ျပည္သူမ်ား ဝန္ထုပ္ဝန္ပိုး မျဖစ္ေစရန္ ေဆာင္ရြက္မည္ဟု ရွမ္း(ေျမာက္)ရဲတပ္ဖြဲ႔ဆို

ျပည္သူမ်ား ဝန္ထုပ္ဝန္ပိုး မျဖစ္ေစရန္ ေဆာင္ရြက္မည္ဟု ရွမ္း(ေျမာက္)ရဲတပ္ဖြဲ႔ဆို
ဇွန် 2, 2016
By Tachileik News Agency
လားရႈိး၊ ဇြန္လ(၂) ရက္
ရဲတပ္ဖြဲ႕အေနျဖင့္ ျပည္သူမ်ား ဝန္ထုပ္ဝန္ပိုး မျဖစ္ေစရန္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) လားရိႈးၿမိဳ႕တြင္ ၀န္ေဆာင္မႈကို ေရွ႕ရွဳေသာ ရဲလုပ္ငန္းဆိုင္ရာႏွင့္ လက္ေတြ႕ အေကာင္အထည္ ေဖာ္ေဆာင္ရြက္မႈ အေျခအေနမ်ား ရွင္းလင္းပြဲတြင္ ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕မွဴးက ေျပာၾကားလိုက္သည္။
"လံုျခံဳေရး၊ တရားဥပေဒစိုးမိုးေရး၊ မႈခင္းႀကိဳတင္ ကာကြယ္ေရးနွင့္ မႈခင္းက်ဆင္းေရးလုပ္ငန္းမ်ား ရက္(၁၀၀) အတြင္း ေဆာင္ရြက္ရာတြင္ မိမိတို႔ အေနျဖင့္ မိတ္ဖက္ အဖြဲ႕အစည္းမ်ားျဖစ္ေသာ ဌာနဆိုင္ရာ မီဒီယာ၊ NGO မ်ား၊ CSOs မ်ားနွင့္ ေပါင္းစပ္ညႇိနႈိင္းေဆာင္ရြက္ၿပီး မူးယစ္ေဆးဝါး အႏၲရာယ္ အသိပညာေပးျခင္း လုပ္ငန္းမ်ားကို ထိေရာက္စြာ လုပ္ေဆာင္သြားမယ္။ ျပည္သူေတြရဲ႕အသံေတြကိုလည္း စဥ္ဆက္မျပတ္ နားေထာင္ရမယ္။ ကၽြန္ေတာ္တို႔ ရဲတပ္ဖြဲ႕ေတြေၾကာင့္ ျပည္သူေတြအေပၚ ဝန္ထုပ္ဝန္ပိုး မျဖစ္ေစရဘူး"ဟု ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ဒုတိယျပည္နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးႀကီးေအာင္ျမတ္မိုးက ေျပာသည္။
ရက္(၁၀၀)စီမံခ်က္တြင္ ပါ၀င္ေသာ လားရႈိးၿမိဳ႕နယ္အတြင္းမွ နိုင္ငံေရးအက်ဥ္းသားမ်ား၊ နိုင္ငံေရး တက္ၾကြ လႈပ္ရွားသူမ်ား၊ နိုင္ငံေရးနွင့္ ဆက္ႏြယ္သည့္ အမႈရင္ဆိုင္ေနရသူမ်ားႏွင့္ စပ္လ်ဥ္း၍ အမႈမ်ားအား ရုပ္သိမ္း/ပိတ္သိမ္းရန္ ညႊန္ၾကားထားေသာ္လည္း ႏိုုင္ငံေရးအက်ဥ္းသားႏွင့္ ဆက္စပ္ေသာ အမႈမ်ားအား ဖြင့္လွစ္ တရားစြဲဆိုထားျခင္း မရွိေၾကာင္း သိရသည္။
ေမလ၏ ေနာက္ဆံုး အပတ္တြင္းက ျပဳလုပ္ခဲ့သည့္ အဆိုပါ အခမ္းအနားသုိ႔ ျမန္မာနုိင္ငံရဲတပ္ဖြဲ႕၀င္မ်ား၊ ဌာနဆုိင္ရာ၀န္ထမ္းမ်ား၊ ၿမိဳ႕အေထာက္အကူျပဳ ေကာ္မတီ၀င္မ်ား၊ ရပ္/ေက်းအုပ္ခ်ဳပ္ေရးအဖြဲ႕၀င္မ်ား၊ တုိင္းရင္းသား႐ုိးရာယဥ္ေက်းမႈအဖြဲ႕မ်ား၊ အရပ္ဖက္အဖြဲ႕အစည္းမ်ား၊ သတင္းမီဒီယာအဖြဲ႕မ်ားႏွင့္ အျခားဖိတ္ၾကားထားေသာ ဧည့္သည္ေတာ္မ်ားတက္ေရာက္ၾကသည္။
သတင္း။  ။ ေအာင္ျပည့္(လားရႈိး)
..............
လားရှိုး၊ ဇွန်လ(၂) ရက်
ရဲတပ်ဖွဲ့အနဖြေင့် ပြည်သူများ ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ဝန်ဆောင်မှုကို ရှေ့ရှုသော ရဲလုပ်ငန်းဆိုင်ရာနှင့် လက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်မှု အခြေအနေများ ရှင်းလင်းပွဲတွင် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးက ပြောကြားလိုက်သည်။
"လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကြိုတင် ကာကွယ်ရေးနှင့် မှုခင်းကျဆင်းရေးလုပ်ငန်းများ ရက်(၁၀၀) အတွင်း ဆောင်ရွက်ရာတွင် မိမိတို့ အနဖြေင့် မိတ်ဖက် အဖွဲ့အစည်းများဖြစ်သော ဌာနဆိုင်ရာ မီဒီယာ၊ NGO များ၊ CSOs များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပြီး မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေးခြင်း လုပ်ငန်းများကို ထိရောက်စွာ လုပ်ဆောင်သွားမယ်။ ပြည်သူတွေရဲ့အသံတွေကိုလည်း စဉ်ဆက်မပြတ် နားထောင်ရမယ်။ ကျွန်တော်တို့ ရဲတပ်ဖွဲ့တွေကြောင့် ပြည်သူတွေအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရဘူး"ဟု ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးက ပြောသည်။
ရက်(၁၀၀)စီမံချက်တွင် ပါဝင်သော လားရှိုးမြို့နယ်အတွင်းမှ နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ၊ နိုင်ငံရေးနှင့် ဆက်နွယ်သည့် အမှုရင်ဆိုင်နေရသူများနှင့် စပ်လျဉ်း၍ အမှုများအား ရုပ်သိမ်း/ပိတ်သိမ်းရန် ညွှန်ကြားထားသော်လည်း နိုင်ငံရေးအကျဉ်းသားနှင့် ဆက်စပ်သော အမှုများအား ဖွင့်လှစ် တရားစွဲဆိုထားခြင်း မရှိကြောင်း သိရသည်။
မေလ၏ နောက်ဆုံး အပတ်တွင်းက ပြုလုပ်ခဲ့သည့် အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့အထောက်အကူပြု ကော်မတီဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာအဖွဲ့များနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ကြသည်။
သတင်း။ အောင်ပြည့်(လားရှိုး)
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~