ရှမ်းပြည်နယ်အတွင်း ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး လေးစားလိုက်နာရန် လားရှိုး၌ လူအင်အား(၁၀၀၀)ကျော် ဆန္ဒထုတ်ဖော်

ရှမ်းပြည်နယ်အတွင်း ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး လေးစားလိုက်နာရန် လားရှိုး၌ လူအင်အား(၁၀၀၀)ကျော် ဆန္ဒထုတ်ဖော်
ဇူလိုင် 16, 2016
By Tachileik News Agency

အောင်ပြည့်
လားရှိုး၊ ဇူလိုင်(၁၆)ရက်




......................

ရှမ်းပြည်နယ်တွင်း တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများ မရှိစေရန်အတွက် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ လားရှိုးမြို့တွင် ဇူလိုင်(၁၆)ရက်နေ့ နံနက်(၉:၃၀)နာရီခွဲ အချိန်က အရပ်ဖက် အဖွဲ့အစည်းများနှင့် တိုင်းရင်းသားပြည်သူ အင်အား (၁၀၀၀) ကျော်က ဆန္ဒထုတ်ဖော်မှု ပြုလုပ်ကြသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် ဒေသတွင်း တိုင်းရင်းသားလူမျိုးအားလုံး ပူးပေါင်းပါဝင်ကြပြီး ကချင်နှစ်ခြင်း ဘုရားရှိခိုးကျောင်း၌ စုရပ်ပြုလုပ်ကာ ရပ်ကွက်(၁၊ ၂၊ ၃၊ ၄)အတွင်း ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒ ထုတ်ဖော်ကြခြင်းဖြစ်သည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲအား ပြည်နယ်တွင်း ဒေသအသီးသီးမှ ပူးပေါင်းပါဝင်ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - အောင်ပြည့်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~