ပြည်နယ်ဝန်ကြီးချုပ်ဟောင်းက ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၏ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်ဆိုင်ရာဥပဒေနှင့် ပတ်သက်သည့် မေးခွန်း မေးမြန်း

ပြည်နယ်ဝန်ကြီးချုပ်ဟောင်းက ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၏ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်ဆိုင်ရာဥပဒေနှင့် ပတ်သက်သည့် မေးခွန်း မေးမြန်း
ဇူလိုငျ 14, 2016
By Tachileik News Agency

 ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်းဖြစ်သူ ရွာငံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးစ၀်အောင်မြတ်က ပြည်နယ်ဝန်ကြီးချုပ်နှင့် ၀န်ကြီးများ၏ လုပ်ငန်းတာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့် ရပိုင်ခွင့်များအား ဥပဒေပြဌာန်းသတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းအား မေးမြန်းလိုက်ကြောင်း သိရသည်။

အဆိုပါ မေးခွန်းအား ဇူလိုင်(၁၃)ရက်နေ့က ကျင်းပသော ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး၏ ဒုတိယရက်တွင် ကြယ်ပွင့်ပြ မေးခွန်းအဖြစ် မေးမြန်းလိုက်ခြင်း ဖြစ်သည်။



ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးစ၀်အောင်မြတ်က ရှမ်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယရက်တွင် မေးခွန်း(၃)ခုမေးမြန်းခဲ့ပြီး ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာအုပ်စု၊ မြင်းကျဒိုးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း တိုးချဲ့(၂)ထပ်ဆောင်ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် ရွာငံမြို့နယ်အတွင်းရှိ ယကြီးကျေးရွာအုပ်စုအတွင်း၌ တိုက်နယ်ဆေးရုံ တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိတို့အား မေးမြန်းခဲ့ကြောင်း သိရသည်။

သတင်း။ ။ ‪#‎ကိုဇက်‬

...............

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်းဖြစ်သူ ရွာငံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးစဝ်အောင်မြတ်က ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၏ လုပ်ငန်းတာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့် ရပိုင်ခွင့်များအား ဥပဒပြေဌာန်းသတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းအား မေးမြန်းလိုက်ကြောင်း သိရသည်။

အဆိုပါ မေးခွန်းအား ဇူလိုင်(၁၃)ရက်နေ့က ကျင်းပသော ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန် အစည်းအေဝး၏ ဒုတိယရက်တွင် ကြယ်ပွင့်ပြ မေးခွန်းအဖြစ် မေးမြန်းလိုက်ခြင်း ဖြစ်သည်။

"အခု အစိုးရသစ်လက်ထက်မှာ ဖွဲ့စည်းလိုက်တဲ့ ဝန်ကြီးဌာနတွေရဲ့အောက် ဘယ်ဦးစီးဌာနတွေရှိတယ်ဆိုတာကို သတ်မှတ်ပေးဖို့ မေးမြန်းတာပါ။ အစိုးရဖွဲ့ကတည်းက ရှမ်းပြည်နယ်အစိုးရက ဥပဒေ ပြဌာန်းသတ်မှတ်ပြီးဖြစ်တယ်လို့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက လွှတ်တော်မှာ ရှင်းပြသွားပါတယ်"ဟု တာချီလိတ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောသည်။

ယခင် ရှမ်းပြည်နယ်အစိုးရလက်ထက်တွင် ဝန်ကြီးဌာန(၁၀)ခုနှင့် လက်အောက်တွင် ဦးစီးဌာနနှင့် အဖွဲ့အစည်းပေါင်း (၉၀)ကျော်ရှိခဲ့ပြီး၊ ယခု ရှမ်းပြည်နယ်အစိုးရသစ်လက်ထက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၄(ဃ) အရ ဝန်ကြီးဌာန(၁၀)ခုအား ပြန်လည်ဖွဲ့စည်းပြီး လုပ်ပိုင်ခွင့်တာဝန်များလည်း ပြဌာန်းပြီးဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်က ရှမ်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအေဝး ဒုတိယရက်တွင် မေးခွန်း(၃)ခုမေးမြန်းခဲ့ပြီး ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာအုပ်စု၊ မြင်းကျဒိုးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း တိုးချဲ့(၂)ထပ်ဆောင်ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် ရွာငံမြို့နယ်အတွင်းရှိ ယကြီးကျေးရွာအုပ်စုအတွင်း၌ တိုက်နယ်ဆေးရုံ တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိတို့အား မေးမြန်းခဲ့ကြောင်း သိရသည်။

သတင်း။ ‪#‎ကိုဇက်‬

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~