တာခ်ီလိတ္၌ သဘင္ပညာရွင္မ်ားအစည္းအရုံး ဖြဲ႔စည္းရန္ ဗဟိုႏွင့္ ေတြ႕ဆံု

တာခ်ီလိတ္၌ သဘင္ပညာရွင္မ်ားအစည္းအရုံး ဖြဲ႔စည္းရန္ ဗဟိုႏွင့္ ေတြ႕ဆံု
ဇွန် 18, 2016
By Tachileik News Agency
တာခ်ီလိတ္၊ ဇြန္လ(၁၈)
ျမန္မာႏိုင္ငံသဘင္ပညာရွင္မ်ားအစည္းအရုံးဗဟို ဥကၠဌ ဖိုးခ်စ္ႏွင့္ တာခ်ီလိတ္သဘင္ပညာရွင္မ်ား၊ ယဥ္ေက်းမႈအဖြဲ႕အစည္းမ်ားမွ ယေန႔ ဇြန္လ(၁၈)ရက္ေန႔ နံနက္ပိုင္းက တာခ်ီလိတ္ၿမိဳ႕ရွိ ရွမ္းရိုးမကြင္းအတြင္း ေတြ႕ဆံုကာ ေဆြးေႏြးခဲ့ၾကသည္။
ယခုလို ေတြ႕ဆံုေဆြးေႏြးျခင္းသည္ တာခ်ီလိတ္ၿမိဳ႕၌ သဘင္ပညာရွင္မ်ားအစည္းအရုံးအျဖစ္ ဖြဲ႕စည္းရန္အတြက္ ျဖစ္ေၾကာင္းႏွင့္ သဘင္ပညာဆိုင္ရာႏွင့္ အႏုပညာအေၾကာင္းအရာမ်ားကို ေဆြးေႏြးဖလွယ္ၾကျခင္း ျဖစ္ေၾကာင္း သိရသည္။ 
တာခ်ီလိတ္ၿမိဳ႕သဘင္ပညာရွင္မ်ားအစည္းအရုံး(ယာယီ)အျဖစ္  အခမ္းအနားတက္ေရာက္လာေသာ ေဒသခံ သဘင္ပညာရွင္မ်ား ႏွင့္ ယဥ္ေက်းမႈ အဖြဲ႕အစည္းမ်ားျဖင့္ ယာယီအဖြဲ႕၀င္အျဖစ္ သတ္မွတ္ခဲ့ၿပီး၊ အဆိုပါ ယာယီအဖြဲ႕အစည္းအား ဦးေဆာင္သူ အေနျဖင့္ ရွမ္းျပည္နယ္ ဆိုကေရးတီး ေရႊတံဆိပ္ဆုရွင္ ဦးမင္းမင္းထြန္းအား မဲေပးစနစ္ျဖင့္ ေရြးခ်ယ္ခန္႔အပ္ခဲ့ေၾကာင္း သိရသည္။
ဆက္လက္ၿပီး ေကာက္ခံရရွိေသာ အဖြဲ႕၀င္စာရင္းမ်ားအား ျမန္မာႏိုင္ငံသဘင္ပညာရွင္မ်ားအစည္းအရုံးဗဟိုမွ စိစစ္၍ တရား၀င္အျဖစ္ ဖြဲ႕စည္းသြားမွာျဖစ္ေၾကာင္း သိရသည္။
သတင္း/ ဓာတ္ပံု။  ။ ေဇာင္းညီ
..............
တာချီလိတ်၊ ဇွန်လ(၁၈)
မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံးဗဟို ဥက္ကဌ ဖိုးချစ်နှင့် တာချီလိတ်သဘင်ပညာရှင်များ၊ ယဉ်ကျေးမှုအဖွဲ့အစည်းများမှ ယနေ့ ဇွန်လ(၁၈)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းအတွင်း တွေ့ဆုံကာ ဆွေးနွေးခဲ့ကြသည်။
ယခုလို တွေ့ဆုံဆွေးနွေးခြင်းသည် တာချီလိတ်မြို့၌ သဘင်ပညာရှင်များအစည်းအရုံးအဖြစ် ဖွဲ့စည်းရန်အတွက် ဖြစ်ကြောင်းနှင့် သဘင်ပညာဆိုင်ရာနှင့် အနုပညာအကြောင်းအရာများကို ဆွေးနွေးဖလှယ်ကြခြင်း ဖြစ်ကြောင်း သိရသည်။ 
တာချီလိတ်မြို့သဘင်ပညာရှင်များအစည်းအရုံး(ယာယီ)အဖြစ် အခမ်းအနားတက်ရောက်လာသော ဒေသခံ သဘင်ပညာရှင်များ နှင့် ယဉ်ကျေးမှု အဖွဲ့အစည်းများဖြင့် ယာယီအဖွဲ့ဝင်အဖြစ် သတ်မှတ်ခဲ့ပြီး၊ အဆိုပါ ယာယီအဖွဲ့အစည်းအား ဦးဆောင်သူ အနဖြေင့် ရှမ်းပြည်နယ် ဆိုကရေးတီး ရွှေတံဆိပ်ဆုရှင် ဦးမင်းမင်းထွန်းအား မဲပေးစနစ်ဖြင့် ရွေးချယ်ခန့်အပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ကောက်ခံရရှိသော အဖွဲ့ဝင်စာရင်းများအား မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံးဗဟိုမှ စိစစ်၍ တရားဝင်အဖြစ် ဖွဲ့စည်းသွားမှာဖြစ်ကြောင်း သိရသည်။
သတင်း/ ဓာတ်ပုံ။ ဇောင်းညီ
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net