စက္မႈဇုန္ထုတ္ ေမာ္ေတာ္ယာဥ္မ်ား အစိတ္အပိုင္းေျပာင္းလဲၿပီး သက္တမ္းတိုးမႈကို ၾသဂုတ္လကုန္အထိသာ ေနာက္ဆံုး ေဆာင္ရြက္ေပးေတာ့မည္

စက္မႈဇုန္ထုတ္ ေမာ္ေတာ္ယာဥ္မ်ား အစိတ္အပိုင္းေျပာင္းလဲၿပီး သက္တမ္းတိုးမႈကို ၾသဂုတ္လကုန္အထိသာ ေနာက္ဆံုး ေဆာင္ရြက္ေပးေတာ့မည္
ဇူလိုင် 28, 2016
By Tachileik News Agency

စက္မႈဇုန္ထုတ္ေမာ္ေတာ္ယာဥ္မ်ား အစိတ္အပိုင္းေျပာင္းလဲၿပီး သက္တမ္းတိုးမႈကို  ၾသဂုတ္လ(၃၁)ရက္ေန႔ အထိသာ ေဆာင္ရြက္ေပးမည္ျဖစ္ၿပီး စက္တင္ဘာလ(၁) ရက္ေန႔မွစ၍ လံုး၀ခြင့္ျပဳေပးေတာ့မည္ မဟုတ္ေၾကာင္း တာခ်ီလိတ္ခရိုင္ကုန္းလမ္းပို႔ေဆာင္ေရးႏွင့္ညႊန္ၾကားမႈဦးစီးဌာန မွ သိရသည္။

 "စက္မႈဇုန္ထုတ္ယာဥ္ေတြက လိုင္စင္ေပးၿပီးသားမွာ ေခါင္းေတြ၊ ကိုယ္ထည္ေတြ အင္ဂ်င္ေတြမွာလည္း နံပါတ္ေတြပါၿပီးသားပါ။ ေနာက္ပိုင္းက ေစ်းေကာင္းရခ်င္တာတို႔၊ သံုးေကာင္းခ်င္တာတို႔ အတြက္ စက္မႈဇုန္ထုတ္ကားေတြရဲ႕ အစိတ္အပိုင္းေတြကို ေအာ္ရီဂ်င္နယ္ပစၥည္းေတြနဲ႔ အသစ္အစားထိုးၿပီးေတာ့ လဲလွယ္တပ္ဆင္ၿပီး လိုင္စင္လာလုပ္တာ။ သက္တမ္းလာတိုးတာေတြရွိတဲ့အခါမွာ ကြ်န္ေတာ္တို႔က ဒဏ္ရိုက္ၿပီး လုပ္ေပးေနတယ္။ အခုလို လုပ္ေပးေနတာကို ၾသဂုတ္လ(၃၁)ရက္ေန႔အထိပဲ လုပ္ေပးေတာ့မွာ ျဖစ္ပါတယ္"ဟု တာခ်ီလိတ္ခရိုင္ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈ ဦးစီးဌာနမွ ခရိုင္ဦးစီးမွဴး ဦးေသာင္းညႊန္႔က ေျပာသည္။

ယခင္က အစိတ္အပိုင္းေျပာင္းလဲ တပ္ဆင္ထားသည့္ စက္မႈဇုန္ထုတ္ယာဥ္မ်ားအား ဒဏ္ရိုက္၍ သက္တမ္းတိုးျခင္း၊ လိုင္စင္ျပဳလုပ္ေပးျခင္းမ်ားကို ေဆာင္ရြက္ေပးခဲ့သည့္ နည္းတူ ၂၀၁၆ ခုႏွစ္ ၾသဂုတ္လ (၃၁)ရက္ေန႔အထိသာ ေနာက္ဆံုးထားကာ ျပဳလုပ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

"အစိတ္အပိုင္း အစားထိုးထားတဲ့ စက္မႈဇုန္ထုတ္ယာဥ္ေတြကို ၾသဂုတ္လ(၃၁)ရက္ေန႔ ေနာက္ဆံုးထားၿပီး ေဆာင္ရြက္ေပးမွာျဖစ္ၿပီးေတာ့ စက္တင္ဘာလ(၁) ရက္ေန႔ကေနစၿပီး မူလအစိတ္အပိုင္း တပ္ဆင္ထားတဲ့ စက္မႈဇုန္ထုတ္ယာဥ္ေတြကိုပဲ သက္တမ္းတိုးတာေတြ ေဆာင္ရြက္ေပးသြားမွာပါ။ အစိတ္အပိုင္း လဲလွယ္တပ္ဆင္ထားတဲ့ ယာဥ္ေတြအေနနဲ႔ကေတာ့ လံုးဝေဆာင္ရြက္ခြင့္ မရွိေတာ့ပါဘူး။ တကယ္လို႔ သက္တမ္းတိုးတာေတြ လုပ္မယ္ဆိုရင္လည္း နဂိုက တပ္ဆင္ထားတဲ့ ပစၥည္းေတြကို တပ္ဆင္ထားၿပီးမွပဲ ေဆာင္ရြက္ခြင့္ရွိမွာပါ"ဟု ခရိုင္ဦးစီးမွဴး ဦးေသာင္းညႊန္႔က ေျပာသည္။

ၾသဂုတ္လ(၃၁)ရက္ေန႔ မတိုင္မီ စက္မႈဇုန္ထုတ္ယာဥ္ေတြကို တစ္ဆင့္ခံ၀ယ္ထားသူမ်ားအေနျဖင့္ သက္ဆိုင္ရာ ကညနရံုးမ်ားတြင္ သြားေရာက္ စစ္ေဆးရန္လိုအပ္ၿပီး ထိုသို႔ စစ္ေဆးမွသာ အစိတ္အပိုင္း အစားထိုးထားသည့္ ယာဥ္ျဖစ္ေနပါက နဂိုအစိတ္အပိုင္းအတိုင္း အခ်ိန္မီျပန္လည္ လဲလွယ္ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ကိုေဇာင္း

......................

စက်မှုဇုန်ထုတ်မော်တော်ယာဉ်များ အစိတ်အပိုင်းပြောင်းလဲပြီး သက်တမ်းတိုးမှုကို သြဂုတ်လ(၃၁)ရက်နေ့ အထိသာ ဆောင်ရွက်ပေးမည်ဖြစ်ပြီး စက်တင်ဘာလ(၁) ရက်နေ့မှစ၍ လုံးဝခွင့်ပြုပေးတော့မည် မဟုတ်ကြောင်း တာချီလိတ်ခရိုင်ကုန်းလမ်းပို့ဆောင်ရေးနှင့်ညွှန်ကြားမှုဦးစီးဌာန မှ သိရသည်။

 "စက်မှုဇုန်ထုတ်ယာဉ်တွေက လိုင်စင်ပေးပြီးသားမှာ ခေါင်းတွေ၊ ကိုယ်ထည်တွေ အင်ဂျင်တွေမှာလည်း နံပါတ်တွေပါပြီးသားပါ။ နောက်ပိုင်းက ဈေးကောင်းရချင်တာတို့၊ သုံးကောင်းချင်တာတို့ အတွက် စက်မှုဇုန်ထုတ်ကားတွေရဲ့ အစိတ်အပိုင်းတွေကို အော်ရီဂျင်နယ်ပစ္စည်းတွေနဲ့ အသစ်အစားထိုးပြီးတော့ လဲလှယ်တပ်ဆင်ပြီး လိုင်စင်လာလုပ်တာ။ သက်တမ်းလာတိုးတာတွေရှိတဲ့အခါမှာ ကျွန်တော်တို့က ဒဏ်ရိုက်ပြီး လုပ်ပေးနေတယ်။ အခုလို လုပ်ပေးနေတာကို သြဂုတ်လ(၃၁)ရက်နေ့အထိပဲ လုပ်ပေးတော့မှာ ဖြစ်ပါတယ်"ဟု တာချီလိတ်ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသောင်းညွှန့်က ပြောသည်။

ယခင်က အစိတ်အပိုင်းပြောင်းလဲ တပ်ဆင်ထားသည့် စက်မှုဇုန်ထုတ်ယာဉ်များအား ဒဏ်ရိုက်၍ သက်တမ်းတိုးခြင်း၊ လိုင်စင်ပြုလုပ်ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့သည့် နည်းတူ ၂၀၁၆ ခုနှစ် သြဂုတ်လ (၃၁)ရက်နေ့အထိသာ နောက်ဆုံးထားကာ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"အစိတ်အပိုင်း အစားထိုးထားတဲ့ စက်မှုဇုန်ထုတ်ယာဉ်တွေကို သြဂုတ်လ(၃၁)ရက်နေ့ နောက်ဆုံးထားပြီး ဆောင်ရွက်ပေးမှာဖြစ်ပြီးတော့ စက်တင်ဘာလ(၁) ရက်နေ့ကနေစပြီး မူလအစိတ်အပိုင်း တပ်ဆင်ထားတဲ့ စက်မှုဇုန်ထုတ်ယာဉ်တွေကိုပဲ သက်တမ်းတိုးတာတွေ ဆောင်ရွက်ပေးသွားမှာပါ။ အစိတ်အပိုင်း လဲလှယ်တပ်ဆင်ထားတဲ့ ယာဉ်တွေအနေနဲ့ကတော့ လုံးဝဆောင်ရွက်ခွင့် မရှိတော့ပါဘူး။ တကယ်လို့ သက်တမ်းတိုးတာတွေ လုပ်မယ်ဆိုရင်လည်း နဂိုက တပ်ဆင်ထားတဲ့ ပစ္စည်းတွေကို တပ်ဆင်ထားပြီးမှပဲ ဆောင်ရွက်ခွင့်ရှိမှာပါ"ဟု ခရိုင်ဦးစီးမှူး ဦးသောင်းညွှန့်က ပြောသည်။

သြဂုတ်လ(၃၁)ရက်နေ့ မတိုင်မီ စက်မှုဇုန်ထုတ်ယာဉ်တွေကို တစ်ဆင့်ခံဝယ်ထားသူများအနဖြေင့် သက်ဆိုင်ရာ ကညနရုံးများတွင် သွားရောက် စစ်ဆေးရန်လိုအပ်ပြီး ထိုသို့ စစ်ဆေးမှသာ အစိတ်အပိုင်း အစားထိုးထားသည့် ယာဉ်ဖြစ်နေပါက နဂိုအစိတ်အပိုင်းအတိုင်း အချိန်မီပြန်လည် လဲလှယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်း - ကိုဇောင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~