စိုက်ပျိုးရေးဆိုင်ရာ ဥပဒေများ ရှင်းလင်းခြင်းနှင့် နည်းပညာပေး သင်တန်းဖွင့်ပွဲ တာချီလိတ်၌ ကျင်းပ

စိုက်ပျိုးရေးဆိုင်ရာ ဥပဒေများ ရှင်းလင်းခြင်းနှင့် နည်းပညာပေး သင်တန်းဖွင့်ပွဲ တာချီလိတ်၌ ကျင်းပ
ဇှနျ 23, 2016
By Tachileik News Agency

တာချီလိတ်၊ ဇွန်လ (၂၃)
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနက ဒေသခံ တောင်သူများ၏ မိသားစု ၀င်ငွေ တိုးတက်ရရှိပြီး၊ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်စေရန်၊ ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာ၊ မျိုးစေ့များ စသည့် စိုက်ပျိုးရေး ပစ္စည်း အရောင်းဆိုင်များ အနေဖြင့် ဥပဒေများအား တိတိကျကျ လိုက်နာ ဆောင်ရွက်နိုင်စေရန်၊ စိုက်ပျိုးရေး လုပ်ငန်းရှင်များ ပြည်ပမှ တင်သွင်းသည့် စိုက်ပျိုးရေး ပစ္စည်းများအား ဥပဒေ ၊ နည်းဥပဒေများနှင့်အညီ သိရှိ လိုက်နာဆောင်ရွက်နိုင်စေရန် နှင့် ၀န်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မား တိုးတက်စေရန် ရည်ရွယ်၍ စိုက်ပျိုးရေး ဆိုင်ရာ ဥပဒေများ ရှင်းလင်းခြင်းနှင့် နည်းပညာပေး သင်တန်း ဖွင့်ပွဲကို ဇွန်လ (၂၂)ရက်၊ နံနက်(၉)နာရီက မယ်ခေါင်ရပ်ကွက်ရှိ အဆိုပါ ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ကြောင်း သိရသည်။


အဆိုပါ သင်တန်းတွင် မျိုးစေ့ဆိုင်ရာ ဥပဒေ နှင့် မျိုးကောင်းမျိုးသန့်များ စနစ်တကျ စိုက်ပျိုးထုတ်လုပ် ဖြန့်ဖြူးနည်း ၊ ပိုးသတ်ဆေး ဆိုင်ရာ ဥပဒေ၊ ပိုးမွှားရောဂါ ကျရောက်မှု လက္ခဏာများနှင့် ပိုးသတ်ဆေး စနစ်တကျ ကိုင်တွယ် သုံးစွဲနည်း၊ ရိတ်သိမ်းချိန်လွန် နည်းပညာ၊ ရာဘာမျိုးပွားနည်း၊ စိုက်ပျိုးနည်း ၊ အပင်ပြုစုနည်းနှင့် အစေး ခြစ်နည်း၊ မြေသြဇာဆိုင်ရာ ဥပဒေနှင့် အပင် အာဟာရ ချို့တဲ့မှု လက္ခဏာများ အကြောင်းတို့ကို သင်ကြားပေးသွား မည်ဖြစ်ရာ သင်တန်းသို့ တာချီလိတ်မြို့နယ်ရှိ ၀မ်လုံးကျေးရွာအုပ်စု၊ မိုင်းကိုးကျေးရွာအုပ်စု၊ မိုင်းဖုန်း(က)၊ မိုင်းဖုန်း (ခ)ကျေးရွာအုပ်စုများမှ သင်တန်းသား တောင်သူ(၅၂)ဦး၊ တာချီလိတ်ခရိုင် နှင့် မိုင်းဆတ်ခရိုင်တို့ရှိ ဌာန၀န်ထမ်း (၄၀)ဦး စုစုပေါင်း(၉၂)ဦးတက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

သတင်း။  ။  ဝေယံလင်း
ဓာတ်ပုံ။  ။ ဇောင်းညီ
.................

တာချီလိတ်၊ ဇွန်လ (၂၃)
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနက ဒေသခံ တောင်သူများ၏ မိသားစု ဝင်ငွေ တိုးတက်ရရှိပြီး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်၊ ပိုးသတ်ဆေး၊ ဓာတ်မြသြေဇာ၊ မျိုးစေ့များ စသည့် စိုက်ပျိုးရေး ပစ္စည်း အရောင်းဆိုင်များ အနဖြေင့် ဥပဒေများအား တိတိကျကျ လိုက်နာ ဆောင်ရွက်နိုင်စေရန်၊ စိုက်ပျိုးရေး လုပ်ငန်းရှင်များ ပြည်ပမှ တင်သွင်းသည့် စိုက်ပျိုးရေး ပစ္စည်းများအား ဥပဒေ၊ နည်းဥပဒေများနှင့်အညီ သိရှိ လိုက်နာဆောင်ရွက်နိုင်စေရန် နှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မား တိုးတက်စေရန် ရည်ရွယ်၍ စိုက်ပျိုးရေး ဆိုင်ရာ ဥပဒေများ ရှင်းလင်းခြင်းနှင့် နည်းပညာပေး သင်တန်း ဖွင့်ပွဲကို ဇွန်လ (၂၂)ရက်၊ နံနက်(၉)နာရီက မယ်ခေါင်ရပ်ကွက်ရှိ အဆိုပါ ဦးစီးဌာနရုံး၊ အစည်းအေဝးခန်းမ၌ ကျင်းပပြု လုပ်ကြောင်း သိရသည်။

ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန(ကျိုင်းတုံ)မှ ပြည်နယ်ဒုတိယဦးစီးမှူး ဦးတင်ဦး က သင်တန်းဖွင့် အမှာ စကားပြောကြားပြီး၊ ခရိုင်စိုက်ပျိုးရေး ဦးစီး ဌာနမှ ခရိုင်ဦးစီးမှူး ဦးလှဝင်း က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းတွင် မျိုးစေ့ဆိုင်ရာ ဥပဒေ နှင့် မျိုးကောင်းမျိုးသန့်များ စနစ်တကျ စိုက်ပျိုးထုတ်လုပ် ဖြန့်ဖြူးနည်း၊ ပိုးသတ်ဆေး ဆိုင်ရာ ဥပဒေ၊ ပိုးမွှားရောဂါ ကျရောက်မှု လက္ခဏာများနှင့် ပိုးသတ်ဆေး စနစ်တကျ ကိုင်တွယ် သုံးစွဲနည်း၊ ရိတ်သိမ်းချိန်လွန် နည်းပညာ၊ ရာဘာမျိုးပွားနည်း၊ စိုက်ပျိုးနည်း၊ အပင်ပြုစုနည်းနှင့် အစေး ခြစ်နည်း၊ မြသြေဇာဆိုင်ရာ ဥပဒေနှင့် အပင် အာဟာရ ချို့တဲ့မှု လက္ခဏာများ အကြောင်းတို့ကို သင်ကြားပေးသွား မည်ဖြစ်ရာ သင်တန်းသို့ တာချီလိတ်မြို့နယ်ရှိ ဝမ်လုံးကျေးရွာအုပ်စု၊ မိုင်းကိုးကျေးရွာအုပ်စု၊ မိုင်းဖုန်း(က)၊ မိုင်းဖုန်း (ခ)ကျေးရွာအုပ်စုများမှ သင်တန်းသား တောင်သူ(၅၂)ဦး၊ တာချီလိတ်ခရိုင် နှင့် မိုင်းဆတ်ခရိုင်တို့ရှိ ဌာနဝန်ထမ်း (၄၀)ဦး စုစုပေါင်း(၉၂)ဦးတက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

သတင်း။ေဝယံလင်း
ဓာတ်ပုံ။ ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~