ခ်င္းရိုင္းရွိ အုတ္စက္ရံုတစ္ခု၌ လုပ္အားခမရ၍ ထြက္ေျပးလာသည့္ ျမန္မာႏိုင္ငံသား (၃)ဦး ပူးေပါင္းကူညီမႈျဖင့္ တာခ်ီလိတ္သို႔ ေရာက္ရွိ

ခ်င္းရိုင္းရွိ အုတ္စက္ရံုတစ္ခု၌ လုပ္အားခမရ၍ ထြက္ေျပးလာသည့္ ျမန္မာႏိုင္ငံသား (၃)ဦး ပူးေပါင္းကူညီမႈျဖင့္ တာခ်ီလိတ္သို႔ ေရာက္ရွိ
ဇူလိုင် 29, 2016
By Tachileik News Agency

ထိုင္းႏိုင္ငံ ခ်င္းရိုင္းၿမိဳ႕ရွိ အုတ္စက္ရံုတစ္ခုတြင္ အခက္အခဲျဖစ္၍ တာခ်ီလိတ္ဘက္သို႔ အငွားကားျဖင့္ ထြက္ခြာလာစဥ္ ထိုင္းႏိုင္ငံ မယ္က်န္႔စစ္ေဆးေရးဂိတ္၌ ဖမ္းဆီးခံရသည့္ ျမန္မာႏိုင္ငံသား(၃)ဦးႏွင့္ ပတ္သက္၍ တာခ်ီလိတ္ လူကုန္ကူးမွဳတားဆီးႏွိမ္နင္းေရး ႏွင့္ BCATIP(မယ္ဆိုင္)အဖြဲ႔တို႔၏ ခ်ိတ္ဆက္မႈေၾကာင့္ ဇူလိုင္လ(၂၉)ရက္ ညပိုင္းက တာခ်ီလိတ္သို႔ ျပန္လည္ေရာက္ရွိလာေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ကိုျပည့္စံုသက္၊ ကို၀င္းမင္းဦး ႏွင့္ မေကသီခိုင္တို႔သည္ ထိုင္းႏိုင္ငံ ခ်င္းရိုင္းၿမိဳ႕ရွိ အမည္မသိ အုတ္စက္ရံုအတြင္း တရားမ၀င္သြားေရာက္၍ (၃)လခန္႔အၾကာ အလုပ္ လုပ္ကိုင္ေသာ္လည္း လုပ္အားခ မရဘဲ အခက္အခဲမ်ား ျဖစ္ေပၚေနသည့္အတြက္ ေနရပ္ျပန္ရန္လုပ္ငန္းတာ၀န္ခံအား ခြင့္ျပဳခ်က္ ေတာင္းခံေသာ္လည္း ျပန္ခြင့္မျပဳသျဖင့္ ၎တို႔သည္ အဆိုပါ ေနရာမွ ထြက္ေျပးလာခဲ့ရၿပီး လမ္း၌ အာခါအမ်ဳိးသမီးတစ္ဦး၏ ကူညီမႈအရ အငွားကားျဖင့္ မယ္ဆိုင္ၿမိဳ႕သို႔ ထြက္လာစဥ္မွာ မယ္က်န္႔ စစ္ေဆးေရးဂိတ္တြင္ ဖမ္းဆီးခံရျခင္း ျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ ဖမ္းဆီးခံရမႈႏွင့္ ပတ္သက္၍ လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရး ရဲတပ္ဖဲြ႕ ၊ တပ္ဖဲြ႕စိတ္(၁) တာခ်ီလိတ္ ႏွင့္ ထိုင္းႏိုင္ငံ ခ်င္းရိုင္း BCATIP(မယ္ဆိုင္)အဖြဲ႔တို႔ ပူးေပါင္း ခ်ိတ္ဆက္ကာ ၎တို႔အား တာခ်ီလိတ္ရွိ ခ်စ္ၾကည္ေရး အမွတ္(၁)တံတားအလယ္တြင္ BCATIP(မယ္ဆိုင္)အဖြဲ႔ မွ လာေရာက္ပို႔ေဆာင္ရာ တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႔မွဴး၊ ဒုရဲမွဴးႀကီးထိန္၀င္း ႏွင့္ လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရး ရဲတပ္ဖဲြ႕ ၊ တပ္ဖဲြ႕စိတ္(၁) တာခ်ီလိတ္မွ ရဲမွဴး ရင္ရင္ေအး တို႔မွ ႀကိဳဆိုခဲ့ၾကသည္။

BCATIP(မယ္ဆိုင္)အဖြဲ႔မွ လာေရာက္ပို႔ေဆာင္ေပးထားသည့္ အဆိုပါ ျမန္မာႏိုင္ငံသားမ်ားအား လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရး ရဲတပ္ဖဲြ႕ ၊ တပ္ဖဲြ႕စိတ္(၁) တာခ်ီလိတ္တြင္ ေစာင့္ေရွာက္ထားရွိၿပီး မူလေနရပ္ျဖစ္သည့္ ပ်ဥ္းမနားၿမိဳ႕သို႔ ျပန္ႏုိင္ရန္အတြက္ စီစဥ္ေနလွ်က္ရွိေၾကာင္း သိရွိရသည္။

...............

ထိုင်းနိုင်ငံ ချင်းရိုင်းမြို့ရှိ အုတ်စက်ရုံတစ်ခုတွင် အခက်အခဲဖြစ်၍ တာချီလိတ်ဘက်သို့ အငှါးကားဖြင့် ထွက်ခွာလာစဉ် ထိုင်းနိုင်ငံ မယ်ကျန့်စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား(၃)ဦးနှင့် ပတ်သက်၍ တာချီလိတ် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး နှင့် BCATIP(မယ်ဆိုင်)အဖွဲ့တို့၏ ချိတ်ဆက်မှုကြောင့် ဇူလိုင်လ(၂၉)ရက် ညပိုင်းက တာချီလိတ်သို့ ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကိုပြည့်စုံသက်၊ ကိုဝင်းမင်းဦး နှင့် မကေသီခိုင်တို့သည် ထိုင်းနိုင်ငံ ချင်းရိုင်းမြို့ရှိ အမည်မသိ အုတ်စက်ရုံအတွင်း တရားမဝင်သွားရောက်၍ (၃)လခန့်အကြာ အလုပ် လုပ်ကိုင်သော်လည်း လုပ်အားခ မရဘဲ အခက်အခဲများ ဖြစ်ပေါ်နေသည့်အတွက် နေရပ်ပြန်ရန်လုပ်ငန်းတာဝန်ခံအား ခွင့်ပြုချက် တောင်းခံသော်လည်း ပြန်ခွင့်မပြုသဖြင့်၎င်းတို့သည် အဆိုပါ နေရာမှ ထွက်ပြေးလာခဲ့ရပြီး လမ်း၌ အာခါအမျိုးသမီးတစ်ဦး၏ ကူညီမှုအရ အငှါးကားဖြင့် မယ်ဆိုင်မြို့သို့ ထွက်လာစဉ်မှာ မယ်ကျန့် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁) တာချီလိတ် နှင့် ထိုင်းနိုင်ငံ ချင်းရိုင်း BCATIP(မယ်ဆိုင်)အဖွဲ့တို့ ပူးပေါင်း ချိတ်ဆက်ကာ၎င်းတို့အား တာချီလိတ်ရှိ ချစ်ကြည်ရေး အမှတ်(၁)တံတားအလယ်တွင် BCATIP(မယ်ဆိုင်)အဖွဲ့ မှ လာရောက်ပို့ဆောင်ရာ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုရဲမှူးကြီးထိန်ဝင်း နှင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁) တာချီလိတ်မှ ရဲမှူး ရင်ရင်အေး တို့မှ ကြိုဆိုခဲ့ကြသည်။

BCATIP(မယ်ဆိုင်)အဖွဲ့မှ လာရောက်ပို့ဆောင်ပေးထားသည့် အဆိုပါ မြန်မာနိုင်ငံသားများအား လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁) တာချီလိတ်တွင် စောင့်ရှောက်ထားရှိပြီး မူလနေရပ်ဖြစ်သည့် ပျဉ်းမနားမြို့သို့ ပြန်နိုင်ရန်အတွက် စီစဉ်နေလျှက်ရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~