တာခ်ီလိတ္ပညာေရးေဖာင္ေဒးရွင္းမွ အလွဴရွင္မ်ားအား ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ေပးအပ္

တာခ်ီလိတ္ပညာေရးေဖာင္ေဒးရွင္းမွ အလွဴရွင္မ်ားအား ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ေပးအပ္
ဇူလိုင် 31, 2016
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕တြင္ ထူးခၽြန္ထက္ျမတ္ၿပီး ပညာသင္ၾကားေရးအတြက္ အခက္အခဲ ျဖစ္ေနေသာ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေဆးတကၠသိုလ္ တက္ေနေသာ ေက်ာင္းသူတစ္ဦး အပါအ၀င္ စုစုေပါင္း(၁၂)ဦးတို႔ကို လစဥ္ ပုံမွန္ အတန္းပညာအလိုက္ ေထာက္ပံ့ေပးေနသည့္ တာခ်ီလိတ္ပညာေရး ေဖာင္ေဒးရွင္းအား မတည္ေငြလွဴဒါန္ေပးေသာ ေစတနာရွင္ အလွဴရွင္မ်ားႏွင့္ လစဥ္ထည့္၀င္ လွဴဒါန္း ေပးေသာ အလွဴရွင္မ်ားအား ဇူလိုင္လ (၃၁)ရက္ေန႔ နံနက္ပိုင္းက တာခ်ီလိတ္ၿမိဳ႕ရွိ ေအာင္ျမတ္ခန္းမတြင္ ဂုဏ္ျပဳလႊာေပးအပ္ပြဲအျဖစ္ အခမ္းအနား က်င္းပျပဳလုပ္ခဲ့ၾကသည္။

အဆိုပါ အခမ္းအနားတြင္  (၂၀၁၆)ခုႏွစ္ အမ်ိဳးသမီးမ်ားေန႔ အထိမ္းအမွတ္ ၀တ္စားဆင္ယင္ ထုံးဖြဲ႕မႈ ၿပိဳင္ပြဲမွ ပထမဆုရရွိသြားၿပီး တာခ်ီလိတ္ပညာေရးေဖာင္ေဒးရွင္း ကိုယ္စားျပဳ အလွမယ္ မဇာဇာလင္း ႏွင့္  ဘ၀ပိုင္းဆိုင္ရာ ကၽြမ္းက်င္မႈသင္တန္းမ်ားမွာ သင္ၾကားေပးေသာ ထိုင္းႏိုင္ငံ မယ္ဆိုင္အေျခစိုက္ တိုင္းရင္းသား လူငယ္ေဖာင္ေဒးရွင္းမွ ဆရာတစ္ဦးကိုလည္း ဂုဏ္ျပဳလႊာမ်ား ေပးအပ္ခ်ီးျမႇင့္သည္။

ဂုဏ္ျပဳမွတ္တမ္းလႊာေပးအပ္ပြဲ အခမ္းအနားတြင္ တာခ်ီလိတ္ေဒသ အုပ္ခ်ဳပ္ေရးဆိုင္ရာ အႀကီးအကဲမ်ား တက္ေရာက္လာခဲ့ၾကၿပီး၊  မတည္ေငြလွဴဒါန္ေပးေသာ ေစတနာရွင္ အလွဴရွင္မ်ားႏွင့္ လစဥ္ထည့္၀င္ လွဴဒါန္းေပးေသာ ေစတနာရွင္၊ အလွဴရွင္မ်ားအား တာ၀န္ရွိသူမ်ားမွ ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား အသီးသီး ေပးအပ္ခ်ီးျမႇင့္ခဲ့ၾကသည္။

"ပညာေရးမွာ ထူးခၽြန္ထက္ျမတ္ၿပီး ပညာသင္ၾကားေရးအတြက္ အခက္အခဲျဖစ္ေနတဲ့ ကေလးငယ္ေတြကို အဓိက ေထာက္ပံ့ေပးျခင္းျဖစ္ပါတယ္။ လစဥ္ အလွဴေငြ ထည့္၀င္လွဴဒါန္းတဲ့သူ (၅၃)ဦးရွိၿပီးေတာ့ လစဥ္ ေက်ာင္းသား၊ ေက်ာင္းသူ(၁၂)ဦးကို က်ပ္(၈)သိန္းခန္႔ ေထာက္ပံ့ေပးလွ်က္ရွိပါတယ္။ အခုလက္ရွိ လွဴဒါန္းထားတဲ့ ေငြ အပါအ၀င္ ဘ႑ာေငြ က်ပ္သိန္းေပါင္း (၁၇၀)ရွိပါတယ္။"ဟု တာခ်ီလိတ္ပညာေရး ေဖာင္ေဒးရွင္းမွ ဘ႑ာေရးမွဴး ေဒၚစိုးဥမၼာ ကေျပာသည္။

အဆိုေဖာင္ေဒးရွင္းသည္ ထိုင္းႏိုင္ငံအေျခစိုက္ တိုင္းရင္းသားလူငယ္ေဖာင္ေဒးရွင္းတို႔ ႏွင့္ပူးေပါင္းၿပီး တကၠသိုလ္၀င္တန္းေျဖဆိုထားသူမ်ားႏွင့္ ေအာင္ျမင္ၿပီးသူမ်ားအတြက္ ေလမလႊင့္ေစရန္ ဘ၀ပိုင္းဆိုင္ရာ ကၽြမ္းက်င္မႈသင္တန္းမ်ားကိုလည္း ႏွစ္ႀကိမ္ျပဳလုပ္ၿပီး ျဖစ္ၿပီး သင္တန္းမ်ား ထပ္မံျပဳလုပ္သြားရန္ ရွိေၾကာင္းလည္း သိရသည္။

သတင္း/ဓာတ္ပံု - ေဇာင္းညီ
.............

တာချီလိတ်မြို့တွင် ထူးချွန်ထက်မြတ်ပြီး ပညာသင်ကြားရေးအတွက် အခက်အခဲဖြစ်နေသော ကျောင်းသား၊ ကျောင်းသူများနှင့် ဆေးတက္ကသိုလ် တက်နေသော ကျောင်းသူတစ်ဦး အပါအဝင် စုစုပေါင်း(၁၂)ဦးတို့ကို လစဉ် ပုံမှန် အတန်းပညာအလိုက် ထောက်ပံ့ပေးနေသည့် တာချီလိတ်ပညာရေး ဖောင်ဒေးရှင်းအား မတည်ငွေလှူဒါန်ပေးသော စေတနာရှင် အလှူရှင်များနှင့် လစဉ်ထည့်ဝင် လှူဒါန်း ပေးသော အလှူရှင်များအား ဇူလိုင်လ (၃၁)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမတွင် ဂုဏ်ပြုလွှာပေးအပ်ပွဲအဖြစ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် (၂၀၁၆)ခုနှစ် အမျိုးသမီးများနေ့ အထိမ်းအမှတ် ဝတ်စားဆင်ယင် ထုံးဖွဲ့မှု ပြိုင်ပွဲမှ ပထမဆုရရှိသွားပြီး တာချီလိတ်ပညာရေးဖောင်ဒေးရှင်း ကိုယ်စားပြု အလှမယ် မဇာဇာလင်း နှင့် ဘဝပိုင်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများမှာ သင်ကြားပေးသော ထိုင်းနိုင်ငံ မယ်ဆိုင်အခြေစိုက် တိုင်းရင်းသား လူငယ်ဖောင်ဒေးရှင်းမှ ဆရာတစ်ဦးကိုလည်း ဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်သည်။

ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားတွင် တာချီလိတ်ဒေသ အုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲများ တက်ရောက်လာခဲ့ကြပြီး၊ မတည်ငွေလှူဒါန်ပေးသော စေတနာရှင် အလှူရှင်များနှင့် လစဉ်ထည့်ဝင် လှူဒါန်းပေးသော စေတနာရှင်၊ အလှူရှင်များအား တာဝန်ရှိသူများမှ ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

"ပညာရေးမှာ ထူးချွန်ထက်မြတ်ပြီး ပညာသင်ကြားရေးအတွက် အခက်အခဲဖြစ်နေတဲ့ ကလေးငယ်တွေကို အဓိက ထောက်ပံ့ပေးခြင်းဖြစ်ပါတယ်။ လစဉ် အလှူငွေ ထည့်ဝင်လှူဒါန်းတဲ့သူ (၅၃)ဦးရှိပြီးတော့ လစဉ် ကျောင်းသား၊ ကျောင်းသူ(၁၂)ဦးကို ကျပ်(၈)သိန်းခန့် ထောက်ပံ့ပေးလျှက်ရှိပါတယ်။ အခုလက်ရှိ လှူဒါန်းထားတဲ့ ငွေ အပါအဝင် ဘဏ္ဍာငွေ ကျပ်သိန်းပေါင်း (၁၇၀)ရှိပါတယ်။"ဟု တာချီလိတ်ပညာရေး ဖောင်ဒေးရှင်းမှ ဘဏ္ဍာရေးမှူး ဒေါ်စိုးဥမ္မာ ကပြောသည်။

အဆိုဖောင်ဒေးရှင်းသည် ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားလူငယ်ဖောင်ဒေးရှင်းတို့ နှင့်ပူးပေါင်းပြီး တက္ကသိုလ်ဝင်တန်းဖြေဆိုထားသူများနှင့် အောင်မြင်ပြီးသူများအတွက် လေမလွှင့်စေရန် ဘဝပိုင်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများကိုလည်း နှစ်ကြိမ်ပြုလုပ်ပြီး ဖြစ်ပြီး သင်တန်းများ ထပ်မံပြုလုပ်သွားရန် ရှိကြောင်းလည်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net