တန္ဖိုးနည္း တံဆိပ္ေခါင္းမ်ားအား တာခ်ီလိတ္ၿမိဳ႕တြင္း (၂)ေနရာ၌ အလြယ္တကူ ၀ယ္ယူရရွိႏိုင္ၿပီ

တန္ဖိုးနည္း တံဆိပ္ေခါင္းမ်ားအား တာခ်ီလိတ္ၿမိဳ႕တြင္း (၂)ေနရာ၌ အလြယ္တကူ ၀ယ္ယူရရွိႏိုင္ၿပီ
ဇွန် 28, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဇြန္လ(၂၈)
တာခ်ီလိတ္ၿမိဳ႕တြင္ ျပည္တြင္းအခြန္မ်ားဦးစီးဌာနမွ ေရာင္းခ်ေပးေနေသာ တံဆိပ္ေခါင္းမ်ားကို ရံုးတစ္ခုတည္း၌သာ မဟုတ္ေတာ့ဘဲ၊ ရုံးျပင္ပတြင္လည္း ၀ယ္ယူရရွိႏိုင္ရန္အတြက္ တံဆိပ္ေခါင္း ေရာင္းခြင့္လိုင္စင္ကို တာခ်ီလိတ္ၿမိဳ႕တြင္း၌ လုပ္ငန္းရွင္ (၂)ဦးအား ထုတ္ေပးထားေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္အခြန္ဦးစီးဌာနရံုးမွ တံဆိပ္ေခါင္းေရာင္းခ်ခြင့္လိုင္စင္ကို တာခ်ီလိတ္ၿမိဳ႕နယ္ဓမၼာရံုေရွ႕ရွိ "ေအာင္ၿဖဳိး"မိတၱဴဆိုင္ ႏွင့္ ဆန္ဆိုင္း(ခ)ရပ္ကြက္ရွိ "လျပည့္၀န္း"ဆိုင္တို႔တြင္ ထုတ္ေပးထားၿပီး၊ အဆိုပါ ဆိုင္မ်ားတြင္ အလြယ္တကူ ၀ယ္ယူရရွိႏိုင္ၿပီျဖစ္သည္။

"အခုခ်ေပးထားတဲ့ ဆိုင္ေတြမွာေတာ့ တန္ဖိုးနည္း တံဆိပ္ေခါင္းေတြပဲ ရရွိမွာ ျဖစ္ပါတယ္၊ အိမ္၊ၿခံ၊ေျမ နဲ႔ ပတ္သက္တဲ့ အျခားေသာ တန္ဖိုးႀကီး တံဆိပ္ေခါင္းေတြကိုေတာ့ ၀င္ေငြခြန္သြင္းၿပီးမွ ေဆာင္ရတာဆိုေတာ့ ရံုးမွာပဲ လာၿပီးေဆာင္ရြက္ရမွာပါ။"ဟု  တာခ်ီလိတ္ၿမိဳ႕နယ္ ျပည္တြင္းအခြန္မ်ား ဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးတိုးလႈိင္က ေျပာသည္။

ျပည္တြင္းအခြန္မ်ားဦးစီးဌာန၏ လိုင္စင္ရ တံဆိပ္ေခါင္းေရာင္းခ်သူမ်ားအား ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္အစိုးရ၊ စီမံကိန္းႏွင့္ဘ႑ာေရး၀န္ႀကီးဌာန၏ အခြန္တံဆိပ္ေခါင္း ေရာင္းခ်ျခင္းဆိုင္ရာ နည္းဥပေဒ အခန္း(၂)၊ နည္းဥပေဒ(၆)၏ သတ္မွတ္ခ်က္မ်ားႏွင့္အညီ တံဆိပ္ေခါင္းေရာင္းခ်ခြင့္ လိုင္စင္အား ထုတ္ေပးလိုက္တာ ျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ကိုေဇာင္း
....................

တာချီလိတ်၊ ဇွန်လ(၂၈)
တာချီလိတ်မြို့တွင် ပြည်တွင်းအခွန်များဦးစီးဌာနမှ ရောင်းချပေးနေသော တံဆိပ်ခေါင်းများကို ရုံးတစ်ခုတည်း၌သာ မဟုတ်တော့ဘဲ၊ ရုံးပြင်ပတွင်လည်း ဝယ်ယူရရှိနိုင်ရန်အတွက် တံဆိပ်ခေါင်း ရောင်းခွင့်လိုင်စင်ကို တာချီလိတ်မြို့တွင်း၌ လုပ်ငန်းရှင် (၂)ဦးအား ထုတ်ပေးထားကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အခွန်ဦးစီးဌာနရုံးမှ တံဆိပ်ခေါင်းရောင်းချခွင့်လိုင်စင်ကို တာချီလိတ်မြို့နယ်ဓမ္မာရုံရှေ့ရှိ "အောင်ဖြိုး"မိတ္တူဆိုင် နှင့် ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ "လပြည့်ဝန်း"ဆိုင်တို့တွင် ထုတ်ပေးထားပြီး၊ အဆိုပါ ဆိုင်များတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။

"အခုချပေးထားတဲ့ ဆိုင်တွေမှာတော့ တန်ဖိုးနည်း တံဆိပ်ခေါင်းတွေပဲ ရရှိမှာ ဖြစ်ပါတယ်၊ အိမ်၊ခြံ၊မြေ နဲ့ ပတ်သက်တဲ့ အခြားသော တန်ဖိုးကြီး တံဆိပ်ခေါင်းတွေကိုတော့ ဝင်ငွေခွန်သွင်းပြီးမှ ဆောင်ရတာဆိုတော့ ရုံးမှာပဲ လာပြီးဆောင်ရွက်ရမှာပါ။"ဟု တာချီလိတ်မြို့နယ် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတိုးလှိုင်က ပြောသည်။

ပြည်တွင်းအခွန်များဦးစီးဌာန၏ လိုင်စင်ရ တံဆိပ်ခေါင်းရောင်းချသူများအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အခွန်တံဆိပ်ခေါင်း ရောင်းချခြင်းဆိုင်ရာ နည်းဥပဒေ အခန်း(၂)၊ နည်းဥပဒေ(၆)၏ သတ်မှတ်ချက်များနှင့်အညီ တံဆိပ်ခေါင်းရောင်းချခွင့် လိုင်စင်အား ထုတ်ပေးလိုက်တာ ဖြစ်ကြောင်း သိရသည်။

သတင်း။ ကိုဇောင်း

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~