ရှမ်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့တွင် ဥပဒေမူကြမ်း(၁)ခု နှင့် မေးခွန်း(၁၄)ခု တင်သွင်းပြီး ဝန်ကြီးဌာနနှစ်ခု အမည်ပြောင်းလဲ
ရှမ်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့တွင် ဥပဒေမူကြမ်း(၁)ခု နှင့် မေးခွန်း(၁၄)ခု တင်သွင်းပြီး ဝန်ကြီးဌာနနှစ်ခု အမည်ပြောင်းလဲ
ဇူလိုငျ 12, 2016
By Tachileik News Agency
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး၏  ပထမနေ့တွင် ပြည်နယ်ဝန်ကြီးဌာန နှစ်ခုအား အမည်ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း သိရသည်။
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့အား ဇူလိုင်(၁၂)ရက်နေ့က ကျင်းပရာ လွှတ်တော်တွင် မေးခွန်း(၁၄)ခု၊ အဆို(၃)ခုနှင့် ဥပဒေမူကြမ်း(၁)ခုတို့အား တင်သွင်းဆွေးနွေးသည့်အပြင် ပြည်နယ်ဝန်ကြီးချုပ်မှ တင်ပြလာသော ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌအား ပြည်နယ်လွှတ်တော်တွင် အတည်ပြုချက်ရယူခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့တွင်  "ဆားနှင့် ဆားထွက်ပစ္စည်း" ဥပဒေ(မူကြမ်း)ကို တင်သွင်းပြီး အဆို (၃)ခုတင်သွင်းသည့်အနက် သီပေါမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအား တင်သွင်းသည့် "ရှမ်းပြည်နယ်အတွင်းရှိ ဌာနေတိုင်းရင်းသားများအား အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဦးစားပေးလုပ်ဆောင်ပေးရန်" နှင့် ကျောက်မဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်း က "တိုင်းရင်းသား စာပေသင်ကြားမှုတွင် သင်ရိုးညွှန်းတမ်း၊ ကျောင်းဆရာ၊ ကျောင်းသားအရေအတွက် ဆရာများ၏ ချီးမြှင့်ငွေကိစ္စတို့ကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် တိုင်းရင်းသားစာပေသင်ကြားရေးဦးစီးဌာနတစ်ခုအဖြစ် ဖွဲ့စည်းပြီး ဆောင်ရွက်ပေးနိုင်ရန်"အဆိုတို့လည်း ပါဝင်ကြောင်း သိရသည်။
သတင်း။  ။ ကိုဇက်
...............
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန် အစည်းအေဝး၏ ပထမနေ့တွင် ပြည်နယ်ဝန်ကြီးဌာန နှစ်ခုအား အမည်ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း သိရသည်။
အမည်ပြင်ဆင်သတ်မှတ်လိုက်သည့် ဝန်ကြီးဌာနများမှာ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာနအား "စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန" ဟုလည်းကောင်း၊ ပြည်နယ်သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအား "သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန"ဟု လည်းကောင်း အသီးသီး ပြောင်းလဲ သတ်မှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအေဝး ပထမနေ့အား ဇူလိုင်(၁၂)ရက်နေ့က ကျင်းပရာ လွှတ်တော်တွင် မေးခွန်း(၁၄)ခု၊ အဆို(၃)ခုနှင့် ဥပဒေမူကြမ်း(၁)ခုတို့အား တင်သွင်းဆွေးနွေးသည့်အပြင် ပြည်နယ်ဝန်ကြီးချုပ်မှ တင်ပြလာသော ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌအား ပြည်နယ်လွှတ်တော်တွင် အတည်ပြုချက်ရယူခဲ့ကြောင်း သိရသည်။
"အဆို(၃)ခုကိုတော့ လွှတ်တော်က ဆွေးနွေးဖို့ လက်ခံလိုက်တယ်။ လွှတ်တော်နောက်နေ့တွေမှာ ဆက်ပြီး ဆွေးနွေးမှာပါ။ ဥပဒေမူကြမ်းကတော့ ရှမ်းပြည်နယ်အစိုးရက ရေးဆွဲပြီး ရှမ်းပြည်နယ်လွှတ်တော်ကို တင်သွင်းတာပါ။ ဒါနဲ့ပတ်သက်တာကတော့ လွှတ်တော်ဥပဒကြေမ်းကော်မတီတွေက သုံးသပ်ပြီးမှ အတည်ပြုမှာပါ"ဟု တာချီလိတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောသည်။
ရှမ်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအေဝး ပထမနေ့တွင် "ဆားနှင့် ဆားထွက်ပစ္စည်း" ဥပဒေ(မူကြမ်း)ကို တင်သွင်းပြီး အဆို (၃)ခုတင်သွင်းသည့်အနက် သီပေါမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအား တင်သွင်းသည့် "ရှမ်းပြည်နယ်အတွင်းရှိ ဌာနေတိုင်းရင်းသားများအား အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဦးစားပေးလုပ်ဆောင်ပေးရန်" နှင့် ကျောက်မဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်း က "တိုင်းရင်းသား စာပေသင်ကြားမှုတွင် သင်ရိုးညွှန်းတမ်း၊ ကျောင်းဆရာ၊ ကျောင်းသားအရေအတွက် ဆရာများ၏ ချီးမြှင့်ငွေကိစ္စတို့ကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် တိုင်းရင်းသားစာပေသင်ကြားရေးဦးစီးဌာနတစ်ခုအဖြစ် ဖွဲ့စည်းပြီး ဆောင်ရွက်ပေးနိုင်ရန်"အဆိုတို့လည်း ပါဝင်ကြောင်း သိရသည်။
သတင်း။ ကိုဇက်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~