ေပ်ာက္ဆံုးသြားသူအား သံုးရက္အၾကာတြင္ ေနအိမ္အနီးသစ္ပင္၌ ႀကိဳးဆြဲခ်ေသဆံုးလွ်က္ ျပန္ေတြ႕

ေပ်ာက္ဆံုးသြားသူအား သံုးရက္အၾကာတြင္ ေနအိမ္အနီးသစ္ပင္၌ ႀကိဳးဆြဲခ်ေသဆံုးလွ်က္ ျပန္ေတြ႕
ဇွန် 19, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဇြန္လ(၁၉)ရက္
တာခ်ီလိတ္ၿမိဳ႕ ၀မ္မိုင္ေက်းရြာတြင္ အိမ္သာတက္မည္ဟုဆိုကာ ထြက္ခြာသြားၿပီး ေပ်ာက္ဆံုးသြားသူအား ရွာေဖြရာ သံုးရက္အၾကာတြင္ ေနအိမ္အနီးရိွ သစ္ပင္တြင္ ႀကိဳးဆြဲခ်ေသဆံုးေနသည္ကို ေတြ႔ရေၾကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ သိရသည္။

"ဇြန္လ(၁၆)ရက္ေန႔ ညေနပိုင္းက အိမ္သာသြားမယ္ဆိုၿပီး အိမ္ကထြက္သြား ျပန္လာတာမေတြ႕လို႔ လိုက္ရွာတာ ဒီေန႔မွ အိမ္အေနာက္ဖက္သစ္ပင္မွာ ႀကိဳးဆြဲခ်ေသဆံုးေနတာေတြ႕ရတာ။ ေသမႈေသခင္းနဲ႔ ဖြင့္လွစ္ထားပါတယ္"ဟု တာခ်ီလိတ္ၿမိဳ႕မစခန္းမွဴး ဒုရဲမွဴးေက်ာ္သန္းက ေျပာသည္။

ေသဆံုးသူ ဦးလွထြန္းသည္ ပန္ရံလုပ္ကိုင္သူတစ္ဦးျဖစ္ၿပီး  ဇြန္လ (၁၆) ရက္ေန႔ ညေနပိုင္းတြင္ ေနအိမ္မွေပ်ာက္ဆံုးသြားသျဖင့္ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးရံုးသို႔ အေၾကာင္းၾကားၿပီး ရွာေဖြၾကရာ အိမ္အနီးရိွ သစ္ပင္တြင္ ႀကိဳးဆြဲခ်ေသဆံုးေနေၾကာင္း ေတြ႔ရသျဖင့္ ဇြန္လ (၁၈)ရက္ ေန႔လယ္ပိုင္းတြင္ ရဲစခန္းသို႔ အေၾကာင္းၾကားလိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ေသဆံုးသြားသူအား  မဇၥ်ိမလူမႈကူညီေရးအသင္းမွာ ရင္ခြဲရံုသို႔ ပို႔ေဆာင္ေပးထားၿပီး တာ၀န္ရွိသူမ်ားက ဓမၼတာအတိုင္းေသဆံုးျခင္း ဟုတ္/မဟုတ္ စစ္ေဆးၿပီး တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္လွစ္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း။  ။ ကိုဇက္
....................

တာချီလိတ်၊ ဇွန်လ(၁၉)ရက်
တာချီလိတ်မြို့ ဝမ်မိုင်ကျေးရွာတွင် အိမ်သာတက်မည်ဟုဆိုကာ ထွက်ခွာသွားပြီး ပျောက်ဆုံးသွားသူအား ရှာဖွေရာ သုံးရက်အကြာတွင် နေအိမ်အနီးရှိ သစ်ပင်တွင် ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

"ဇွန်လ(၁၆)ရက်နေ့ ညနေပိုင်းက အိမ်သာသွားမယ်ဆိုပြီး အိမ်ကထွက်သွား ပြန်လာတာမတွေ့လို့ လိုက်ရှာတာ ဒီနေ့မှ အိမ်အနောက်ဖက်သစ်ပင်မှာ ကြိုးဆွဲချသေဆုံးနေတာတွေ့ရတာ။ သေမှုသေခင်းနဲ့ ဖွင့်လှစ်ထားပါတယ်"ဟု တာချီလိတ်မြို့မစခန်းမှူး ဒုရဲမှူးကျော်သန်းက ပြောသည်။

သေဆုံးသူ ဦးလှထွန်းသည် ပန်ရံလုပ်ကိုင်သူတစ်ဦးဖြစ်ပြီး ဇွန်လ (၁၆) ရက်နေ့ ညနေပိုင်းတွင် နေအိမ်မှပျောက်ဆုံးသွားသဖြင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ အကြောင်းကြားပြီး ရှာဖွကြေရာ အိမ်အနီးရှိ သစ်ပင်တွင် ကြိုးဆွဲချသေဆုံးနေကြောင်း တွေ့ရသဖြင့် ဇွန်လ (၁၈)ရက် နေ့လယ်ပိုင်းတွင် ရဲစခန်းသို့ အကြောင်းကြားလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသွားသူအား မဇ္ဈိမလူမှုကူညီရေးအသင်းမှာ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားပြီး တာဝန်ရှိသူများက ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးပြီး တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~