က်ိဳင္းတံုၿမိဳ႕ခံမ်ား ပါဝင္ကစားသည့္ ဂ်ိမ္းေဖာယူႏိုက္တက္အသင္းက ဖိုးခ်စ္ဦးေဆာင္ေသာ မဟာယူႏိုက္တက္အသင္းကို ပင္နယ္တီအဆုံးအျဖတ္ျဖင့္ အႏိုင္ရ

က်ိဳင္းတံုၿမိဳ႕ခံမ်ား ပါဝင္ကစားသည့္ ဂ်ိမ္းေဖာယူႏိုက္တက္အသင္းက ဖိုးခ်စ္ဦးေဆာင္ေသာ မဟာယူႏိုက္တက္အသင္းကို ပင္နယ္တီအဆုံးအျဖတ္ျဖင့္ အႏိုင္ရ
ဇွန် 29, 2016
By Tachileik News Agency

က်ဳိင္းတံု၊ ဇြန္လ(၂၉)
ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ၊ က်ိဳင္းတံုၿမိဳ႕တြင္ ဖိုးခ်စ္ဦးေဆာင္ေသာ မဟာယူႏိုက္တက္သင္းႏွင့္ ေဒသခံမ်ား ပါဝင္သည့္ ဂ်ိမ္းေဖာယူႏိုက္တက္အသင္းတို႔၏ ခ်စ္ၾကည္ေရးေဘာလုံးၿပိဳင္ပြဲကို ယေန႔ဇြန္လ(၂၉)ရက္ေန႔ ညေန(၄)နာရီက က်ိဳင္းတုံၿမိဳ႕ရွိ ၿမိဳ႕မအားကစားကြင္း၌ က်င္းပျပဳလုပ္ရာ ေဒသခံ အေျမာက္အမ်ား လာေရာက္အားေပးခဲ့ၾကသည္။

အဆိုပါ ေဘာလုံးၿပိဳင္ပြဲ၌ ပထမပိုင္း(၄၅)မိနစ္အတြင္းမွာ ဂ်ိမ္းေဖာရတနာအသင္း ႏွင့္ မဟာယူႏိုက္တက္အသင္းတို႔ တစ္ဖက္ (၁)ဂိုးစီ သေရျဖင့္ ပထမပိုင္း(၄၅)မိနစ္ ၿပီးခဲ့သည္။

ဆက္လက္၍ ဒုတိယပိုင္း (၄၅)မိနစ္တြင္မူ အျပန္အလွန္ ထိုးေဖာက္ တိုက္စစ္ဆင္ႏိုင္ခဲ့ၾကေသာ္လည္း ေနာက္ဆံုးတြင္ တစ္ဖတ္တစ္ဂိုးစီျဖင့္ သေရရလဒ္သာထြက္ေပၚခဲ့သည့္အတြက္ အခ်ိန္ပို မိနစ္(၃၀)ဆက္လက္ ကစားျခင္းမရိွဘဲ ပင္နယ္တီအဆုံးအျဖတ္ ခံယူခဲ့ၾကရာ (၄)ဂိုး၊(၃)ဂိုးျဖင့္ ၿမိဳ႕ခံ ဂ်ိမ္းေဖာရတနာ အသင္းက အႏုပညာရွင္မ်ား ဦးေဆာင္သည့္ ေဘာလံုးအသင္းကို အနိုင္ရရိွခဲ့သည္။

ၿပိဳင္ပြဲတြင္ ဖိုးခ်စ္ဦးေဆာင္ေသာ မဟာယူနိုက္တက္အသင္း၌ အနုပညာရွင္မ်ားျဖစ္ၾကသည္႔ ထြန္းထြန္း၊ မိုးယံဇြန္၊ သူထူးစံ၊ ယုန္ေလး၊ Dၿဖိဳး၊ ေဝလ်ံ၊ ေအာင္ဆန္းပြင့္ ႏွင့္ ေဇာ္လင္းထြန္းတို႔ ပါဝင္ကစားေပးခဲ့ၿပီး က်ိဳင္းတံုၿမိဳ႕၏ သမိုင္းတစ္ေလွ်ာက္တြင္ ပထမဆုံး ပရိသတ္မ်ား ကြင္းျပည့္ကြင္းလွ်ံအားေပးသည္႔ ေဘာလုံးပြဲတစ္ပြဲျဖစ္ခဲ့ေၾကာင္း သိရွိရသည္။

သတင္း/ဓာတ္ပံု။  ။ ဇြဲျမတ္
.....................

ကျိုင်းတုံ၊ ဇွန်လ(၂၉)
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ ကျိုင်းတုံမြို့တွင် ဖိုးချစ်ဦးဆောင်သော မဟာယူနိုက်တက်သင်းနှင့် ဒေသခံများ ပါဝင်သည့် ဂျိမ်းဖောယူနိုက်တက်အသင်းတို့၏ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို ယနေ့ဇွန်လ(၂၉)ရက်နေ့ ညနေ(၄)နာရီက ကျိုင်းတုံမြို့ရှိ မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ဒေသခံ အမြောက်အများ လာရောက်အားပေးခဲ့ကြသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲ၌ ပထမပိုင်း(၄၅)မိနစ်အတွင်းမှာ ဂျိမ်းဖောရတနာအသင်း နှင့် မဟာယူနိုက်တက်အသင်းတို့ တစ်ဖက် (၁)ဂိုးစီ သရဖြေင့် ပထမပိုင်း(၄၅)မိနစ် ပြီးခဲ့သည်။

ဆက်လက်၍ ဒုတိယပိုင်း (၄၅)မိနစ်တွင်မူ အပြန်အလှန် ထိုးဖောက် တိုက်စစ်ဆင်နိုင်ခဲ့ကြသော်လည်း နောက်ဆုံးတွင် တစ်ဖတ်တစ်ဂိုးစီဖြင့် သရေရလဒ်သာထွက်ပေါ်ခဲ့သည့်အတွက် အချိန်ပို မိနစ်(၃၀)ဆက်လက် ကစားခြင်းမရှိဘဲ ပင်နယ်တီအဆုံးအဖြတ် ခံယူခဲ့ကြရာ (၄)ဂိုး၊(၃)ဂိုးဖြင့် မြို့ခံ ဂျိမ်းဖောရတနာ အသင်းက အနုပညာရှင်များ ဦးဆောင်သည့် ဘောလုံးအသင်းကို အနိုင်ရရှိခဲ့သည်။

ပြိုင်ပွဲတွင် ဖိုးချစ်ဦးဆောင်သော မဟာယူနိုက်တက်အသင်း၌ အနုပညာရှင်များဖြစ်ကြသည့် ထွန်းထွန်း၊ မိုးယံဇွန်၊ သူထူးစံ၊ ယုန်လေး၊ Dဖြိုး၊ ဝေလျံ၊ အောင်ဆန်းပွင့် နှင့် ဇော်လင်းထွန်းတို့ ပါဝင်ကစားပေးခဲ့ပြီး ကျိုင်းတုံမြို့၏ သမိုင်းတစ်လျှောက်တွင် ပထမဆုံး ပရိသတ်များ ကွင်းပြည့်ကွင်းလျှံအားပေးသည့် ဘောလုံးပွဲတစ်ပွဲဖြစ်ခဲ့ကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ။ ဇွဲမြတ်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~