တာချီလိတ်၌ ကျင်းပမည့် အာဇာနည်နေ့ အခမ်းအနား ဥသြဆွဲမည်

တာချီလိတ်၌ ကျင်းပမည့် အာဇာနည်နေ့ အခမ်းအနား ဥသြဆွဲမည်
ဇူလိုငျ 12, 2016
By Tachileik News Agency
၂၀၁၆ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၆၉)ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားအား တာချီလိတ်၌ ခမ်းနားစွာကျင်းပနိုင်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းဖွဲ့များ၊ ရပ်မိရပ်ဖများ မှ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးရုံးတွင် ယနေ့ ဇူလိုင်လ (၁၂)ရက်နေ့ နံနက်ပိုင်းက တွေ့ဆုံကာ အစည်းအဝေးပြုလုပ်ခဲ့ကြပြီး အာဇာနည်နေ့ အခမ်းအနားတွင် ဥသြဆွဲမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် တာချီလိတ်၌ ကျင်းပပြုလုပ်မည့် (၆၉)ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားနှင့် ပတ်သက်၍ တာဝန်ခွဲဝေမှုနှင့် အခမ်းအနားအား အောင်မြင်စွာ ကျင်းပနိုင်ရေးတို့အတွက် အထူးဆွေးနွေးကြပြီး တက်ရောက်လာကြသူများမှ အကြံပြုဆွေးနွေး တင်ပြခဲ့ကြ ခြင်းဖြစ်သည်။
(၆၉)ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အနေဖြင့် ဇူလိုင်လ (၁၈)ရက်နေ့ ညနေ(၃)နာရီအချိန်တွင် ဥသြဆွဲအလေးပြုခြင်းကို အကြိုလေ့ကျင့်မှုပြုလုပ်မှာ ဖြစ်ပြီး အဆိုပါနေ့၏ ညနေ(၅)နာရီအချိန်တွင် အောင်မြတ်ခန်းမ၌ ဆို၊က၊ရေး၊တီး ပြိုင်ပွဲများ အပြင် တာချီလိတ်မြို့နယ်ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့မှလည်း အာဇာနည်နေ့ အထိမ်းအမှတ် သရုပ်ဖော်မှုများဖြင့် ထည့်သွင်းဖျော်ဖြေသွားမှာ ဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ။ ။ ‪#‎ဇောင်းညီ‬
........................
၂၀၁၆ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၆၉)ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားအား တာချီလိတ်၌ ခမ်းနားစွာကျင်းပနိုင်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းဖွဲ့များ၊ ရပ်မိရပ်ဖများ မှ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးရုံးတွင် ယနေ့ ဇူလိုင်လ (၁၂)ရက်နေ့ နံနက်ပိုင်းက တွေ့ဆုံကာ အစည်းအေဝးပြုလုပ်ခဲ့ကြပြီး အာဇာနည်နေ့ အခမ်းအနားတွင် ဥသြဆွဲမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အစည်းအေဝးတွင် တာချီလိတ်၌ ကျင်းပပြုလုပ်မည့် (၆၉)ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားနှင့် ပတ်သက်၍ တာဝန်ခွေဲဝမှုနှင့် အခမ်းအနားအား အောင်မြင်စွာ ကျင်းပနိုင်ရေးတို့အတွက် အထူးဆွေးနွေးကြပြီး တက်ရောက်လာကြသူများမှ အကြံပြုဆွေးနွေး တင်ပြခဲ့ကြ ခြင်းဖြစ်သည်။
(၆၉)ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အနဖြေင့် ဇူလိုင်လ (၁၈)ရက်နေ့ ညနေ(၃)နာရီအချိန်တွင် ဥသြဆွဲအလေးပြုခြင်းကို အကြိုလေ့ကျင့်မှုပြုလုပ်မှာ ဖြစ်ပြီး အဆိုပါနေ့၏ ညနေ(၅)နာရီအချိန်တွင် အောင်မြတ်ခန်းမ၌ ဆို၊က၊ရေး၊တီး ပြိုင်ပွဲများ အပြင် တာချီလိတ်မြို့နယ်ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့မှလည်း အာဇာနည်နေ့ အထိမ်းအမှတ် သရုပ်ဖော်မှုများဖြင့် ထည့်သွင်းဖျော်ဖြေသွားမှာ ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဇူလိုင်လ(၁၉)ရက်နေ့တွင် အောင်မြတ်ခန်းမအပေါ်ထပ်၌ သံဃာတော် အရှင်သူမြတ်(၉)ပါးအား ဆွမ်းဆက်ကပ်ကာ တရားတော်နာယူမှာဖြစ်ကြောင်းနှင့် ရှမ်းရိုးမကွင်းရှိ အာဇာနည်ဗိမာန်တွင် နံနက်(၆)နာရီအချိန်မှ (၁၀)နာရီခွဲ မတိုင်မီအချိန်ထိ လွမ်းသူ့ပန်းခွေချခြင်းကို ပြုလုပ်နိုင်မှာ ဖြစ်ကြောင်းနှင့် (၁၀)နာရီ (၃၇)မိနစ်တွင် အလံတင် ဥသြဆွဲ အလေးပြုခြင်းကို ပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ။ ‪#‎ဇောင်းညီ‬
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~