မိုးရာသီအတြင္း မႏၱေလး - မူဆယ္လမ္းပိုင္း ကုန္တင္ယာဥ္မ်ား ကုန္တင္ပို႔မႈနည္း၍ အရံႈးခံေျပးဆြဲေနရ

မိုးရာသီအတြင္း မႏၱေလး - မူဆယ္လမ္းပိုင္း ကုန္တင္ယာဥ္မ်ား ကုန္တင္ပို႔မႈနည္း၍ အရံႈးခံေျပးဆြဲေနရ
ဇွန် 17, 2016
By Tachileik News Agency

လားရႈိး၊ ဇြန္လ (၁၇)ရက္
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္(၁၀၅)မိုင္ နယ္စပ္ကုန္သြယ္ေရးစခန္းသို႔ ကုန္စည္ပို႔ေဆာင္ေနသည့္ မႏၱေလး - မူဆယ္ ကုန္စည္ပို႔ေဆာင္ေရးယာဥ္မ်ားမွာ မိုးတြင္းကာလအတြင္း ကုန္တင္ပို႔မႈနည္းသျဖင့္ အရံႈးခံေျပးဆြဲေနရေၾကာင္း သိရသည္။

“အခုလို မိုးတြင္းက်ေတာ့ ကုန္တင္ခက တစ္ပိႆာ (၆၈)က်ပ္ဆိုေတာ့ တစ္တန္ကို္ (၄ဝ,၈၀၀)က်ပ္ ပဲရတယ္ေလ။ အျပန္ကုန္ကလည္း ေစ်းမရ။ ကုန္ခ်ဖို႔ကလည္း ရက္ၾကာတာမ်ားတာေၾကာင့္ မိုးတြင္းကာလဟာ ကုန္သြယ္မွဳ အခက္ခဲဆုံးနဲ႔ အတိမ္းအေစာင္းမျဖစ္ဖို႔ ဆုေတာင္းရတ့ဲ ကာလေပါ့။ မိုးတြင္းကာလကေတာ့ အရွဳံးခံေျပးတယ္လို႔ ေျပာလို႔ရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကားဆရာအတြက္ တစ္ေခါက္ က်ပ္(၈၀,၀၀၀)၊ စပယ္ယာ က်ပ္(၃၅,၀၀၀)အျပည့္အဝ ရေပမဲ့ ကားပိုင္ေတြ အတြက္က်ေတာ့ တာယာနဲ႔ကားျပင္စရိတ္က တစ္ေခါက္ကို အနည္းဆုံး (၁)သိန္းခြဲထိ ကုန္က်ပါတယ္"ဟု လားရိႈးမွ ကုန္ကားပိုင္ရွင္တစ္ဦးျဖစ္သူ ကိုေကာင္းထက္က ဆိုသည္။

မိုးရာသီကာလအတြင္း မႏၱေလးမွ တရုတ္ႏုိင္ငံသုိ႔ သစ္သီးတင္ပို႔မႈ နည္းသြားသျဖင့္ တင္ပို႔ရမည့္ ကုန္စည္ေလ်ာ့နည္းသြားျခင္းေၾကာင့္ ကုန္တင္ကားမ်ားအေနျဖင့္ ကုန္တင္ခ ေလွ်ာ့ခ် ေျပးဆြဲရျခင္းျဖစ္ေၾကာင္း သိရသည္။

"လမ္းအေျခအေနက ေကာင္းပါတယ္။ ေစ်းနႈန္းေတြက်ေနေတာ့ သိပ္အဆင္ မေျပလွဘူး။ အသီးရာသီခ်ိန္မွာ ကုန္တင္ခ တစ္တန္ကို က်ပ္(၈၀,၀၀၀)ေလာက္အထိရၿပီး က်န္တ့ဲဆန္ေတြ သၾကားေတြကလည္း အသီးနဲ႔ လိုက္ၿပီး ကုန္တင္ချမင့္လာတယ္။”ဟု ကုန္တင္ကားေမာင္းသူတစ္ဦးက ေျပာသည္။

အဆိုပါလမ္းပိုင္းတြင္ (၆)ဘီးကား၊ (၁၀)ဘီးကား၊ (၁၂)ဘီးကားမ်ားျဖင့္ ကုန္စည္တင္ေဆာင္ေနျခင္းျဖစ္ၿပီး လက္ရိွတြင္ သၾကားႏွင့္ ဆန္ကို အဓိကတင္ပို႔ေနရေၾကာင္း သိရသည္။

သတင္း။  ။ ေအာင္ျပည့္
....................

လားရှိုး၊ ဇွန်လ (၁၇)ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်(၁၀၅)မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းသို့ ကုန်စည်ပို့ဆောင်နေသည့် မန္တလေး - မူဆယ် ကုန်စည်ပို့ဆောင်ရေးယာဉ်များမှာ မိုးတွင်းကာလအတွင်း ကုန်တင်ပို့မှုနည်းသဖြင့် အရှုံးခံပြေးဆွဲနေရကြောင်း သိရသည်။

“အခုလို မိုးတွင်းကျတော့ ကုန်တင်ခက တစ်ပိဿါ (၆၈)ကျပ်ဆိုတော့ တစ်တန်ကို် (၄ဝ,၈၀၀)ကျပ် ပဲရတယ်လေ။ အပြန်ကုန်ကလည်း ဈေးမရ။ ကုန်ချဖို့ကလည်း ရက်ကြာတာများတာကြောင့် မိုးတွင်းကာလဟာ ကုန်သွယ်မှု အခက်ခဲဆုံးနဲ့ အတိမ်းအစောင်းမဖြစ်ဖို့ ဆုတောင်းရတဲ့ ကာလပေါ့။ မိုးတွင်းကာလကတော့ အရှုံးခံပြေးတယ်လို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကားဆရာအတွက် တစ်ခေါက် ကျပ်(၈၀,ဝဝဝ)၊ စပယ်ယာ ကျပ်(၃၅,ဝဝဝ)အပြည့်အဝ ရပေမဲ့ ကားပိုင်တွေ အတွက်ကျတော့ တာယာနဲ့ကားပြင်စရိတ်က တစ်ခေါက်ကို အနည်းဆုံး (၁)သိန်းခွဲထိ ကုန်ကျပါတယ်"ဟု လားရှိုးမှ ကုန်ကားပိုင်ရှင်တစ်ဦးဖြစ်သူ ကိုကောင်းထက်က ဆိုသည်။

မိုးရာသီကာလအတွင်း မန္တလေးမှ တရုတ်နိုင်ငံသို့ သစ်သီးတင်ပို့မှု နည်းသွားသဖြင့် တင်ပို့ရမည့် ကုန်စည်လျော့နည်းသွားခြင်းကြောင့် ကုန်တင်ကားများအနဖြေင့် ကုန်တင်ခ လျှော့ချ ပြေးဆွဲရခြင်းဖြစ်ကြောင်း သိရသည်။

"လမ်းအခြေအနေက ကောင်းပါတယ်။ ဈေးနှုန်းတွေကျနေတော့ သိပ်အဆင် မပြေလှဘူး။ အသီးရာသီချိန်မှာ ကုန်တင်ခ တစ်တန်ကို ကျပ်(၈၀,ဝဝဝ)လောက်အထိရပြီး ကျန်တဲ့ဆန်တွေ သကြားတွေကလည်း အသီးနဲ့ လိုက်ပြီး ကုန်တင်ခမြင့်လာတယ်။”ဟု ကုန်တင်ကားမောင်းသူတစ်ဦးက ပြောသည်။

အဆိုပါလမ်းပိုင်းတွင် (၆)ဘီးကား၊ (၁၀)ဘီးကား၊ (၁၂)ဘီးကားများဖြင့် ကုန်စည်တင်ဆောင်နခြေင်းဖြစ်ပြီး လက်ရှိတွင် သကြားနှင့် ဆန်ကို အဓိကတင်ပို့နေရကြောင်း သိရသည်။

သတင်း။ အောင်ပြည့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~