မိုင်းဖြတ်၌ ယာဉ်တိုက်မှုဖြစ်ရာမှ တရားမဝင် သယ်လာသည့် သစ်များဖမ်းမိ

မိုင်းဖြတ်၌ ယာဉ်တိုက်မှုဖြစ်ရာမှ တရားမဝင် သယ်လာသည့် သစ်များဖမ်းမိ
ဇှနျ 21, 2016
By Tachileik News Agency

မိုင်းဖြတ်၊ ဇွန်လ(၂၁)


တရားမ၀င် တင်ဆောင်လာသည့် ပိတောက်သစ်ခွဲသားများအား ရှာဖွေပုံစံဖြင့် သိမ်းဆည်းကာ ယာဉ်မောင်းဖြစ်သူကို ယာဉ်အား မဆင်မခြင်မောင်းနှင်မှုအပြင် တရားမ၀င်သစ်များ သယ်ဆောင်လာသဖြင့် သစ်တောဥပဒေဖြင့်ပါ မိုင်းဖြတ်မြို့မရဲစခန်းတွင် (ပ)၇/၂၀၁၆၊ ပြစ်မှုပုဒ်မ ၂၇၈၊ သစ်တောဥပဒေပုဒ်မ ၄၂(ခ)တို့ဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

သတင်း။  ။ ကိုသာ
................................

မိုင်းဖြတ်၊ ဇွန်လ(၂၁)
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဖြတ်မြို့တွင် ယာဉ်တိုက်မှုဖြစ်ပွားရာမှ ဝှက်၍သယ်ဆောင်လာသည့် သစ်ခွဲသား (ဝ.၆၈)တန်အား ဖမ်းဆီးရမိလိုက်ကြောင်း သိရသည်။

ဇွန်လ (၂၁) ရက်က ကီလိုပစ္စည်းများ သယ်ဆောင်လာသည့် ယာဉ်သည် အချိန်လွန်ကာ လမ်းဘေးဆွဲချသွားသဖြင့် စီယာတိုင်ဆွဲလှည့်လိုက်ရာ မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသော Vigo Hilux မော်တော်ယာဉ်အား ခေါင်းပိုင်းဖိမိ၍ တိမ်းမှောက်သွားစဉ် ကီလိုပစ္စည်းများအောက်၌ ဝှက်၍ သယ်ဆောင်လာသည့် ပိတောက်သားသစ်ခွဲသားများအား တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

တရားမဝင် တင်ဆောင်လာသည့် ပိတောက်သစ်ခွဲသားများအား ရှာဖွေပုံစံဖြင့် သိမ်းဆည်းကာ ယာဉ်မောင်းဖြစ်သူကို ယာဉ်အား မဆင်မခြင်မောင်းနှင်မှုအပြင် တရားမဝင်သစ်များ သယ်ဆောင်လာသဖြင့် သစ်တောဥပဒဖြေင့်ပါ မိုင်းဖြတ်မြို့မရဲစခန်းတွင် (ပ)၇/၂၀၁၆၊ ပြစ်မှုပုဒ်မ ၂၇၈၊ သစ်တောဥပဒေပုဒ်မ ၄၂(ခ)တို့ဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

သတင်း။ ကိုသာ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~