ရြန္ႏူဆိုင္ကလံုး မုန္တိုင္းမိုးေၾကာင့္ မေကြးၿမိဳ႕နယ္အတြင္း ဆီထြက္သီးႏွံျပန္လည္စိုက္ပ်ိဳးရန္ စတင္ျပင္ဆင္

ရြန္ႏူဆိုင္ကလံုး မုန္တိုင္းမိုးေၾကာင့္ မေကြးၿမိဳ႕နယ္အတြင္း ဆီထြက္သီးႏွံျပန္လည္စိုက္ပ်ိဳးရန္ စတင္ျပင္ဆင္
ဇွန် 10, 2016
By Tachileik News Agency
မေကြး၊ ဇြန္လ (၁၀) ရက္
ရြန္ႏူဆိုင္ကလံုးမုန္တိုင္းအရိွန္ျဖင္႔ မိုးရြာသြန္းၿပီးေနာက္ ေမလဆန္းပိုင္းက အပူခ်ိန္လြန္ကဲမႈေၾကာင့္ ပ်က္စီးခဲ့သည့္ မေကြးၿမိဳ႕ နယ္အတြင္းရိွ ဆီထြက္သီးႏွံစိုက္ခင္းမ်ား ျပန္လည္စိုက္ပ်ိဳးရန္ စတင္ျပင္ဆင္လာ ၾကေၾကာင္း သိရသည္။
 “မိုးျပတ္ၿပီး ပူလြန္းတာေၾကာင္႔ က်ဲပက္ထားတဲ့ ႏွမ္းမ်ိဳးေစ့ေတြ ပ်က္စီးဆံုးရံႈးကုန္တယ္။ ဒီတစ္ခါ မုန္တိုင္းေၾကာင့္ ရြာသြန္းတဲ႔မိုးေနာက္မွာ မုတ္သုန္မိုးကပါ လိုက္လာမွာဆိုေတာ႔ မ်ိဳးေတြအတြက္ စိတ္ခ်ရၿပီ လို႔ထင္ပါတယ္”ဟု မက်ီးကန္ေက်းရြာမွ ေတာင္သူတစ္ဦးက ေျပာသည္။
မေကြးၿမိဳ႕နယ္အတြင္း ဆီထြက္သီးႏွံစိုက္ေတာင္သူမ်ားသည္ ႏိုင္ငံျခားဝယ္လက္ရိွသည့္ ႏွမ္းနက္မ်ိဳးအား တစ္တင္းလွ်င္ က်ပ္(၈၀,၀၀၀)ျဖင့္ ဝယ္ယူစိုက္ပ်ိဳးသူမ်ားၿပီး ႏွမ္းနက္စိုက္ရန္ မသင့္ေတာ္သည့္ ေျမအမ်ိဳးအစားမ်ားတြင္သာ ႏွမ္းျဖဴကို စိုက္ပ်ိဳးၾကေၾကာင္းသိရသည္။
 “စမုန္နက္ႏွမ္းမ်ိဳးက ေစ်းပိုရတာမွန္ေပမဲ့ ကၽြန္ေတာ္တို႔ရြာကေတာ႔ ေျမမႀကိဳက္လို႔ ႏွမ္းအရနည္းေတာ့ ႏွမ္းျဖဴကိုပဲအားထားၿပီး စိုက္တယ္။ ႏွမ္းျဖဴက တစ္ဧကကို (၁၅)တင္းေလာက္ကေတာ႔ ေသခ်ာတယ္။ သူလည္း ႏိုင္ငံျခားဝယ္လက္ရိွတာေၾကာင္႔ ႏွမ္းနက္ေလာက္ ေစ်းေကာင္းမရေပမဲ့ ဒုတိယေတာ႔လိုက္ ပါတယ္” ဟု ႏွမ္းျဖဴစိုက္ပ်ိဳးထားသည့္ ေတာင္သူတစ္ဦးကေျပာသည္။
မေကြးၿမိဳ႕နယ္အတြင္း ယခင္က ဆီႀကိတ္ရန္အတြက္ ႏွမ္းနီမ်ိဳးကို စိုက္ပ်ိဳးမႈမ်ားခဲ့ေသာ္လည္း ေဒသတြင္း ဆီႀကိတ္လုပ္ငန္း က်ဆင္းလာျခင္း၊ ႏိုင္ငံျခားဝယ္လက္မရိွျခင္းတို႔ေၾကာင့္ စိုက္ပ်ိဳးသူ နည္းသြားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ဖီးနစ္(မေကြး)

.....................

မကွေး၊ ဇွန်လ (၁၀) ရက်
ရွန်နူဆိုင်ကလုံးမုန်တိုင်းအရှိန်ဖြင့် မိုးရွာသွန်းပြီးနောက် မေလဆန်းပိုင်းက အပူချိန်လွန်ကဲမှုကြောင့် ပျက်စီးခဲ့သည့် မကွေးမြို့ နယ်အတွင်းရှိ ဆီထွက်သီးနှံစိုက်ခင်းများ ပြန်လည်စိုက်ပျိုးရန် စတင်ပြင်ဆင်လာ ကြကြောင်း သိရသည်။

 “မိုးပြတ်ပြီး ပူလွန်းတာကြောင့် ကျဲပက်ထားတဲ့ နှမ်းမျိုးစေ့တွေ ပျက်စီးဆုံးရှုံးကုန်တယ်။ ဒီတစ်ခါ မုန်တိုင်းကြောင့် ရွာသွန်းတဲ့မိုးနောက်မှာ မုတ်သုန်မိုးကပါ လိုက်လာမှာဆိုတော့ မျိုးတွေအတွက် စိတ်ချရပြီ လို့ထင်ပါတယ်”ဟု မကျီးကန်ကျေးရွာမှ တောင်သူတစ်ဦးက ပြောသည်။

မကွေးမြို့နယ်အတွင်း ဆီထွက်သီးနှံစိုက်တောင်သူများသည် နိုင်ငံခြားဝယ်လက်ရှိသည့် နှမ်းနက်မျိုးအား တစ်တင်းလျှင် ကျပ်(၈၀,ဝဝဝ)ဖြင့် ဝယ်ယူစိုက်ပျိုးသူများပြီး နှမ်းနက်စိုက်ရန် မသင့်တော်သည့် မြေအမျိုးအစားများတွင်သာ နှမ်းဖြူကို စိုက်ပျိုးကြကြောင်းသိရသည်။

 “စမုန်နက်နှမ်းမျိုးက ဈေးပိုရတာမှန်ပေမဲ့ ကျွန်တော်တို့ရွာကတော့ မြေမကြိုက်လို့ နှမ်းအရနည်းတော့ နှမ်းဖြူကိုပဲအားထားပြီး စိုက်တယ်။ နှမ်းဖြူက တစ်ဧကကို (၁၅)တင်းလောက်ကတော့ သေချာတယ်။ သူလည်း နိုင်ငံခြားဝယ်လက်ရှိတာကြောင့် နှမ်းနက်လောက် ဈေးကောင်းမရပေမဲ့ ဒုတိယတော့လိုက် ပါတယ်” ဟု နှမ်းဖြူစိုက်ပျိုးထားသည့် တောင်သူတစ်ဦးကပြောသည်။

မကွေးမြို့နယ်အတွင်း ယခင်က ဆီကြိတ်ရန်အတွက် နှမ်းနီမျိုးကို စိုက်ပျိုးမှုများခဲ့သော်လည်း ဒေသတွင်း ဆီကြိတ်လုပ်ငန်း ကျဆင်းလာခြင်း၊ နိုင်ငံခြားဝယ်လက်မရှိခြင်းတို့ကြောင့် စိုက်ပျိုးသူ နည်းသွားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း။ ဖီးနစ်(မကွေး)

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~