(၆၉)ႏွစ္ေျမာက္ အာဇာနည္ေန႔အထိမ္းအမွတ္ က်ိဳင္းတံုၿမိဳ႕ တြင္ သစ္ပင္စိုက္ပ်ိဳး

(၆၉)ႏွစ္ေျမာက္ အာဇာနည္ေန႔အထိမ္းအမွတ္ က်ိဳင္းတံုၿမိဳ႕ တြင္ သစ္ပင္စိုက္ပ်ိဳး
ဇူလိုင် 18, 2016
By Tachileik News Agency
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕ရိွ ရွင္သန္ျခင္း HIV ေဝဒနာရွင္မ်ား ျပဳစုပ်ဳိးေထာင္ေရးစခန္း၌ (၆၉)ႏွစ္ေျမာက္ အာဇာနည္ေန႔ အထိမ္းအမွတ္အျဖစ္ Green Lives အဖြဲ႔၊ ျပည္နယ္သစ္ေတာ ဦးစီးဌာနွင့္ က်ိဳင္းတံုၿမိဳ႕နယ္ သစ္ေတာ ဦးစီးဌာနတို႔မွ ဦးေဆာင္ကာ ဇူလုိင္လ (၁၈) ရက္နံနက္က သစ္ပင္စိုက္ပ်ိဳးၾကေၾကာင္း သိရသည္။
"အခုလို ဒီမွာသစ္ပင္လာစိုက္ရတဲ႔ ရည္ရြယ္ခ်က္က (၆၉)ႏွစ္ေျမာက္ အာဇာနည္ေန႔ အထိမ္းအမွတ္အေနနဲ႔ စိုက္ပ်ိဳးတာျဖစ္ပါတယ္။ ၿပီးရင္ ဒီစခန္းမွာရိွတဲ႔ AIDS ေရာဂါေဝဒနာရွင္ေတြ ေနာက္ပိုင္းက်ရင္ ထင္းလုပ္လို႔ရေအာင္နဲ႔ သူတို႔အတြက္ သီးပင္စားပင္ေတြ ရဖို႔အတြက္ စိုက္တာပါ။ ေနာက္ပိုင္းက်ရင္လည္း ဒီစခန္းမွာ သစ္ပင္ေတြ ထပ္ျဖည့္ၿပီး စိုက္ေပးသြားဖို႔ ရိွပါတယ္။"ဟု Green Livesအဖြဲ႕မွ ဦးေအာင္ေက်ာ္ဝင္းက ေျပာသည္။
အဆိုပါ စခန္းတြင္ အိမ္ယာစခန္း(၄၈)လုံးရိွၿပီး၊ အိမ္ေထာင္စု (၁၁)စုႏွင္႔ AIDS ေရာဂါေဝဒနာရွင္(၂၁)ဦးတို႔ ေနထိုင္ၾကၿပီး မယ္ဇလီ၊ ခ်ယ္ရီ၊ ပိႏၷဲ၊ သရက္ႏွင့္ ဒညင္း စသည့္ အပင္ စုစုေပါင္း(၂၀၀)ပင္ကို စိုက္ပ်ိဳးခဲ့ ၾကေၾကာင္း သိရသည္။
အဆိုပါ သစ္ပင္စိုက္ပြဲသို႔ Green Lives အဖြဲ႔ဝင္မ်ား၊ က်ိဳင္းတံုၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္မွ ပါတီဝင္မ်ား၊ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) ျပည္နယ္ သစ္ေတာဦးစီးဌာနႏွင္႔ က်ိဳင္းတံုၿမိဳ႕နယ္ သစ္ေတာဦးစီးဌာနမွ တာဝန္ရိွသူမ်ားႏွင့္ ေဒသခံမ်ား ပါဝင္စိုက္ပ်ိဳးခဲ႔ၾကသည္။
သတင္း ။ ။ ဇြဲျမတ္
ဓာတ္ပံု။  ။ ဦးေအာင္ေက်ာ္ဝင္း
................
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ရှင်သန်ခြင်း HIV ဝေဒနာရှင်များ ပြုစုပျိုးထောင်ရေးစခန်း၌ (၆၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် Green Lives အဖွဲ့၊ ပြည်နယ်သစ်တော ဦးစီးဌာနှင့် ကျိုင်းတုံမြို့နယ် သစ်တော ဦးစီးဌာနတို့မှ ဦးဆောင်ကာ ဇူလိုင်လ (၁၈) ရက်နံနက်က သစ်ပင်စိုက်ပျိုးကြကြောင်း သိရသည်။
"အခုလို ဒီမှာသစ်ပင်လာစိုက်ရတဲ့ ရည်ရွယ်ချက်က (၆၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အနေနဲ့ စိုက်ပျိုးတာဖြစ်ပါတယ်။ ပြီးရင် ဒီစခန်းမှာရှိတဲ့ AIDS ရောဂါဝေဒနာရှင်တွေ နောက်ပိုင်းကျရင် ထင်းလုပ်လို့ရအောင်နဲ့ သူတို့အတွက် သီးပင်စားပင်တွေ ရဖို့အတွက် စိုက်တာပါ။ နောက်ပိုင်းကျရင်လည်း ဒီစခန်းမှာ သစ်ပင်တွေ ထပ်ဖြည့်ပြီး စိုက်ပေးသွားဖို့ ရှိပါတယ်။"ဟု Green Livesအဖွဲ့မှ ဦးအောင်ကျော်ဝင်းက ပြောသည်။
အဆိုပါ စခန်းတွင် အိမ်ယာစခန်း(၄၈)လုံးရှိပြီး၊ အိမ်ထောင်စု (၁၁)စုနှင့် AIDS ရောဂါဝေဒနာရှင်(၂၁)ဦးတို့ နေထိုင်ကြပြီး မယ်ဇလီ၊ ချယ်ရီ၊ ပိန္နဲ၊ သရက်နှင့် ဒညင်း စသည့် အပင် စုစုပေါင်း(၂၀၀)ပင်ကို စိုက်ပျိုးခဲ့ ကြကြောင်း သိရသည်။
အဆိုပါ သစ်ပင်စိုက်ပွဲသို့ Green Lives အဖွဲ့ဝင်များ၊ ကျိုင်းတုံမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပါတီဝင်များ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ် သစ်တောဦးစီးဌာနနှင့် ကျိုင်းတုံမြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဒေသခံများ ပါဝင်စိုက်ပျိုးခဲ့ကြသည်။
သတင်း။ ဇွဲမြတ်
ဓာတ်ပုံ။ ဦးအောင်ကျော်ဝင်း
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~