ကျိုင်းတုံမြို့မှ တရုတ်သို့ ဆန်တင်ပို့မှု ပြန်လည်စတင်
ကျိုင်းတုံမြို့မှ တရုတ်သို့ ဆန်တင်ပို့မှု ပြန်လည်စတင်
ဇူလိုငျ 13, 2016
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ ပိုင်းဒေသ၊ ကျိုင်းတုံမြို့မှ တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှု ယခုရက်ပိုင်းအတွင်း ပြန်လည် တင်ပို့နေရကြောင်း ကျိုင်းတုံမြို့ နယ် ဆန်စပါးကုန်သည်ကြီးများအသင်းမှ သိရသည်။
ယခုလက်ရှိတွင် ယွမ်ငွေတန်ဖိုးကျလာခြင်းနှင့် ဒေသတွင်းကုန်ကြမ်း ရှားပါးလာခြင်းတို့ကြောင့် ဆန်တင်ပို့ မှု ကျဆင်းနေပြီး ယခုလအတွင်း တရုတ်နိုင်ငံသို့  ဆန်တန်ချိန် (၁၀၀)ခန်သာ တင်ပို့ထားနိုင်ကြောင်း သိရသည်။
သတင်း။  ။ ဇွဲမြတ်
...............
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ ကျိုင်းတုံမြို့မှ တရုတ်နို်င်ငံသို့ ဆန်တင်ပို့မှု ယခုရက်ပိုင်းအတွင်း ပြန်လည် တင်ပို့နေရကြောင်း ကျိုင်းတုံမြို့နယ် ဆန်စပါးကုန်သည်ကြီးများအသင်းမှ သိရသည်။
"ဆန်တွပြေန်တင်ပို့နေတာတော့ (၁)ရက်၊(၂)ရက်လောက်တော့ရှိပြီ။ အဲဒါမတိုင်ခင် ရှေ့ရက်တွေတုန်းကတော့ တရုတ်နိုင်ငံထဲမှာက အဖမ်းအဆီးတွေ ရှိနေတဲ့အတွက် ဝယ်လက်တွေက မဆင်းကြဘူး။ အဲဒါကြောင့် ဒီက ကုန်သည်တွေ ဆန်တင်ပို့တာတွေ နားထားတာ (၁၅)ရက်လောက်ရှိခဲ့တယ်။"ဟု ကျိုင်းတုံမြို့နယ် ဆန်စပါးကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးမုန်းကိုက ပြောသည်။
ယခုလက်ရှိတွင် ယွမ်ငွေတန်ဖိုးကျလာခြင်းနှင့် ဒေသတွင်းကုန်ကြမ်း ရှားပါးလာခြင်းတို့ကြောင့် ဆန်တင်ပို့မှု ကျဆင်းနပြေီး ယခုလအတွင်း တရုတ်နိုင်ငံသို့ ဆန်တန်ချိန် (၁၀၀)ခန်သာ တင်ပို့ထားနိုင်ကြောင်း သိရသည်။
"ဆန်တင်ပို့တာတွေကတော့ နှစ်လလောက်တော့ ပါးမှာပါ။ ဘာလို့လဲဆိုတော့ အခုလက်ရှိ ကျွန်တော်တို့ဆီမှာက ရှားလာပြီဆိုတော့ မိုးစပါးပေါ်တဲ့အချိန်ကို တစ်ချက်ပြန်စောင့်ရမှာပေါ့။ မိုးစပါးပေါ်မှလည်း ကျွန်တော်တို့လုပ်ငန်းတွေ ကောင်းကောင်း ပြန်လည်ပတ်နိုင်မှာပါ။"ဟု ဥက္ကဌ ဦးမုန်းကိုက ဆိုသည်။
သတင်း။ ဇွဲမြတ်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~ ကြော်ငြာ ~~~~~~~~~