တာခ်ီလိတ္၌ ေႏြစပါးစံကြက္ရိတ္သိမ္းပဲြ ျပဳလုပ္ရာ တစ္ဧက စပါး(၁၁၈)တင္း ထြက္ရွိ

တာခ်ီလိတ္၌ ေႏြစပါးစံကြက္ရိတ္သိမ္းပဲြ ျပဳလုပ္ရာ တစ္ဧက စပါး(၁၁၈)တင္း ထြက္ရွိ
ဇွန် 19, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဇြန္လ(၁၉)
တာခ်ီလိတ္ၿမဳိ႕နယ္စုိက္ပ်ဳိးေရး ဦးစီးဌာန ႏွင့္ ခရုိင္မ်ဳိးေစ့ ဌာနခဲြတုိ႔ ပူးေပါင္း စမ္းသပ္စုိက္ပ်ဳိးခဲ့သည့္ ဆန္ေမႊး(ထုိင္း)စပါးမ်ဳိး ေႏြစပါးရိတ္သိမ္း ပဲြကုိ ဇြန္လ (၁၈)ရက္၊ နံနက္ (၈)နာရီက ၀မ္လံုးေက်းရြာအုပ္စု၊ လြန္းက်ဳိင္းေက်းရြာကြင္း (ကြင္းျပင္)ရွိ ေတာင္သူ ဦးက်ေလာ ၏ လယ္ေျမ၌ က်င္းပျပဳလုပ္ရာ စပါးတင္းေပါင္း (၁၁၈)တင္း ထြက္ရွိေၾကာင္း သိရသည္။

အဆိုပါ ေႏြစပါး စံကြက္ရိတ္သိမ္းပဲြတြင္ ၿမဳိ႕နယ္စုိက္ပ်ဳိးေရးဦးစီးဌာနမွ ၿမဳိ႕နယ္ဦးစီးမွဴး ဦးစုိင္းခင္ေဇာ္လတ္ က သိပၸံနည္းက်စုိက္ပ်ဳိးနည္း စနစ္ကုိ လည္းေကာင္း၊ ခရုိင္မ်ဳိးေစ့တာ၀န္ခံ ဦးေအးကုိက မ်ဳိးေကာင္းမ်ဳိးသန္႔ သံုးစဲြျခင္း အက်ဳိးေက်းဇူးကုိ လည္းေကာင္း၊ ခရုိင္ေျမအသံုးခ်ေရး တာ၀န္ခံ ေဒၚျမဥမၼာက အီးအမ္ဘုိကာရွိ ေျမေဆြးပံုျပဳလုပ္ သံုးစဲြပံုအဆင့္ဆင့္ႏွင့္ အက်ဳိးေက်းဇူးမ်ားကုိလည္းေကာင္း အသီးသီး ရွင္းလင္း ေဆြးေႏြးၿပီး၊ ျမန္မာ၊ အာခါ၊လားဟူ ဘာသာမ်ားျဖင့္ ျပဳစုထားသည့္ ပညာေပး လက္ကမ္း စာေစာင္မ်ား ျဖန္႔ေ၀ေပးသည္။

ေႏြစပါးစံကြက္ရိတ္သိမ္းရာသုိ႔ ရွမ္းျပည္နယ္လႊတ္ေတာ္ကုိယ္စားလွယ္ ဦးခင္ေမာင္တင့္ ႏွင့္ ဦးညီနပ္ ၊ တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္ အပါအ၀င္၊ ဌာနဆုိင္ရာမ်ား၊ ရပ္ကြက္ ႏွင့္ ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴးမ်ား ၊ ေတာင္သူမ်ား တက္ေရာက္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(အေရွ႕ပုိင္း)တာခ်ီလိတ္ၿမဳိ႕နယ္တြင္ ၂၀၁၅ - ၂၀၁၆ခုႏွစ္၊ ေႏြးစပါးစုိက္ပ်ဳိးရာသီ၌ ေႏြစပါး စုိက္ပ်ဳိးမႈ (၄၆၆)ဧကရွိခဲ့ၿပီး၊ ဆင္းဧကရီ(၃)၊ ပုလဲသြယ္ ႏွင့္ ေရႊရင္ေအး စပါးမ်ဳိးမ်ားအား မုိင္းကုိး ေက်းရြာအုပ္စု၊ ဖန္မင္ေက်းရြာအုပ္စု ၊ ၀မ္လံုးေက်းရြာအုပ္စု တုိ႔တြင္ စုိက္ပ်ဳိးခဲ့ေၾကာင္း သိရသည္။

သတင္း။  ။ ေ၀ယံလင္း
ဓာတ္ပံု။  ။ ယာေဆး
....................

တာချီလိတ်၊ ဇွန်လ(၁၉)
တာချီလိတ်မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန နှင့် ခရိုင်မျိုးစေ့ ဌာနခွဲတို့ ပူးပေါင်း စမ်းသပ်စိုက်ပျိုးခဲ့သည့် ဆန်မွှေး(ထိုင်း)စပါးမျိုး နွေစပါးရိတ်သိမ်း ပွဲကို ဇွန်လ (၁၈)ရက်၊ နံနက် (၈)နာရီက ဝမ်လုံးကျေးရွာအုပ်စု၊ လွန်းကျိုင်းကျေးရွာကွင်း (ကွင်းပြင်)ရှိ တောင်သူ ဦးကျလော၏ လယ်မြေ၌ ကျင်းပပြုလုပ်ရာ စပါးတင်းပေါင်း (၁၁၈)တင်း ထွက်ရှိကြောင်း သိရသည်။

အဆိုပါ နွေစပါး စံကွက်ရိတ်သိမ်းပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းခင်ဇော်လတ် က သိပ္ပံနည်းကျစိုက်ပျိုးနည်း စနစ်ကို လည်းကောင်း၊ ခရိုင်မျိုးစေ့တာဝန်ခံ ဦးအေးကိုက မျိုးကောင်းမျိုးသန့် သုံးစွဲခြင်း အကျိုးကျေးဇူးကို လည်းကောင်း၊ ခရိုင်မြေအသုံးချရေး တာဝန်ခံ ဒေါ်မြဥမ္မာက အီးအမ်ဘိုကာရှိ မြေဆွေးပုံပြုလုပ် သုံးစွဲပုံအဆင့်ဆင့်နှင့် အကျိုးကျေးဇူးများကိုလည်းကောင်း အသီးသီး ရှင်းလင်း ဆွေးနွေးပြီး၊ မြန်မာ၊ အာခါ၊လားဟူ ဘာသာများဖြင့် ပြုစုထားသည့် ပညာပေး လက်ကမ်း စာစောင်များ ဖြနေ့်ဝပေးသည်။

နွေစပါးစံကွက်ရိတ်သိမ်းရာသို့ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့် နှင့် ဦးညီနပ်၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် အပါအဝင်၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ တောင်သူများ တက်ရောက်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်တွင် ၂၀၁၅ - ၂၀၁၆ခုနှစ်၊ နွေးစပါးစိုက်ပျိုးရာသီ၌ နွေစပါး စိုက်ပျိုးမှု (၄၆၆)ဧကရှိခဲ့ပြီး၊ ဆင်းဧကရီ(၃)၊ ပုလဲသွယ် နှင့် ရွှေရင်အေး စပါးမျိုးများအား မိုင်းကိုး ကျေးရွာအုပ်စု၊ ဖန်မင်ကျေးရွာအုပ်စု၊ ဝမ်လုံးကျေးရွာအုပ်စု တို့တွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

သတင်း။ ေဝယံလင်း
ဓာတ်ပုံ။ ယာဆေး

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~