တာချီလိတ်မြို့နယ်အတွင်း ကျွဲ/နွားအကောင်ရေ (၁၂၀၀)ကျော်အား ကာကွယ်ဆေးထိုးနှံပြီးဖြစ်

တာချီလိတ်မြို့နယ်အတွင်း ကျွဲ/နွားအကောင်ရေ (၁၂၀၀)ကျော်အား ကာကွယ်ဆေးထိုးနှံပြီးဖြစ်
ဇှနျ 14, 2016
By Tachileik News Agency

တာချီလိတ်၊ ဇွန်လ(၁၄)ရက်


တာချီလိတ်မြို့နယ်အတွင်းရှိ  ကျေးရွာအုပ်စု (၇)စုရှိ ကျေးရွာပေါင်း(၂၀၀)ခန့်တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ  ကျွဲ၊ နွားများအား ရောဂါကာကွယ်ဆေးများကို  ရက် (၁၀၀)စီမံချက်ဖြင့်အခမဲ့ လိုက်လံထိုးပေးနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံချက်တွင် လည်ချောင်းကွဲရောဂါကာကွယ်ဆေး၊ ဒေါင့်သန်းရောဂါကာကွယ်ဆေး၊ ပေါင်ပုပ်လက်ပုပ်ရောဂါကာကွယ်ဆေး  (၃)မျိုးကို အခမဲ့ ထိုးနှံပေးနေခြင်းဖြစ်သည့်အပြင် တိရစ္ဆာန်ရောဂါများနှင့် ပတ်သက်၍လည်း ပညာပေးဟောပြောခြင်းများ ဆက်တိုက်ပြုလုပ်လျှက်ရှိကြောင်း တာချီလိတ်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှ သိရသည်။

သတင်း။  ။ ကိုဇက်
..........

တာချီလိတ်၊ ဇွန်လ(၁၄)ရက်
တာချီလိတ်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မေလ ကတည်းက ကျေးရွာများအရောက် ကျွဲ/နွား များအား ရောဂါကာကွယ်ဆေး အခမဲ့ လိုက်လံထိုးပေးနေလျှက်ရှိရာ ကျွဲ/နွားအကောင်ရေ (၁၂၀၀) ကျော်ကို ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ မေလလောက်ကတည်းက လိုက်ထိုးပေးနေတာပါ။ တာချီလိတ်မြို့နယ်ထဲက ကျေးရွာအုပ်စုတွေမှာရှိတဲ့ ကျွဲတွေ၊ နွားတွေကို အခမဲ့လိုက်ထိုးပေးနေတာပါ၊ အားလုံးပေါင်းရင်တော့ (၁၂၀၀)ကျော်လောက် ရှိမယ်။ ကျေးရွာအုပ်စုအလိုက် တစ်ခုပြီးတစ်ခု ဆက်တိုက်ထိုးပေးနေတာပါ"ဟု တာချီလိတ်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာကျော်ကျော်စိုး က ပြောသည်။

တာချီလိတ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၇)စုရှိ ကျေးရွာပေါင်း(၂၀၀)ခန့်တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွားများအား ရောဂါကာကွယ်ဆေးများကို ရက် (၁၀၀)စီမံချက်ဖြင့်အခမဲ့ လိုက်လံထိုးပေးနခြေင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံချက်တွင် လည်ချောင်းကွဲရောဂါကာကွယ်ဆေး၊ ဒေါင့်သန်းရောဂါကာကွယ်ဆေး၊ ပေါင်ပုပ်လက်ပုပ်ရောဂါကာကွယ်ဆေး (၃)မျိုးကို အခမဲ့ ထိုးနှံပေးနခြေင်းဖြစ်သည့်အပြင် တိရစာ္ဆန်ရောဂါများနှင့်ပတ်သက်၍လည်း ပညာပေးဟောပြောခြင်းများ ဆက်တိုက်ပြုလုပ်လျှက်ရှိကြောင်း တာချီလိတ်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှ သိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~