ပြည်ပသို့ တရားမ၀င်ရောင်းချမှုအလွန်များပြားသောကြောင့် ကျောက်စိမ်းဈေးကွက်အေး
ပြည်ပသို့ တရားမ၀င်ရောင်းချမှုအလွန်များပြားသောကြောင့် ကျောက်စိမ်းဈေးကွက်အေး
ဇူလိုငျ 31, 2016
By Tachileik News Agency
(၂)နှစ်ကျော်ကြာ ဈေးကွက်အေးနေသည့် မြန်မာ့ကျောက်စိမ်းအား ပြည်ပသို့ တရားမ၀င် တင်ပို့ ရောင်းချမှုများအား ထိန်းချုပ်နိုင်မှု အခြေနေပြန်ကောင်းဖွယ်ရှိသည်ဟု မန္တလေးမြို့ မဟာအောင်မြေ ကျောက်ဝိုင်း ကျောက်စိမ်းဈေးကွက်မှ ကုန်သည်များက ထောက်ပြဝေဖန်လိုက်သည်။
ကျောက်စိမ်းထွက်ရှိသော ဖားကန့်ဒေသမှ တရုတ်နိုင်ငံ ပြပွဲရှိရာမြို့များသို့  သွားရောက်ရောင်းချကြသဖြင့် ကျောက်စိမ်းအများစုမှာ မန္တလေးဈေးကွက်သို့ ရောက်မလာတော့ဘဲ ဖားကန့်တွင်သာ ဈေးကွက် လည်ပတ် နေခြင်းဖြစ်သည်ဟု ကျောက်ဝယ်/ရောင်းသမား ကိုပိုင် ကပြောသည်။
လက်ရှိတွင် ကျောက်စိမ်းလုပ်ကွက်များနှင့် မှော်များတွင် တရုတ်ကုန်သည်များက တိုက်ရိုက် အရောင်းအ၀ယ် ပြုလုပ်နေခြင်းကို တာဝန်ရှိသူများအနေဖြင့် စိစစ်သင့်သည်ဟု ကျောက်မျက်ဈေးကွက်မှ ကျောက်ရောင်း/ဝယ်ရေးသမားများက ဆိုသည်။
သတင်း - ရွှေဇော်
..............
(၂)နှစ်ကျော်ကြာ ဈေးကွက်အေးနေသည့် မြန်မာ့ကျောက်စိမ်းအား ပြည်ပသို့ တရားမဝင် တင်ပို့ ရောင်းချမှုများအား ထိန်းချုပ်နိုင်မှု အခြေနပြေန်ကောင်းဖွယ်ရှိသည်ဟု မန္တလေးမြို့ မဟာအောင်မြေ ကျောက်ဝိုင်း ကျောက်စိမ်းဈေးကွက်မှ ကုန်သည်များက ထောက်ပြဝေဖန်လိုက်သည်။
“ကျောက်စိမ်းတွေက တရုတ်ပြည်ကိုပဲ တိုက်ရိုက်ရောက်သွားတော့ ပြည်တွင်း ကျောက်စိမ်းဈေးကွက်က ဈေးကွက်စီးဆင်းမှု မရှိတော့ဘဲ ကျောက်စိမ်းရှားပါးလာတယ်။ ကျောက် အရောင်းအဝယ် ဈေးကွက်အေးလာတယ်။ ဈေးကွက်ကိုလည်း ပြည်ပကပဲ တရားဝင်ချုပ်ကိုင်ထားသလိုဖြစ်နပြေီ။” ဟု ကျောက်ပွဲစား ကိုမင်းမင်းက ပြောသည်။
၂၀၁၅ ခုနှစ်စမှ လက်ရှိအချိန်ထိ ဈေးကွက်အနေအထားငြိမ်နေကာ ကျောက်ဝိုင်းသို့ ကျောက်မျက်ပြပွဲမှ ကျောက်အချို့သာ ရှိနေကြောင်း သိရသည်။
“လက်ရှိကျောက်ဝိုင်းထဲမှာက ပြပွဲက ပြန်ရောက်လာတဲ့ ကျောက်တွေနဲ့ပဲ လည်နေတယ်။ ကုမ္ပဏီကျောက်တွေက မရှိဘူး။ တရားမဝင်လမ်းကြောင်းတွေကနေ ထွက်နေတယ်။ အခွန်ပေးရမှာ ကြောင့်မို့လည်း ပါတယ်။ နောက်ပိုင်းကျောက်စိမ်းကလည်း အခွန်မြှင့်လိုက်တယ်ဆိုတော့လေ။ နယ်စပ်ဂိတ်တွေကို တားဆီးပေးနိုင်ရင်တော့ ဈေးကွက်ပြန်ကောင်းသွားနိုင်ပါတယ်။ မဟုတ်ရင်တော့ မြန်မာကျောက်စိမ်းက ဈေးပေါပေါနဲ့ တရားမဝင်ဖြစ်နေဦးမှာပါပဲ” ဟုကျောက်ပွဲစားတစ်ဦးက ဆိုသည်။
ကျောက်စိမ်းထွက်ရှိသော ဖားကန့်ဒေသမှ တရုတ်နိုင်ငံ ပြပွဲရှိရာမြို့များသို့ သွားရောက်ရောင်းချကြသဖြင့် ကျောက်စိမ်းအများစုမှာ မန္တလေးဈေးကွက်သို့ ရောက်မလာတော့ဘဲ ဖားကန့်တွင်သာ ဈေးကွက် လည်ပတ် နခြေင်းဖြစ်သည်ဟု ကျောက်ဝယ်/ရောင်းသမား ကိုပိုင် ကပြောသည်။
လက်ရှိတွင် ကျောက်စိမ်းလုပ်ကွက်များနှင့် မှော်များတွင် တရုတ်ကုန်သည်များက တိုက်ရိုက် အရောင်းအဝယ် ပြုလုပ်နခြေင်းကို တာဝန်ရှိသူများအနဖြေင့် စိစစ်သင့်သည်ဟု ကျောက်မျက်ဈေးကွက်မှ ကျောက်ရောင်း/ဝယ်ရေးသမားများက ဆိုသည်။
သတင်း - ရွှေဇော်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~ ကြော်ငြာ ~~~~~~~~~