစ္ရက္ထက္ပိုၿပီးေတာ့ ဆြဲထားႏိုင္မယ္။ ဒီလိုဆိုရင္ ျပည္သူေတြဘက္ကလည္း ၀င္ေငြေတြ ပိုမိုရရိွမွာျဖစ္ပါတယ္။ အခုႀကဳံေတြ႕ေနရတဲ့ အဓိကျပႆနာက EP ကတ္ရဲ႕သတ္မွတ္ခ်က္ထဲမွာ  တာခ်ီလိတ္၊ က်ိဳင္းတုံ၊ မိုင္းလားပဲ ပါပါတယ္။ မိုင္းခတ္ မပါေတာ့ သြားလို႔မရဘူး။ Passport ကိုင္ထားတဲ့ လူေတြက်ေတာ့ လ၀ကရဲ ့ခြင့္ျပဳခ်က္နဲ ့ သြားလာႏိုင္ပါတယ္။ Passport နဲ ့လာေရာက္လည္ပတ္သူ အမ်ားစုကေတာ့  ဥေရာပက ျဖစ္တဲ့အတြက္ ဒီလမ္းေၾကာင္းကို မသိၾကပါဘူး။ မိုင္းခတ္သြားဖို ့ကၽြန္ေတာ္တို ့ အဓိကေမွ်ာ္မွန္းထားတာကေတာ့ EP ကတ္နဲ ့အမ်ားဆုံး လာၾကတဲ့ ထိုင္းႏိုင္ငံနဲ ့ တရုတ္ႏိုင္ငံက ဧည့္သည္ေတြျဖစ္တဲ့အတြက္ EP ရဲ ့သတ္မွတ္ခ်က္ထဲမွာ မိုင္းခတ္ကိုပါ  သြားႏိုင္ေအာင္ ေဆာင္ရြက္ေပးေစလိုပါတယ္။"ဟု ျမန္မာႏိုင္ငံဟိုတယ္ဆိုင္ရာ လုပ္ငန္းရွင္မ်ားအသင္း (ေရႊၾတိဂံဇုန္) ဥကၠဌ ဦးစိုးေရႊက တင္ျပသည္။

ရွမ္းျပည္နယ္ (အေရွ ့ပိုင္း) က်ိဳင္းတံုၿမိဳ႕တြင္ ႏိုင္ငံျခားသားမ်ားအား တိုင္းရင္းသားလူမ်ိဳးစုမ်ား၏ ရိုးရာျပကြက္မ်ားျဖင့္ ဆြဲေဆာင္ရျခင္းျဖစ္ရာ တုိင္းရင္းသားရိုးရာျပကြက္မ်ားကို ဖန္တီး တည္ေဆာက္ေပးရန္ကိုလည္း ျပည္နယ္အစုိးရအဖြဲ႕ထံ ေတာင္းဆိုထားသည္။

ရွမ္းျပည္နယ္ ၀န္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ ဦးေဆာင္ကာ လုံျခဳံေရးႏွင့္ နယ္စပ္ေရးရာ၀န္ႀကီး ဗိုလ္မွဴးႀကီးစိုးမိုးေအာင္၊ စိုက္ပ်ိဳးေရးႏွင့္ေမြးျမဴေရး၀န္ႀကီး ဦးစိုင္းလုံေက်ာက္၊ စည္ပင္သာယာေရး၀န္ႀကီး ဦးစိုင္းစြံဆိုင္း၊ အာခါတိုင္းရင္းသား လူမ်ိဳးေရးရာ၀န္ၾကီး ဦးအာေဗလတို႔သည္ က်ိဳင္းတုံၿမိဳ႕ရိွ ဌာနဆိုင္ရာမ်ားမွ တာ၀န္ရိွသူမ်ား၊ ႏိုင္ငံေရးပါတီမ်ားမွ တာ၀န္ရိွသူမ်ား၊ လူမႈေရးအသင္းအဖြဲ ့မ်ား၊ ေဒသခံမ်ားႏွင့္ ဇူလိုင္လ (၂၇) ရက္က ေတြ႔ဆံုခဲ့ၾကျခင္း ျဖစ္ေၾကာင္း သိရွိရသည္။

သတင္း - ဇြဲျမတ္

..............................

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်ဒေသအား EP ဖြင့် လာရောက်သည့် နိုင်ငံခြားသားများအား သွားရောက်ခွင့်ပြုရန် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ရွှတြေိဂံဇုန်)မှ တာဝန်ရှိသူများက ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သည့် ပြည်နယ်ဝန်ကြီးအဖွဲ့၏ ကျိုင်းတုံမြို့ လူထုတွေ့ဆုံပွဲတွင် တင်ပြလိုက်ကြောင်း သိရသည်။

လက်ရှိတွင် EP ကတ်ဖြင့် လာရောက်သည့် နိုင်ငံခြားသားဧည့်သည်များအား ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်၊ ကျိုင်းတုံနှင့် မိုင်းလားမြို့များအထိ သွားရောက်ခွင့်ပြုထားသော်လည်း မိုင်းခတ်မြို့ကိုမူ နိုင်ငံကူးလက်မှတ် (Passport)ဖြင့် လာရောက်သည့် နိုင်ငံခြားသားဧည့်သည်များကိုသာ ခွင့်ပြုထားခြင်း ဖြစ်ကြောင်း သိရသည်။

"မိုင်းခတ်မြို့မှာရှိတဲ့ တန်ခိုးကြီး နှီးဘုရားခရီးစဉ်ကို EP ကတ်နဲ့သွားရောက်လည်ပတ်နိုင်မယ်ဆိုရင် ရှမ်း/အရှေ့ကိုလာတဲ့ ဧည့်သည်တွေကို တစ်ရက်ထက်ပိုပြီးတော့ ဆွဲထားနိုင်မယ်။ ဒီလိုဆိုရင် ပြည်သူတွေဘက်ကလည်း ဝင်ငွေတွေ ပိုမိုရရှိမှာဖြစ်ပါတယ်။ အခုကြုံတွေ့နေရတဲ့ အဓိကပြဿနာက EP ကတ်ရဲ့သတ်မှတ်ချက်ထဲမှာ တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းလားပဲ ပါပါတယ်။ မိုင်းခတ် မပါတော့ သွားလို့မရဘူး။ Passport ကိုင်ထားတဲ့ လူတွေကျတော့ လဝကရဲ့ခွင့်ပြုချက်နဲ့ သွားလာနိုင်ပါတယ်။ Passport နဲ့လာရောက်လည်ပတ်သူ အများစုကတော့ ဥရောပက ဖြစ်တဲ့အတွက် ဒီလမ်းကြောင်းကို မသိကြပါဘူး။ မိုင်းခတ်သွားဖို့ကျွန်တော်တို့ အဓိကမျှော်မှန်းထားတာကတော့ EP ကတ်နဲ့အများဆုံး လာကြတဲ့ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံက ဧည့်သည်တွဖြေစ်တဲ့အတွက် EP ရဲ့သတ်မှတ်ချက်ထဲမှာ မိုင်းခတ်ကိုပါ သွားနိုင်အောင် ဆောင်ရွက်ပေးစေလိုပါတယ်။"ဟု မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ရွှတြေိဂံဇုန်) ဥက္ကဌ ဦးစိုးရွှေက တင်ပြသည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် နိုင်ငံခြားသားများအား တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာပြကွက်များဖြင့် ဆွဲဆောင်ရခြင်းဖြစ်ရာ တိုင်းရင်းသားရိုးရာပြကွက်များကို ဖန်တီး တည်ဆောက်ပေးရန်ကိုလည်း ပြည်နယ်အစိုးရအဖွဲ့ထံ တောင်းဆိုထားသည်။

ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ဦးဆောင်ကာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိုးမိုးအောင်၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးစိုင်းလုံကျောက်၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ အာခါတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးအာဗေလတို့သည် ကျိုင်းတုံမြို့ရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံများနှင့် ဇူလိုင်လ (၂၇) ရက်က တွေ့ဆုံခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~