တာချီလိတ်မြို့ ဝှေလေလန်၌ စိတ်ကြွဆေးပြား (၅၈၀၀)ကျော် ဖမ်းဆီးရမိ

တာချီလိတ်မြို့ ဝှေလေလန်၌ စိတ်ကြွဆေးပြား (၅၈၀၀)ကျော် ဖမ်းဆီးရမိ
ဇူလိုငျ 6, 2016
By Tachileik News Agency

တာချီလိတ်၊ ဇူလိုင်(၆)

မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဝှေလေလန်ပူးပေါင်းစစ်ဆေးစခန်းတွင် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ နှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့တို့မှ စစ်ဆေးမှုများပြုလုပ်နေစဉ် အိုက်တီ(ခ)အိုက်စိုင်းမှ မော်တော်ဆိုင်ကယ်ဖြင့် မောင်းနင်လာစဉ် ၎င်းအား ရပ်တန့် စစ်ဆေးရှာဖွေရာမှ မူးယစ်ဆေးဝါးများကို တွေ့ရှိရတာဖြစ်ကြောင်း သိရသည်။

ရှာဖွေတွေ့ရှိရသည့် မူးယစ်ဆေးဝါးသည် ကာလတန်ဖိုးငွေ စုစုပေါင်း ကျပ်သိန်းပေါင်း (၁၄၆.၆၅)သိန်းခန့် တန်ဖိုးရှိသည့် Wy စာတမ်းပါ စိတ်ကြွဆေးပြား စုစုပေါင်း (၅၈၆၆)ပြားဖြစ်ပြီး မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိရသူ အိုက်တီ(ခ)အိုက်စိုင်းအား ဝမ်ပုံနယ်မြေရဲစခန်း မယ(ပ)၁၁/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က) အရ အရေးယူဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

....................

တာချီလိတ်၊ ဇူလိုင်(၆)
တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ဝှေလေလန်ပူးပေါင်း စစ်ဆေးရေးစခန်းတွင် ကျပ်(၁၄၆)သိန်းကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား (၅,၈၆၆)ပြားအား ယနေ့ ဇူလိုင်လ(၆)ရက် နေ့လယ်ပိုင်းက သယ်ဆောင်လာသူနှင့်အတူ ဖမ်းဆီးရမိကြောင်း မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ သိရသည်။

မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဝှေလေလန်ပူးပေါင်းစစ်ဆေးစခန်းတွင် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ နှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့တို့မှ စစ်ဆေးမှုများပြုလုပ်နေစဉ် အိုက်တီ(ခ)အို်က်စိုင်းမှ မော်တော်ဆိုင်ကယ်ဖြင့် မောင်းနင်လာစဉ်၎င်းအား ရပ်တန့် စစ်ဆေးရှာဖွေရာမှ မူးယစ်ဆေးဝါးများကို တွေ့ရှိရတာဖြစ်ကြောင်း သိရသည်။

ရှာဖွေတွေ့ရှိရသည့် မူးယစ်ဆေးဝါးသည် ကာလတန်ဖိုးငွေ စုစုပေါင်း ကျပ်သိန်းပေါင်း (၁၄၆.၆၅)သိန်းခန့် တန်ဖိုးရှိသည့် Wy စာတမ်းပါ စိတ်ကြွဆေးပြား စုစုပေါင်း (၅၈၆၆)ပြားဖြစ်ပြီး မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိရသူ အိုက်တီ(ခ)အို်က်စိုင်းအား ဝမ်ပုံနယ်မြေရဲစခန်း မယ(ပ)၁၁/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က) အရ အရေးယူဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~