ကျိုင်းတုံ၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးအရေးယူမည့် အစီအစဉ် ပယ်ဖျက်ပြီး၊ ရက်ပေါင်း (၉၀)ပညာပေး ကာလအဖြစ် သတ်မှတ်ကာ ဆောင်ရွက်မည်
ကျိုင်းတုံ၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးအရေးယူမည့် အစီအစဉ် ပယ်ဖျက်ပြီး၊ ရက်ပေါင်း (၉၀)ပညာပေး ကာလအဖြစ် သတ်မှတ်ကာ ဆောင်ရွက်မည်
ဇှနျ 30, 2016
By Tachileik News Agency
ကျိုင်းတုံ၊ ဇွန်လ(၃၀)
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် လိုင်စင်မဲ့မော်တော်ယာဉ်များအား ဇူလိုင်လ (၁) ရက်တွင် ဖမ်းဆီးမည့် မူလအစီအစဉ်ကို ပယ်ဖျက်ကာ ရက်ပေါင်း(၉၀) ပညာပေး ကာလအဖြစ် စီမံချက် ရွှေ့ဆိုင်းလိုက်ကြောင်းကို ဇွန်လ (၂၉)ရက်နေ့၊ နေ့လယ်(၁)နာရီတွင် ပြုလုပ်သည့် ကျိုင်းတုံခရိုင်စီမံခန့်  ခွဲရေး ကော်မတီအစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ကျိုင်းတုံမြို့ နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ ရုံးမှ သိရသည်။
အဆိုပါ အစည်းအဝေးတွင် ချမှတ်ခဲ့သော မူဘောင်များကို ခရိုင်စီမံခန့် ခွဲမှုကော်မတီမှ ပြည်နယ် ၀န်ကြီးချုပ်ထံ ဆက်လက် တင်ပြမည်ဖြစ်ပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ မှလည်း အထက်သို့ 
ယခုကဲ့သို့  မူလက အတည်ပြုရေးဆွဲထားသော စီမံချက်ကို ရက်ရွှေ့ ကာ ပညာပေးကာလအဖြစ် ထပ်မံသတ်မှတ်ရန် ဆုံးဖြတ်ခဲ့ရခြင်းမှာ လိုင်စင်မဲ့မော်တော်ယာဉ်များကို ဖမ်းဆီးသည့်အတွက် (၂၁)ရာစုငြိမ်းချမ်းရေးဆွေးနွေးပွဲကို ထိခိုက်မည်ကို စိုးရိမ်သည့်အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲကာလ ပြီးသည်အထိ ပညာပေးကာလသတ်မှတ်မည်ဟု ဆုံးဖြတ်ခဲ့ပြီး ရက်ပေါင်း(၉၀)ကို ပညာပေးကာလအဖြစ် အစည်းအဝေးတွင် အများဆန္ဒဖြင့် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
သတင်း။  ။ ဇွဲမြတ်
...............
ကျိုင်းတုံ၊ ဇွန်လ(၃၀)
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် လို်င်စင်မဲ့မော်တော်ယာဉ်များအား ဇူလိုင်လ (၁) ရက်တွင် ဖမ်းဆီးမည့် မူလအစီအစဉ်ကို ပယ်ဖျက်ကာ ရက်ပေါင်း(၉၀) ပညာပေး ကာလအဖြစ် စီမံချက် ရွှေ့ဆိုင်းလိုက်ကြောင်းကို ဇွန်လ (၂၉)ရက်နေ့၊ နေ့လယ်(၁)နာရီတွင် ပြုလုပ်သည့် ကျိုင်းတုံခရိုင်စီမံခန့် ခွဲရေး ကော်မတီအစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ကျိုင်းတုံမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ သိရသည်။
"ပြည်နယ်ဝန်ကြီးချုပ်က လိုင်စင်မဲ့ မော်တော်ယာဉ်တွေကို ဖမ်းဆီးရာမှာ မူဘောင်အတွင်းကနေ ဥပဒေ အတိုင်း ဆောင်ရွက်ဖို့မှာကြားထားတဲ့ အတွက် မနေ့က မူဘောင်သတ်မှတ်ဖို့ ဆိုပြီးတော့ ပြုလုပ်တဲ့ အစည်းအေဝးမှာ ကျွန်တော်တို့ ယာဉ်ထိန်းရဲတပ်ဖွဲ့က လို်င်စင်မဲ့ မော်တော်ယာဉ်တွေကို ဇူလိုင်(၁)ရက်နေ့မှာ စတင်ဖမ်းဆီးမယ်လို့ မူလက စီမံချက်ဆွဲထားတာကို ရက်ရွှေ့ပြီးတော့ ရက်ပေါင်း(၉၀)ကို ပညာပေးကာလအဖြစ် ထပ်ပြီးသတ်မှတ်မယ်လို့ အများဆန္ဒနဲ့ အစည်းအေဝးကဆုံးဖြတ်ခဲ့ပါတယ်။"ဟု အမှတ်(၁၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ကျိုင်းတုံ)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးအောင်လွင်က ပြောသည်။
အဆိုပါ အစည်းအေဝးတွင် ချမှတ်ခဲ့သော မူဘောင်များကို ခရိုင်စီမံခန့်ခွဲမှုကော်မတီမှ ပြည်နယ် ဝန်ကြီးချုပ်ထံ ဆက်လက် တင်ပြမည်ဖြစ်ပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှလည်း အထက်သို့
ဆက်လက် တင်ပြကာ ရက်ပေါင်း(၉၀)ကို ပညာပေးကာလအဖြစ် သတ်မှတ်ခြင်းကို လက်ခံ/မခံ အတည်ပြုချက်များ ဆက်လက်၍ ရယူသွားမည်ဖြစ်ကြောင်း သိရသည်။
"ဒီလို လိုင်စင်မဲ့ မော်တော်ယာဉ်တွေရှိနေတဲ့အတွက် ကျွန်တော်တို့ယာဉ်ထိန်းတွေကို အကျိုး သက်ရောက်မှုတွေ ဖြစ်ပေါ်စေပါတယ်။ ဘာလို့လဲဆိုတော့ ယာဉ်တိုက်မှုဖြစ်ပေါ်တဲ့အခါမှာ လိုင်စင်မဲ့ မော်တော်ယာဉ်တွေဆိုရင် ဖမ်းဆီးဖို့က ခက်တယ်။ တကယ်လို့ လိုင်စင်ရှိတဲ့ မော်တော်ယာဉ်တွေဆိုရင် နံပါတ်သိရင် ရှာရလွယ်တာပေါ့။ ဒီမှာဆိုရင်လည်း တိုက်ပြေးအမှုတွေရှိတယ်။ အဲ့လိုဆိုရင် နံပါတ်သိပြီး ဘာမှလုပ်လို့မရဘူး။ ပညာပေးကာလပြီးရင်တော့ လိုင်စင်မဲ့နဲ့ ဖမ်းဆီးရမိတဲ့ မော်တော်ယာဉ်တွေကို အခွန်ဥပဒေနဲ့ သိမ်းမှာဖြစ်ပြီး ယာဉ်ပိုင်ရှင်ကို မော်တော်ယာဉ်ဥပဒေနဲ့ အရေးယူသွားပါမယ်။"ဟု၎င်းက ဆက်ပြောသည်။
ယခုကဲ့သို့ မူလက အတည်ပြုရေးဆွဲထားသော စီမံချက်ကို ရက်ရွှေ့ကာ ပညာပေးကာလအဖြစ် ထပ်မံသတ်မှတ်ရန် ဆုံးဖြတ်ခဲ့ရခြင်းမှာ လိုင်စင်မဲ့မော်တော်ယာဉ်များကို ဖမ်းဆီးသည့်အတွက် (၂၁)ရာစုငြိမ်းချမ်းရေးဆွေးနွေးပွဲကို ထိခိုက်မည်ကို စိုးရိမ်သည့်အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲကာလ ပြီးသည်အထိ ပညာပေးကာလသတ်မှတ်မည်ဟု ဆုံးဖြတ်ခဲ့ပြီး ရက်ပေါင်း(၉၀)ကို ပညာပေးကာလအဖြစ် အစည်းအေဝးတွင် အများဆန္ဒဖြင့် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
သတင်း။ ဇွဲမြတ်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~