တစ်နိုင်ငံလုံးရှိ ကုတင်(၂၅)လုံးဆံ့ ဆေးရုံများအား ၂၀၁၆ မှ ၂၀၂၁ ခုနှစ်များအတွင်း အဆင့်မြှင့်တင်မည်

တစ်နိုင်ငံလုံးရှိ ကုတင်(၂၅)လုံးဆံ့ ဆေးရုံများအား ၂၀၁၆ မှ ၂၀၂၁ ခုနှစ်များအတွင်း အဆင့်မြှင့်တင်မည်
ဇူလိုငျ 28, 2016
By Tachileik News Agency
ဓာတ်ပုံ - ပြည်သူ့လွှတ်တော်



ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်မဲဆန္ဒနယ်မှ ဦးစိုင်းထွန်းစိန်က မိုင်းပျဉ်းမြို့နယ်အတွင်းရှိ (၂၅)ကုတင်ဆံဆေးရုံအား ကုတင်(၅၀)ဆေးရုံအဖြစ် အဆင့်မြှင့်တင်ရန် အစီအစဉ်ရှိ မရှိမေးခွန်းအပေါ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဇူလိုင်(၂၆)ရက်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဆေးရုံများတွင် ကုတင်ထပ်တိုးခြင်း၊ အသစ်ဆောက်လုပ်ရန်အတွက် တောင်းခံခြင်းများနှင့်ပတ်သက်၍ ဝန်ကြီးဌာနအနေဖြင့် ဆေးရုံအဆင့်တိုးမြှင့်ရန် အခြေခံလိုအပ်သည့် ဆေးရုံများ၏ ဝန်ဆောင်မှု လုပ်ဆောင်နိုင်မှု အခြေအနေများအား ပြည်သူ့ကျန်းမာရေးပညာရှင်၊ ကပ်ရောဂါဗေဒပညာရှင်များနှင့် ပြန်လည်သုံးသပ်လုပ်ဆောင်နေကြောင်း သိရသည်။

သတင်း - ကိုဇက်
.........................

တစ်နိုင်လုံးရှိ (၂၅)ကုတင်ဆံ့ ဆေးရုံများအား ကုတင် (၅၀) ဆံ့ဆေးရုံများအဖြစ် ၂၀၁၆ -၂၀၂၁ ခုနှစ်အတွင်း အဆင့်မြှင့်တင် တည်ဆောက်သွားရန် စီမံကိန်းရေးဆွဲထားကြောင်း သိရသည်။

"ဝန်ကြီးဌာနအနေနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်များအတွင်းရှိ (၂၅)ကုတင်ဆံ့ မြို့နယ်ဆေးရုံအားလုံးကို ခုတင် (၅၀)ဆံ့အဖြစ် တိုးမြှင့်ဖို့အတွက် စီမံကိန်းတွေရေးဆွဲထားပြီးပါပြီ။ ဆေးရုံ အညွှန်းကိန်းများ တက်လာသည်နှင့် အလျှောက် အနှေးနှင့် အမြန် ၂၀၁၆ မှ ၂၀၂၁ ခုနှစ်အတွင်းအားလုံးကို လုပ်ပေးမှာပါ"ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်မဲဆန္ဒနယ်မှ ဦးစိုင်းထွန်းစိန်က မိုင်းပျဉ်းမြို့နယ်အတွင်းရှိ (၂၅)ကုတင်ဆံဆေးရုံအား ကုတင်(၅၀)ဆေးရုံအဖြစ် အဆင့်မြှင့်တင်ရန် အစီအစဉ်ရှိ မရှိမေးခွန်းအပေါ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဇူလိုင်(၂၆)ရက်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအေဝးတွင် ဖြကြေားခဲ့ခြင်းဖြစ်သည်။

ဆေးရုံများတွင် ကုတင်ထပ်တိုးခြင်း၊ အသစ်ဆောက်လုပ်ရန်အတွက် တောင်းခံခြင်းများနှင့်ပတ်သက်၍ ဝန်ကြီးဌာနအနဖြေင့် ဆေးရုံအဆင့်တိုးမြှင့်ရန် အခြေခံလိုအပ်သည့် ဆေးရုံများ၏ ဝန်ဆောင်မှု လုပ်ဆောင်နိုင်မှု အခြေအနေများအား ပြည်သူ့ကျန်းမာရေးပညာရှင်၊ ကပ်ရောဂါဗေဒပညာရှင်များနှင့် ပြန်လည်သုံးသပ်လုပ်ဆောင်နေကြောင်း သိရသည်။

သတင်း - ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~