သစၥာစီမံခ်က္ျဖင့္ မိုင္းျဖတ္ၿမိဳ႕နယ္မွ ေက်ာင္းသားမ်ားအား ႏိုင္ငံသားစိစစ္ေရးကတ္ျပားမ်ား ျပဳလုပ္ေပး

သစၥာစီမံခ်က္ျဖင့္ မိုင္းျဖတ္ၿမိဳ႕နယ္မွ ေက်ာင္းသားမ်ားအား ႏိုင္ငံသားစိစစ္ေရးကတ္ျပားမ်ား ျပဳလုပ္ေပး
ဇူလိုင် 20, 2016
By Tachileik News Agency
ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႕အင္အားဆိုင္ရာ မိုင္းျဖတ္ၿမိဳ႕နယ္ ဦးစီးမွဴးရံုးမွ ရက္(၁၀၀)သစၥာစီမံခ်က္ျဖင့္ ကြင္းဆင္းေဆာင္ရြက္ခဲ့ေသာ အသက္(၁၀)ႏွစ္ျပည့္ ႏိုင္ငံသားစိစစ္ေရးကတ္ျပားမ်ားကို  ဇူလိုင္လ (၂၀) ရက္တြင္ မိုင္းျဖတ္ၿမိဳ႕၌ ေပးအပ္လိုက္သည္။
"ကြ်န္ေတာ္တို႔ဌာန အေနနဲ႔ ရက္(၁၀၀) သစၥာစီမံခ်က္ကာလအတြင္း ေဆာင္ရြက္ေပးတဲ့ အေျခခံပညာ အထက္တန္းေက်ာင္းမ်ားမွ အသက္(၁၀)ႏွစ္ျပည့္တဲ့ ကေလးေတြကို ႏိုင္ငံသားစိစစ္ေရးကတ္ျပားျပဳလုပ္ေပးၿပီး တစ္ဦးခ်င္းလာေရာက္ ထုတ္ေပးတာျဖစ္ပါတယ္။"ဟု ၿမိဳ႕နယ္ဦးစီးမွဴး ဦးထြန္းထြန္းႏိုင္က ေျပာသည္။
အေျခခံပညာအထက္တန္းေက်ာင္းမွ ေက်ာင္းသားမ်ားအား ႏိုင္ငံသားစိစစ္ေရးကတ္ကို တစ္ဦးခ်င္းထုတ္ေပးၿပီး  အိမ္ေထာင္စု လူဦးေရစာရင္းတြင္ နံပါတ္ေရးသြင္းျခင္း၊ လက္ေဗြႏွိပ္ျခင္း၊ ေရစိုပ်က္စီးမႈ မရွိေစေရးအတြက္ ပလပ္စတစ္ေလာင္းေပးျခင္းတို႔ကိုပါ ျပဳလုပ္ျခင္းျဖစ္ေၾကာင္း သိရသည္။
" ခုလို လဝက ဌာနကေနၿပီးေတာ့ ကြ်န္ေတာ္တို႔ေက်ာင္းေတြကို ႏိုင္ငံသားမွတ္ပံုတင္ေတြ လာေရာက္ ျပဳလုပ္ေပးတာကို အရမ္းေက်းဇူးတင္ပါတယ္။ ကေလးေတြ စာသင္တာေတြလည္း မပ်က္ဘူး။ အခ်ိန္လည္း မကုန္ဘဲ မွတ္ပံုတင္ေတြရတဲ့အတြက္ ေက်ာင္းသူ/ေက်ာင္းသားမ်ားရဲ႕ မိဘမ်ားကိုယ္စား ဝမ္းသာပါတယ္"ဟု ေက်ာင္းအုပ္ဆရာႀကီး ဦးေက်ာ္ဆန္းက ေျပာသည္။
အဆိုပါေက်ာင္းမွ ေက်ာင္းသားေက်ာင္းသူ (၆၂)ဦးအား အသက္ဆယ္ႏွစ္ျပည့္ ႏို္င္ငံသား စိစစ္ေရးကတ္ျပားမ်ား ထုတ္ေပးျခင္းျဖစ္ေၾကာင္း သိရသည္။
သတင္း/ဓာတ္ပံု။  ။ ကိုသာ
...................
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မိုင်းဖြတ်မြို့နယ် ဦးစီးမှူးရုံးမှ ရက်(၁၀၀)သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သော အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဇူလိုင်လ (၂၀) ရက်တွင် မိုင်းဖြတ်မြို့၌ ပေးအပ်လိုက်သည်။
"ကျွန်တော်တို့ဌာန အနေနဲ့ ရက်(၁၀၀) သစ္စာစီမံချက်ကာလအတွင်း ဆောင်ရွက်ပေးတဲ့ အခြေခံပညာ အထက်တန်းကျောင်းများမှ အသက်(၁၀)နှစ်ပြည့်တဲ့ ကလေးတွေကို နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးပြီး တစ်ဦးချင်းလာရောက် ထုတ်ပေးတာဖြစ်ပါတယ်။"ဟု မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းနိုင်က ပြောသည်။
အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားများအား နိုင်ငံသားစိစစ်ရေးကတ်ကို တစ်ဦးချင်းထုတ်ပေးပြီး အိမ်ထောင်စု လူဦးရေစာရင်းတွင် နံပါတ်ရေးသွင်းခြင်း၊ လက်ဗွေနှိပ်ခြင်း၊ ရေစိုပျက်စီးမှု မရှိစေရေးအတွက် ပလပ်စတစ်လောင်းပေးခြင်းတို့ကိုပါ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
" ခုလို လဝက ဌာနကနပြေီးတော့ ကျွန်တော်တို့ကျောင်းတွေကို နိုင်ငံသားမှတ်ပုံတင်တွေ လာရောက် ပြုလုပ်ပေးတာကို အရမ်းကျေးဇူးတင်ပါတယ်။ ကလေးတွေ စာသင်တာတွေလည်း မပျက်ဘူး။ အချိန်လည်း မကုန်ဘဲ မှတ်ပုံတင်တွေရတဲ့အတွက် ကျောင်းသူ/ကျောင်းသားများရဲ့ မိဘများကိုယ်စား ဝမ်းသာပါတယ်"ဟု ကျောင်းအုပ်ဆရာကြီး ဦးကျော်ဆန်းက ပြောသည်။
အဆိုပါကျောင်းမှ ကျောင်းသားကျောင်းသူ (၆၂)ဦးအား အသက်ဆယ်နှစ်ပြည့် နို်င်ငံသား စိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ။ ကိုသာ
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~