(၈)တန္းႏွင့္ (၁၀)တန္းအတြက္ ပညာဒါနအျဖစ္ တာခ်ီလိတ္ရွိ ေ၀ဠဳ၀န္ေက်ာင္းတိုက္မွ ေက်ာင္းပိတ္ရက္ သင္တန္းအျဖစ္ အခမဲ့ သင္ၾကားေပးမည္

(၈)တန္းႏွင့္ (၁၀)တန္းအတြက္ ပညာဒါနအျဖစ္ တာခ်ီလိတ္ရွိ ေ၀ဠဳ၀န္ေက်ာင္းတိုက္မွ ေက်ာင္းပိတ္ရက္ သင္တန္းအျဖစ္ အခမဲ့ သင္ၾကားေပးမည္
ဇွန် 14, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဇြန္လ(၁၄)ရက္
တာခ်ီလိတ္ၿမိဳ႕တြင္ အဌမတန္းႏွင့္ တကၠသိုလ္ဝင္တန္းမ်ားအား ေက်ာင္းပိတ္ရက္မ်ားတြင္ အခမဲ့သင္ၾကား ေပးမည့္သင္တန္းဖြင့္လွစ္ရန္ တာခ်ီလိတ္ၿမိဳ႕၊ ရန္ေအာင္ေျမရပ္ကြက္ရွိ ေ၀ဠဳ၀န္ေက်ာင္းတိုက္မွ စီစဥ္ေနေၾကာင္း သိရသည္။

အဆိုပါသင္တန္းကို အေတြ႕အႀကံဳရွိ ဆရာမ်ားမွ အခမဲ့သင္ၾကားေပးသြားမည္ျဖစ္ၿပီး တက္ေရာက္လို သူမ်ား စာရင္းေပးသြင္းၾကရန္လိုေၾကာင္း သိရသည္။

 “ဆရာေတြကေတာ့ (၇)ေယာက္ရွိၿပီ။ ဆရာေတြအားလုံးကလည္း အေတြ႕အႀကံဳရိွၿပီးသားေတြျဖစ္တယ္။ အဓိက သူတို႔တတ္ေျမာက္ထားတဲ့ ပညာေတြကို အလကားမျဖစ္ေအာင္လို႔ဆိုၿပီး တကယ္လိုအပ္ေနတဲ့ ေက်ာင္းသားေတြအတြက္ ပညာဒါနအေနနဲ႔ အခုသင္တန္းကိုလုပ္ဖို႔ လာေလွ်ာက္တာနဲ႔ လုပ္ျဖစ္သြားတာပါ။ အခုေလာေလာဆယ္မွာ သင္တန္းသားေတြ အခမဲ့ လာေရာက္သင္ၾကားဖို႔အတြက္ ေၾကာ္ျငာစာရြက္ေတြ ကပ္သြားမွာပါ။”ဟု ေ၀ဠဳ၀န္ေက်ာင္းတုိက္ဆရာေတာ္ ဘဒၵႏၱ နႏၵိမာ၀ံသ( ဓမၼာစရိယ)က မိန္႔သည္။

သင္တန္းကို နံနက္ (၈)နာရီမွ ညေန(၅)နာရီအထိ အခ်ိန္ဇယားအတိုင္း သင္ၾကားသြားမွာျဖစ္ၿပီး ဇြန္လ (၁၈)ရက္ေန႔တြင္ စတင္မည္ျဖစ္ေၾကာင္း သိရသည္။

သင္တန္းတက္သည့္ေက်ာင္းသားမ်ားအား ဘုန္းေတာ္ႀကီးေက်ာင္းမွ အစားအေသာက္ႏွင့္ ပတ္သက္၍ အခမဲ့ေကၽြးေမြးရန္လည္း စီစဥ္ထားေၾကာင္း သိရသည္။

စာရင္းေပးသြင္းလိုသူမ်ားႏွင့္ အဆိုပါ ပညာေရးကိစၥအေၾကာင္းအရာမ်ားႏွင့္ ပတ္သက္၍ 0877875898(ထုိင္း) ႏွင့္ 095242410 (ျမန္မာ ) ဖုန္းနံပါတ္မ်ားသို႔ ဆက္သြယ္ေမးျမန္းႏိုင္မွာ ျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ေဇာင္းညီ
.............

တာချီလိတ်၊ ဇွန်လ(၁၄)ရက်
တာချီလိတ်မြို့တွင် အဌမတန်းနှင့် တက္ကသိုလ်ဝင်တန်းများအား ကျောင်းပိတ်ရက်များတွင် အခမဲ့သင်ကြား ပေးမည့်သင်တန်းဖွင့်လှစ်ရန် တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်ရှိေဝဠုဝန်ကျောင်းတိုက်မှ စီစဉ်နေကြောင်း သိရသည်။

အဆိုပါသင်တန်းကို အတွေ့အကြုံရှိ ဆရာများမှ အခမဲ့သင်ကြားပေးသွားမည်ဖြစ်ပြီး တက်ရောက်လို သူများ စာရင်းပေးသွင်းကြရန်လိုကြောင်း သိရသည်။

 “ဆရာတွေကတော့ (၇)ယောက်ရှိပြီ။ ဆရာတွေအားလုံးကလည်း အတွေ့အကြုံရှိပြီးသားတွဖြေစ်တယ်။ အဓိက သူတို့တတ်မြောက်ထားတဲ့ ပညာတွေကို အလကားမဖြစ်အောင်လို့ဆိုပြီး တကယ်လိုအပ်နေတဲ့ ကျောင်းသားတွေအတွက် ပညာဒါနအနေနဲ့ အခုသင်တန်းကိုလုပ်ဖို့ လာလျှောက်တာနဲ့ လုပ်ဖြစ်သွားတာပါ။ အခုလောလောဆယ်မှာ သင်တန်းသားတွေ အခမဲ့ လာရောက်သင်ကြားဖို့အတွက် ကြော်ငြာစာရွက်တွေ ကပ်သွားမှာပါ။”ဟုေဝဠုဝန်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ နန္ဒိမာဝံသ( ဓမ္မာစရိယ)က မိန့်သည်။

သင်တန်းကို နံနက် (၈)နာရီမှ ညနေ(၅)နာရီအထိ အချိန်ဇယားအတိုင်း သင်ကြားသွားမှာဖြစ်ပြီး ဇွန်လ (၁၈)ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။

သင်တန်းတက်သည့်ကျောင်းသားများအား ဘုန်းတော်ကြီးကျောင်းမှ အစားအသောက်နှင့် ပတ်သက်၍ အခမဲ့ကျွေးမွေးရန်လည်း စီစဉ်ထားကြောင်း သိရသည်။

စာရင်းပေးသွင်းလိုသူများနှင့် အဆိုပါ ပညာရေးကိစ္စအကြောင်းအရာများနှင့် ပတ်သက်၍ 0877875898(ထိုင်း) နှင့် 095242410 (မြန်မာ ) ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။

သတင်း။ ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~