တာခ်ီလိတ္ရွိ စက္မႈဇုန္ ၀မ္ပံုျဖတ္လမ္း (ဦးထြန္းေအာင္)ဂိတ္မွ ႏိုင္င့ံ၀န္ထမ္းမ်ား ႏွင့္ ေက်ာင္းသားမ်ားအား ဇူလိုင္လ(၂၃)ရက္ေန႔မွစ၍ အခမဲ့ ျဖတ္သန္းခြင့္ ျပဳလုိက္ၿပီ

တာခ်ီလိတ္ရွိ စက္မႈဇုန္ ၀မ္ပံုျဖတ္လမ္း (ဦးထြန္းေအာင္)ဂိတ္မွ ႏိုင္င့ံ၀န္ထမ္းမ်ား ႏွင့္ ေက်ာင္းသားမ်ားအား ဇူလိုင္လ(၂၃)ရက္ေန႔မွစ၍ အခမဲ့ ျဖတ္သန္းခြင့္ ျပဳလုိက္ၿပီ
ဇူလိုင် 22, 2016
By Tachileik News Agency

တာခ်ီလိတ္ရွိ စက္မႈဇုန္ ၀မ္ပံုျဖတ္လမ္း (ဦးထြန္းေအာင္)ဂိတ္မွ ႏိုင္င့ံ၀န္ထမ္းမ်ား ႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ဇူလိုင္လ(၂၃)ရက္ေန႔မွစ၍ အခမဲ့ ျပန္လည္ ျဖတ္သန္းခြင့္ ျပဳလုိက္ၿပီျဖစ္ေၾကာင္း သိရသည္။

"ဒီေန႔ ေန႔လယ္က ဂိတ္က တာ၀န္ရွိသူေတြ ရံုးမွာလာၿပီးေတာ့ အဲ့ဒီဂိတ္ကေန အရင္လို ႏိုင္ငံ့၀န္ထမ္းေတြနဲ႔ ေက်ာင္းသား၊ ေက်ာင္းသူေတြကို ဂိတ္ေၾကး မေကာက္ေတာ့ဘူးဆိုတာကို လာၿပီး အသိေပးသြားပါတယ္၊"ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္က ေျပာသည္။

ယခင္က ႏိုင္ငံ့၀န္ထမ္းမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား အခမဲ့ ျဖတ္သန္းခြင့္ျပဳခ့ဲၿပီး ၂၀၁၆ခုႏွစ္ ဇူလိုင္လ(၁၅)ရက္ေန႔က စတင္ကာ ေကာက္ခံခဲ့ျခင္းျဖစ္ၿပီးေနာက္ ႏိုင္ငံ့၀န္ထမ္းမ်ားအေနျဖင့္ ယခုလို ေကာက္ခံမႈမ်ားသည္ ၎တို႔အတြက္ အဆင္မေျပေၾကာင္း ေ၀ဖန္မႈမ်ား ထြက္ေပၚခဲ့ၿပီး၊ သက္ဆိုင္ရာမ်ား၏ ညႇိႏႈိင္းေပးမႈျဖင့္ ယေန႔ ဇူလိုင္လ(၂၂)ရက္ေန႔ ေန႔လယ္ပိုင္းတြင္ စက္မႈဇုန္ ၀မ္ပံုျဖတ္လမ္း (ဦးထြန္းေအာင္)ဂိတ္မွ တာ၀န္ရွိသူမ်ားက တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးထံ လာေရာက္ကာ ႏိုင္ငံ့၀န္ထမ္းမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအေပၚ ဂိတ္ျဖတ္သန္းခ ေကာက္ခံျခင္း မျပဳေတာ့ဘဲ အခမဲ့ ျဖတ္သန္းခြင့္ျပဳမည့္ အေၾကာင္းကို အသိေပးလာျခင္း ျဖစ္ေၾကာင္း သိရသည္။

ဇူလိုင္လ(၂၃)ရက္ေန႔မွစ၍ ႏိုင္င့ံ၀န္ထမ္းမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား အေပၚ ဂိတ္ျဖတ္သန္း ခအား ေကာက္ခံျခင္းမျပဳေတာ့ေသာ္လည္း၊ အခမဲ့ျဖတ္သန္းခြင့္ရွိသူမ်ားမွလြဲ၍ အရပ္သားမ်ားအား ဇူလိုင္လ(၁၅)ရက္ေန႔က စ၍ သတ္မွတ္ထားသည့္ ဂိတ္ျဖတ္ေၾကးမ်ားျဖစ္ေသာ ေမာ္ေတာ္ဆိုင္ကယ္ အား (၁၀)ဘတ္၊ ကားငယ္ (၅၀)ဘတ္၊ ေထာ္လာဂ်ီ(ကုန္လြတ္) (၃၀)ဘတ္၊ ေထာ္လာဂ်ီ(ကုန္ပါ) (၅၀)ဘတ္၊ ကုန္တင္ကား (အလြတ္) (၅၀)ဘတ္ ႏွင့္ ကုန္တင္ကား (ကုန္ပါ) (၁၀၀)ဘတ္ႏႈန္းျဖင့္ဆက္လက္ေကာက္ခံသြားမွာ ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ စက္မႈဇုန္ ၀မ္ပံုျဖတ္လမ္း (ဦးထြန္းေအာင္)ဂိတ္မွာ ႏိုင္ငံေတာ္သမၼတေဟာင္း ဦးသိန္းစိန္ ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္၊ တိုင္းမွဴးအျဖစ္ တာ၀န္ထမ္းေဆာင္စဥ္ ေဒသဖြံ႕ၿဖိဳးေရး စီမံခ်က္ျဖင့္ လုပ္ပိုင္ခြင့္ အႏွစ္ (၂၀)ေပးခဲ့ျခင္းျဖစ္ရာ ဂိတ္ေၾကးေကာက္ခံပိုင္ခြင့္မွာ ၂၀၁၉ ခုႏွစ္ မတ္လ(၁)ရက္ေန႔အထိ ျဖစ္ေၾကာင္း သိရွိရသည္။

သတင္း။ ။ ‪#‎ကိုေဇာင္း‬
.............

တာချီလိတ်ရှိ စက်မှုဇုန် ဝမ်ပုံဖြတ်လမ်း (ဦးထွန်းအောင်)ဂိတ်မှ နိုင်ငံ့ဝန်ထမ်းများ နှင့် ကျောင်းသား၊ ကျောင်းသူများအား ဇူလိုင်လ(၂၃)ရက်နေ့မှစ၍ အခမဲ့ ပြန်လည် ဖြတ်သန်းခွင့် ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

"ဒီနေ့ နေ့လယ်က ဂိတ်က တာဝန်ရှိသူတွေ ရုံးမှာလာပြီးတော့ အဲ့ဒီဂိတ်ကနေ အရင်လို နိုင်ငံ့ဝန်ထမ်းတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ဂိတ်ကြေး မကောက်တော့ဘူးဆိုတာကို လာပြီး အသိပေးသွားပါတယ်၊"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်က ပြောသည်။

ယခင်က နိုင်ငံ့ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ ဖြတ်သန်းခွင့်ပြုခဲ့ပြီး ၂၀၁၆ခုနှစ် ဇူလိုင်လ(၁၅)ရက်နေ့က စတင်ကာ ကောက်ခံခဲ့ခြင်းဖြစ်ပြီးနောက် နိုင်ငံ့ဝန်ထမ်းများအနဖြေင့် ယခုလို ကောက်ခံမှုများသည်၎င်းတို့အတွက် အဆင်မပြေကြောင်းေဝဖန်မှုများ ထွက်ပေါ်ခဲ့ပြီး၊ သက်ဆိုင်ရာများ၏ ညှိနှိုင်းပေးမှုဖြင့် ယနေ့ ဇူလိုင်လ(၂၂)ရက်နေ့ နေ့လယ်ပိုင်းတွင် စက်မှုဇုန် ဝမ်ပုံဖြတ်လမ်း (ဦးထွန်းအောင်)ဂိတ်မှ တာဝန်ရှိသူများက တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးထံ လာရောက်ကာ နိုင်ငံ့ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအပေါ် ဂိတ်ဖြတ်သန်းခ ကောက်ခံခြင်း မပြုတော့ဘဲ အခမဲ့ ဖြတ်သန်းခွင့်ပြုမည့် အကြောင်းကို အသိပေးလာခြင်း ဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ(၂၃)ရက်နေ့မှစ၍ နိုင်ငံ့ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ အပေါ် ဂိတ်ဖြတ်သန်း ခအား ကောက်ခံခြင်းမပြုတော့သော်လည်း၊ အခမဲ့ဖြတ်သန်းခွင့်ရှိသူများမှလွဲ၍ အရပ်သားများအား ဇူလိုင်လ(၁၅)ရက်နေ့က စ၍ သတ်မှတ်ထားသည့် ဂိတ်ဖြတ်ကြေးများဖြစ်သော မော်တော်ဆိုင်ကယ် အား (၁၀)ဘတ်၊ ကားငယ် (၅၀)ဘတ်၊ ထော်လာဂျီ(ကုန်လွတ်) (၃၀)ဘတ်၊ ထော်လာဂျီ(ကုန်ပါ) (၅၀)ဘတ်၊ ကုန်တင်ကား (အလွတ်) (၅၀)ဘတ် နှင့် ကုန်တင်ကား (ကုန်ပါ) (၁၀၀)ဘတ်နှုန်းဖြင့်ဆက်လက်ကောက်ခံသွားမှာ ဖြစ်ကြောင်း သိရသည်။

အဆိုပါ စက်မှုဇုန် ဝမ်ပုံဖြတ်လမ်း (ဦးထွန်းအောင်)ဂိတ်မှာ နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ် ဒေသဖွံ့ဖြိုးရေး စီမံချက်ဖြင့် လုပ်ပိုင်ခွင့် အနှစ် (၂၀)ပေးခဲ့ခြင်းဖြစ်ရာ ဂိတ်ကြေးကောက်ခံပိုင်ခွင့်မှာ ၂၀၁၉ ခုနှစ် မတ်လ(၁)ရက်နေ့အထိ ဖြစ်ကြောင်း သိရှိရသည်။

သတင်း။ ‪#‎ကိုဇောင်း‬

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~