တရားမ၀င် တရုတ်နိုင်ငံသား (၃)ဦးအား မိုင်းယု၌ ဖမ်းဆီးရမိ

တရားမ၀င် တရုတ်နိုင်ငံသား (၃)ဦးအား မိုင်းယု၌ ဖမ်းဆီးရမိ
ဇှနျ 19, 2016
By Tachileik News Agency

မိုင်းယု ဇွန်လ(၁၉)

တာချီလိတ်ခရိုင်၊ မိုင်းယုမြို့နယ်အတွင်းရှိ ငှက်ပျောခြံ(၁၀)ခြံအတွင်း တရုတ်နိုင်ငံသားများ တရားမ၀င် ၀င်ရောက်နေထိုင်လုပ်ကိုင်နေကြောင်း သတင်းရရှိသဖြင့် အမျိုးသား မှတ်ပုံတင်ဦးစီးဌာနမှ လူဝင်မှုကြီးကြပ်ရေးမှူးနှင့် မိုင်းယောင်းမြို့ အမှတ်(၃၃၄)ခြေမြန်တပ်ရင်းမှ တပ်မတော်သားများနှင့် ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ၀င်ရောက်ရှာဖွေစစ်ဆေးရာမှ အထောက်အထားမဲ့ တရားမ၀င် ၀င်ရောက်နေထိုင်နေသော တရုတ်နိုင်ငံသား(၃)ဦးအား စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူ တရုတ်နိုင်ငံသား(၃)ဦးအား မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေဖြင့် အရေးယူနိုင်ရန် မိုင်းယုမြို့ နယ်မြေရဲစခန်းမှ (ပ)အမှတ်၊( ၅/၂၀၁၆)ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

သတင်း။  ။ ကိုကိုနိုင်(မိုင်းယု)
...................

မိုင်းယု၊ ဇွန်လ(၁၉)
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ မိုင်းယုမြို့၊ ဒေါင်းနိုးကျေးရွာအနီးရှိ ငှက်ပျောခြံတွင် ဇွန်လ(၁၈)ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံသား(၃)ဦး တရားမဝင် ဝင်ရောက်နေထိုင်နေသည်ကိုတွေ့ရှိသဖြင့် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေအရ အမှုဖွင့်လှစ် အရေးယူထားကြောင်း သိရသည်။

တာချီလိတ်ခရိုင်၊ မိုင်းယုမြို့နယ်အတွင်းရှိ ငှက်ပျောခြံ(၁၀)ခြံအတွင်း တရုတ်နိုင်ငံသားများ တရားမဝင် ဝင်ရောက်နေထိုင်လုပ်ကိုင်နေကြောင်း သတင်းရရှိသဖြင့် အမျိုးသား မှတ်ပုံတင်ဦးစီးဌာနမှ လူဝင်မှုကြီးကြပ်ရေးမှူးနှင့် မိုင်းယောင်းမြို့ အမှတ်(၃၃၄)ခြမြေန်တပ်ရင်းမှ တပ်မတော်သားများနှင့် ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ဝင်ရောက်ရှာဖွေစစ်ဆေးရာမှ အထောက်အထားမဲ့ တရားမဝင် ဝင်ရောက်နေထိုင်နေသော တရုတ်နိုင်ငံသား(၃)ဦးအား စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြို့မရပ်ကွက်၊ ဒေါင်နိုးကျေးရွာအနီး ငှက်ပျောခြံစိုက်ခင်း အတွင်း၌ မည်သည့်အထောက်အထား လက်မှတ်မျှ ကိုင်ဆောင်ထားခြင်းမရှိသော မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူ တရုတ်နိုင်ငံသား အိုက်အွန် (၄၉နှစ်)၊ အိုက်ငင်း(၂၂နှစ်)နှင့် မအီအွမ်(၄၆နှစ်)တို့ကို တွေ့ရှိ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူ တရုတ်နိုင်ငံသား(၃)ဦးအား မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒဖြေင့် အရေးယူနိုင်ရန် မိုင်းယုမြို့ နယ်မြေရဲစခန်းမှ (ပ)အမှတ်၊( ၅/၂၀၁၆)ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

သတင်း။ ကိုကိုနိုင်(မိုင်းယု)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~