ထိုင္းႏိုင္ငံအတြင္း စိတ္ၾကြေဆးျပားအား တားျမစ္ေဆးအျဖစ္မွ ပယ္ဖ်က္ရန္ ေဆြးေႏြးေန

ထိုင္းႏိုင္ငံအတြင္း စိတ္ၾကြေဆးျပားအား တားျမစ္ေဆးအျဖစ္မွ ပယ္ဖ်က္ရန္ ေဆြးေႏြးေန
ဇွန် 17, 2016
By Tachileik News Agency

ဘန္ေကာက္၊ ဇြန္လ(၁၇)
မူးယစ္ေဆးဝါးအျဖစ္ႏွိမ္ႏွင္းေရး မေအာင္ျမင္တာေၾကာင့္ ရာဘ လို႔ေခၚတဲ့ မက္သာအက္ဖီတမင္းကို တားျမစ္အႏၱရာယ္ရိွ မူးယစ္ေဆး၀ါးစာရင္းမွ ပယ္ဖ်က္ၿပီး သာမန္ေဆးဝါးစာရင္းထဲမွာပဲ ထည့္သြင္းဖို႔ ထိုင္းႏုိင္ငံ တရားေရးဝန္ႀကီး ဖိုင္ဘြန္းခြန္မ္ခ်ာရက အဆိုျပဳလိုက္ပါတယ္။

ဒါေပမဲ့ ဒီလိုစာရင္းေျပာင္းထည့္လိုက္မယ္ဆိုရင္ေတာ့ ေဆးဝါးျဖန္႔ျဖဴးမႈ၊ ေရာင္းခ်မႈ၊ အသံုးျပဳမႈေတြကို သက္ဆိုင္ရာ ဌာနအားလံုးက တင္းတင္းက်ပ္က်ပ္ ထိန္းခ်ဳပ္ၿပီး ေစာင့္ၾကည့္ႏိုင္ဖို႔ လုပ္ေဆာင္ရမွာ ျဖစ္တယ္လို႔ ဗိုလ္ခ်ဳပ္ဖိုင္ဘြန္းက ဆိုပါတယ္။
၂၀၁၆ ခုႏွစ္ ကုလသမဂၢအေထြေထြညီလာခံ၏ မူးယစ္ေဆးဝါးဆိုင္ရာအထူးက႑ရဲ႕ (UN General Assembly Special Session on Drugs - UNGASS) အစည္းအေဝး၏ ေဆြးေႏြးမႈ ရလဒ္ျဖစ္တဲ့ ထုိင္းႏုိင္ငံရဲ႕ မူးယစ္ေဆးဝါး ျပႆနာေျဖရွင္းေရး လုိက္ေလ်ာညီေထြ ျပဳျပင္ေျပာင္းလဲမႈ လုပ္ေဆာင္ေျဖရွင္းရန္ အတြက္ ဗုဒၶဟူးေန႔က က်င္းပတဲ့ အစည္းအေဝးမွာ ဒီအဆိုျပဳခ်က္ကို တင္ျပလိုက္တာ ျဖစ္ပါတယ္။

ဒီအစည္းအေဝးမွာ သဘာပတိျဖစ္တ့ဲ တရားရံုးခ်ဳပ္ ဥကၠဌ Veerapol Tungsuwan ကေတာ့ ဗိုလ္ခ်ဳပ္ ဖိုင္ဘြန္းရဲ႕ အျမင္ကို လက္ခံဖို႔ သံသယျဖစ္ေနပါတယ္။

ကမၻာမွာ လြန္ခဲ့တဲ့ (၂၈)ႏွစ္ေလာက္ကတည္းက မူးယစ္ေဆးဝါးတုိက္ဖ်က္ေရးေတြ လုပ္ေဆာင္လာၾကေပမဲ့ ေအာင္ျမင္မႈကေတာ့ နည္းလြန္းတယ္လို႔ ဗိုလ္ခ်ဳပ္ဖိုင္ဘြန္းက အစည္းအေဝးတင္ျပခ်က္မွာ ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

လက္ရိွမွာေတာ့ ႏုိင္ငံအေတာ္မ်ားမ်ားဟာ မူးယစ္ေဆးဝါးျပႆနာ ေျဖရွင္းေရးအတြက္ လိုက္ေလ်ာညီေထြျဖစ္မယ့္ နည္းလမ္းေတြနဲ႕ခ်ဥ္းကပ္ေျဖရွင္းဖို႔ ႀကိဳးစားလာေနၾကရၿပီးေတာ့ သမားရိုးက်နည္းလမ္းထက္ မူးယစ္ေဆးေတြနဲ႔ ဘဝေတြကို လိုက္ေလ်ာညီေထြျဖစ္ေစမယ့္ နည္းလမ္းကို ထည့္သြင္းစဥ္းစားၾကရမွာ ျဖစ္တယ္လို႔ သူကဆိုပါတယ္။

“လက္ရိွမွာေတာ့ ကမၻာႀကီးဟာ မူးယစ္ေဆးဝါးကို လက္နက္ခ်လိုက္ရပါၿပီ။ ဒါေၾကာင့္ မူးယစ္ေဆး၀ါးေတြနဲ႔ ဘယ္လိုေနထိုင္မလဲဆိုတာ စဥ္းစားရေတာ့မွာပါ။ ဒါက ဘာနဲ႔တူသလဲဆိုေတာ့ ကင္ဆာျဖစ္ေနတဲ့ လူတစ္ေယာက္ဟာ ကုသလို႔ မရႏုိင္ေတာ့တဲ့အခ်ိန္မွာ သူ႔ရဲ႕ေနာက္ဆံုးလက္က်န္ဘဝကို ဒီေရာဂါနဲ႔ပဲ ဘယ္လို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ျဖတ္သန္းရမလဲဆိုတာ စဥ္းစားရသလိုပါပဲ”လို႔ ဗိုလ္ခ်ဳပ္ဖိုင္ဘြန္းက ဆိုပါတယ္။

ႏိုင္ငံအေတာ္မ်ားမ်ားဟာ မူးယစ္ေဆး၀ါးျပႆနာေျဖရွင္းရာမွာ မူးယစ္ေဆးစြဲသူေတြကို ၾကည့္ရႈ ေစာင့္ေရွာက္ျခင္းနဲ႔ သူတို႔အခြင့္အေရးကို ကာကြယ္ျခင္းတို႔အတြက္ အေျဖရွာဖို႔ ေဆြးေႏြးေနၾကရတာလို႔ ဝန္ႀကီးက ဆိုပါတယ္။
ထိုင္းႏုိင္ငံဟာ စိတ္ၾကြေဆးအပါအဝင္ မူးယစ္ေဆးသံုးစြဲသူေတြကို ေထာင္ဒဏ္ေပးေနတဲ့ ႏုိင္ငံေတြထဲက တစ္ႏုိင္ငံျဖစ္ပါတယ္။

ႏုိင္ငံအေတာ္မ်ားမ်ားဟာ ဒီလိုအျပစ္ေပးျခင္းကို က်င့္သံုးၾကတာျဖစ္ေပမဲ့ ထုိင္းႏုိင္ငံအေနနဲ႔ေတာ့ ႏုိင္ငံရဲ႕ မူးယစ္ေဆးဝါးဥပေဒဟာ အကန္႔အသတ္ေတြရိွေနတာေၾကာင့္ ျပဳျပင္ဖို႔လိုတယ္လို႔ ဗိုလ္ခ်ဳပ္ဖုိင္ဘြန္းက ဆိုပါတယ္။

မူးယစ္ေဆးဝါးဥပေဒကို ျပဳျပင္မယ့္ ဥပေဒၾကမ္းေရးဆြဲၿပီး တရားေရးအဖြဲ႕ရဲ႕ အတည္ျပဳခ်က္ကို ေစာင့္ေနတာျဖစ္တယ္လို႔ သိရပါတယ္။ ဒီဥပေဒၾကမ္းကို ႏုိင္ငံေတာ္ ဥပေဒျပဳေရးညီလာခံမွာ ထည့္သြင္းစဥ္းစားဖို႔ တင္သြင္းမွာျဖစ္တယ္လို႔ ဗိုလ္ခ်ဳပ္ဖိုင္ဘြန္းက ဆုိပါတယ္။

ဒီဥပေဒၾကမ္းမွာ မူးယစ္ေဆးသံုးစြဲသူေတြကို အရင္ဥပေဒထက္ ျပစ္ဒဏ္သက္သာေစတဲ့ ေထာင္ဒဏ္ ဒါမွမဟုတ္ ေငြဒဏ္ေဆာင္ေစမလားဆိုတာ ပါဝင္မယ္လို႔ သိရပါတယ္။ မက္သာအက္ဖီတမင္း လို႔ေခၚတဲ့ ရာဘကိုေတာ့ သာမန္ေဆးဝါးစာရင္းမွာ ထည့္သြင္းသင့္တယ္လို႔ ဆိုပါတယ္။

ေဆးပညာေလ့လာခ်က္အရလည္း မက္သာအက္ဖီတမင္းဟာ အရက္နဲ႔ စီးကရက္တို႔ထက္ က်န္းမာေရး ထိခိုက္ေစမႈ နည္းၿပီး က်န္းမာေရးအတြက္ အက်ိဳးျပဳေဆးဝါးအျဖစ္လည္း အသံုးျပဳႏုိင္တယ္လို႔ သူက ေျပာပါတယ္။

တရားေရးဝန္ႀကီးဟာ မက္သာအက္ဖီတမင္းကို မူးယစ္ေဆးစာရင္းက ပယ္ဖ်က္ေရးကို ျပည္သူ႔က်န္းမာေရးဝန္ႀကီးဌာန၊ တရားေရးဌာန၊ အစိုးရေရွ႕ေနမ်ားနဲ႔ ဥပေဒျပင္ဆင္ေရးအတြက္ အေရးပါတဲ့ အဖြဲ႕အစည္းေတြနဲ႔ ဆက္လက္ေဆြးေႏြးေနဆဲျဖစ္ပါတယ္။

ထိုင္းႏုိင္ငံဟာ မူးယစ္ေဆးေရာင္းဝယ္ေဖာက္ကားမႈနဲ႔ မူးယစ္ေဆးသံုးစြဲမႈေတြနဲ႔ ပတ္သက္လို႔ ဥပေဒအရ အေရးယူႏုိင္မႈ အားနည္းေနတယ္လို႔ မစၥတာ Veerapol ကေျပာပါတယ္။

ဥပေဒအရ အေရးယူမႈ ခက္ေနေပမဲ့ မူးယစ္ေဆးျပႆနာကေတာ့ ဆက္ရိွေနအံုးမွာျဖစ္တယ္လို႔ ေျပာလိုက္ပါတယ္။ တရားရုံုးက စစ္ေဆးဆဲ အမႈေပါင္း (၂၇၀,၀၀၀)အနက္ ထက္ဝက္ေက်ာ္ေက်ာ္က မူးယစ္ေဆးနဲ႔ ပတ္သက္တဲ့အမႈေတြ ျဖစ္ေနတယ္လို႔ သူက ဆိုပါတယ္။
တရားရံုးအပါအဝင္ သက္ဆိုင္ရာအဖြဲ႕အေတာ္မ်ားမ်ားက မူးယစ္ေဆးဝါးျပႆနာ ေျဖရွင္းေရးမွာ အတူလက္တြဲေဆာင္ရြက္ဖို႔ ပ်က္ကြက္ဆဲျဖစ္ပါတယ္လို႔ တရားရံုးခ်ဳပ္ဥကၠဌက ဝန္ခံေျပာဆိုလိုက္ပါတယ္။

ဥပေဒအရ မူးယစ္ေဆးစြဲသူေတြကို လူနာေတြအျဖစ္ သတ္မွတ္ၿပီး မူးယစ္ေဆးျပႆနာကို ေျဖရွင္းရာမွာ တိုးတက္လာေစဖို႔ လုပ္ေဆာင္ထားတယ္လို႔ ဆိုပါတယ္။

ဒါေပမဲ့ မက္သာအက္ဖီတမင္း (၁၅)ျပားနဲ႔အထက္ လက္ဝယ္ေတြ႕ရိွသူကိုေတာ့ မူးယစ္ေဆး ေရာင္းဝယ္သူအျဖစ္ သတ္မွတ္ၿပီး ျပစ္ဒဏ္စီရင္ေနတာျဖစ္တယ္လို႔ သိရပါတယ္။

မူးယစ္စံုစမ္းေရးဗ်ဴရိုရဲ႕ အၾကီးအကဲ Pol Lt Gen Rewat Klinkesorn ကေတာ့ ရဲေတြအေနနဲ႔ အစိုးရ မူဝါဒအတိုင္း လိုက္နာလုပ္ေဆာင္ဖို႔လိုတယ္လို႔ ေျပာၾကားလိုက္ပါတယ္။

အကယ္၍ မက္သာအက္ဖီတမင္းကို သာမန္ေဆးဝါးစာရင္းမွာ ထည့္လိုက္ရင္ ေဆးဝယ္လိုအား၊ ေရာင္းဝယ္မႈေတြ တိုးလာႏုိင္တယ္လို႔ ဘန္ေကာက္ဆင္ေျခဖံုးရပ္ကြက္ေတြမွာ တရားမဝင္ ေဆးဝါးတိုက္ဖ်က္ေရး လုပ္ေဆာင္ေနတဲ့ The Duang Prateep Foundation ရဲ႕ အေထြေထြအတြင္းေရးမွဴး Prateep Ungsongtham Hata က သတိေပးလိုက္ပါတယ္။

ဒီလိုလုပ္လိုက္ျခင္းအားျဖင့္ အၿပိဳင္အဆုိင္ေရာင္းဝယ္မႈသေဘာအရ ေစ်းႏႈန္းက်ဆင္းလာလိမ့္မယ္လို႔ သူမက ဆိုပါတယ္။

၁၉၇၈ ခုႏွစ္က ေရမြန္မက္ေဆးဆု ပိုင္ရွင္ျဖစ္တဲ့ Ms Prateep က ဗိုလ္ခ်ဳပ္ဖိုင္ဘြန္းအေနနဲ႔ မက္သာအက္ဖီတမင္းေဆးေၾကာင့္ အႏၱရာယ္ႀကံဳေနရတဲ့ လူေတြကို ပညာေပးလုပ္ငန္းေတြမွာ လာၾကည့္ေစခ်င္တယ္လို႔ ဆိုပါတယ္။

ဗိုလ္ခ်ဳပ္ဖိုင္ဘြန္းေျပာတဲ့ မက္သာအက္ဖီတမင္းက အရက္နဲ႔ စီးကရက္ထက္ လူကိုအႏၱရာယ္ျပဳမႈ နည္းပါးတယ္ဆိုတာကိုလည္း သူမကျငင္းဆိုလိုက္ပါတယ္။

ဘာသာျပန္။ ။ ‪#‎နန္းေမာက္ကြမ္‬ ၊ ‪#‎အင္မိုင္ခ‬
Ref; Bangkokpost , KING-OUA LAOHONG AND ANUCHA CHAROENPO
...........................

မူးယစ်ဆေးဝါးအဖြစ်နှိမ်နှင်းရေး မအောင်မြင်တာကြောင့် ရာဘ လို့ခေါ်တဲ့ မက်သာအက်ဖီတမင်းကို တားမြစ်အန္တရာယ်ရှိ မူးယစ်ဆေးဝါးစာရင်းမှ ပယ်ဖျက်ပြီး သာမန်ဆေးဝါးစာရင်းထဲမှာပဲ ထည့်သွင်းဖို့ ထိုင်းနိုင်ငံ တရားရေးဝန်ကြီး ဖိုင်ဘွန်းခွန်မ်ချာရက အဆိုပြုလိုက်ပါတယ်။

ဒါပေမဲ့ ဒီလိုစာရင်းပြောင်းထည့်လိုက်မယ်ဆိုရင်တော့ ဆေးဝါးဖြန့်ဖြူးမှု၊ ရောင်းချမှု၊ အသုံးပြုမှုတွေကို သက်ဆိုင်ရာ ဌာနအားလုံးက တင်းတင်းကျပ်ကျပ် ထိန်းချုပ်ပြီး စောင့်ကြည့်နိုင်ဖို့ လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ဗိုလ်ချုပ်ဖိုင်ဘွန်းက ဆိုပါတယ်။
၂၀၁၆ ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံ၏ မူးယစ်ဆေးဝါးဆိုင်ရာအထူးကဏ္ဍရဲ့ (UN General Assembly Special Session on Drugs - UNGASS) အစည်းအဝေး၏ ဆွေးနွေးမှု ရလဒ်ဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ မူးယစ်ဆေးဝါး ပြဿနာဖြေရှင်းရေး လိုက်လျောညီထွေ ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ဖြေရှင်းရန် အတွက် ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ အစည်းအဝေးမှာ ဒီအဆိုပြုချက်ကို တင်ပြလိုက်တာ ဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာ သဘာပတိဖြစ်တဲ့ တရားရုံးချုပ် ဥက္ကဌ Veerapol Tungsuwan ကတော့ ဗိုလ်ချုပ် ဖိုင်ဘွန်းရဲ့ အမြင်ကို လက်ခံဖို့ သံသယဖြစ်နေပါတယ်။

ကမ္ဘာမှာ လွန်ခဲ့တဲ့ (၂၈)နှစ်လောက်ကတည်းက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွေ လုပ်ဆောင်လာကြပေမဲ့ အောင်မြင်မှုကတော့ နည်းလွန်းတယ်လို့ ဗိုလ်ချုပ်ဖိုင်ဘွန်းက အစည်းအဝေးတင်ပြချက်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ နိုင်ငံအတော်များများဟာ မူးယစ်ဆေးဝါးပြဿနာ ဖြေရှင်းရေးအတွက် လိုက်လျောညီထွဖြေစ်မယ့် နည်းလမ်းတွေနဲ့ချဉ်းကပ်ဖြေရှင်းဖို့ ကြိုးစားလာနကြေရပြီးတော့ သမားရိုးကျနည်းလမ်းထက် မူးယစ်ဆေးတွေနဲ့ ဘဝတွေကို လိုက်လျောညီထွဖြေစ်စေမယ့် နည်းလမ်းကို ထည့်သွင်းစဉ်းစားကြရမှာ ဖြစ်တယ်လို့ သူကဆိုပါတယ်။

“လက်ရှိမှာတော့ ကမ္ဘာကြီးဟာ မူးယစ်ဆေးဝါးကို လက်နက်ချလိုက်ရပါပြီ။ ဒါကြောင့် မူးယစ်ဆေးဝါးတွေနဲ့ ဘယ်လိုနေထိုင်မလဲဆိုတာ စဉ်းစားရတော့မှာပါ။ ဒါက ဘာနဲ့တူသလဲဆိုတော့ ကင်ဆာဖြစ်နေတဲ့ လူတစ်ယောက်ဟာ ကုသလို့ မရနိုင်တော့တဲ့အချိန်မှာ သူ့ရဲ့နောက်ဆုံးလက်ကျန်ဘဝကို ဒီရောဂါနဲ့ပဲ ဘယ်လို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းရမလဲဆိုတာ စဉ်းစားရသလိုပါပဲ”လို့ ဗိုလ်ချုပ်ဖိုင်ဘွန်းက ဆိုပါတယ်။

နိုင်ငံအတော်များများဟာ မူးယစ်ဆေးဝါးပြဿနာဖြေရှင်းရာမှာ မူးယစ်ဆေးစွဲသူတွေကို ကြည့်ရှု စောင့်ရှောက်ခြင်းနဲ့ သူတို့အခွင့်အရေးကို ကာကွယ်ခြင်းတို့အတွက် အဖြေရှာဖို့ ဆွေးနွေးနကြေရတာလို့ ဝန်ကြီးက ဆိုပါတယ်။
ထိုင်းနိုင်ငံဟာ စိတ်ကြွဆေးအပါအဝင် မူးယစ်ဆေးသုံးစွဲသူတွေကို ထောင်ဒဏ်ပေးနေတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။

နိုင်ငံအတော်များများဟာ ဒီလိုအပြစ်ပေးခြင်းကို ကျင့်သုံးကြတာဖြစ်ပေမဲ့ ထိုင်းနိုင်ငံအနေနဲ့တော့ နိုင်ငံရဲ့ မူးယစ်ဆေးဝါးဥပဒေဟာ အကန့်အသတ်တွေရှိနေတာကြောင့် ပြုပြင်ဖို့လိုတယ်လို့ ဗိုလ်ချုပ်ဖိုင်ဘွန်းက ဆိုပါတယ်။
မူးယစ်ဆေးဝါးဥပဒေကို ပြုပြင်မယ့် ဥပဒကြေမ်းရေးဆွဲပြီး တရားရေးအဖွဲ့ရဲ့ အတည်ပြုချက်ကို စောင့်နေတာဖြစ်တယ်လို့ သိရပါတယ်။ ဒီဥပဒကြေမ်းကို နိုင်ငံတော် ဥပဒပြေုရေးညီလာခံမှာ ထည့်သွင်းစဉ်းစားဖို့ တင်သွင်းမှာဖြစ်တယ်လို့ ဗိုလ်ချုပ်ဖိုင်ဘွန်းက ဆိုပါတယ်။

ဒီဥပဒကြေမ်းမှာ မူးယစ်ဆေးသုံးစွဲသူတွေကို အရင်ဥပဒေထက် ပြစ်ဒဏ်သက်သာစေတဲ့ ထောင်ဒဏ် ဒါမှမဟုတ် ငွေဒဏ်ဆောင်စေမလားဆိုတာ ပါဝင်မယ်လို့ သိရပါတယ်။ မက်သာအက်ဖီတမင်း လို့ခေါ်တဲ့ ရာဘကိုတော့ သာမန်ဆေးဝါးစာရင်းမှာ ထည့်သွင်းသင့်တယ်လို့ ဆိုပါတယ်။

ဆေးပညာလေ့လာချက်အရလည်း မက်သာအက်ဖီတမင်းဟာ အရက်နဲ့ စီးကရက်တို့ထက် ကျန်းမာရေး ထိခိုက်စေမှု နည်းပြီး ကျန်းမာရေးအတွက် အကျိုးပြုဆေးဝါးအဖြစ်လည်း အသုံးပြုနိုင်တယ်လို့ သူက ပြောပါတယ်။

တရားရေးဝန်ကြီးဟာ မက်သာအက်ဖီတမင်းကို မူးယစ်ဆေးစာရင်းက ပယ်ဖျက်ရေးကို ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၊ တရားရေးဌာန၊ အစိုးရရှေ့နေများနဲ့ ဥပဒပြေင်ဆင်ရေးအတွက် အရေးပါတဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်လက်ဆွေးနွေးနေဆဲဖြစ်ပါတယ်။

ထိုင်းနိုင်ငံဟာ မူးယစ်ဆေးရောင်းဝယ်ဖောက်ကားမှုနဲ့ မူးယစ်ဆေးသုံးစွဲမှုတွေနဲ့ ပတ်သက်လို့ ဥပဒေအရ အရေးယူနိုင်မှု အားနည်းနေတယ်လို့ မစ္စတာ Veerapol ကပြောပါတယ်။

ဥပဒေအရ အရေးယူမှု ခက်နေပေမဲ့ မူးယစ်ဆေးပြဿနာကတော့ ဆက်ရှိနေအုံးမှာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ တရားရုံးက စစ်ဆေးဆဲ အမှုပေါင်း (၂၇၀,ဝဝဝ)အနက် ထက်ဝက်ကျော်ကျော်က မူးယစ်ဆေးနဲ့ ပတ်သက်တဲ့အမှုတွေ ဖြစ်နေတယ်လို့ သူက ဆိုပါတယ်။
တရားရုံးအပါအဝင် သက်ဆိုင်ရာအဖွဲ့အတော်များများက မူးယစ်ဆေးဝါးပြဿနာ ဖြေရှင်းရေးမှာ အတူလက်တွဲဆောင်ရွက်ဖို့ ပျက်ကွက်ဆဲဖြစ်ပါတယ်လို့ တရားရုံးချုပ်ဥက္ကဌက ဝန်ခံပြောဆိုလိုက်ပါတယ်။

ဥပဒေအရ မူးယစ်ဆေးစွဲသူတွေကို လူနာတွေအဖြစ် သတ်မှတ်ပြီး မူးယစ်ဆေးပြဿနာကို ဖြေရှင်းရာမှာ တိုးတက်လာစေဖို့ လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ မက်သာအက်ဖီတမင်း (၁၅)ပြားနဲ့အထက် လက်ဝယ်တွေ့ရှိသူကိုတော့ မူးယစ်ဆေး ရောင်းဝယ်သူအဖြစ် သတ်မှတ်ပြီး ပြစ်ဒဏ်စီရင်နေတာဖြစ်တယ်လို့ သိရပါတယ်။

မူးယစ်စုံစမ်းရေးဗျူရိုရဲ့ အကြီးအကဲ Pol Lt Gen Rewat Klinkesorn ကတော့ ရဲတွေအနေနဲ့ အစိုးရ မူဝါဒအတိုင်း လိုက်နာလုပ်ဆောင်ဖို့လိုတယ်လို့ ပြောကြားလိုက်ပါတယ်။

အကယ်၍ မက်သာအက်ဖီတမင်းကို သာမန်ဆေးဝါးစာရင်းမှာ ထည့်လိုက်ရင် ဆေးဝယ်လိုအား၊ ရောင်းဝယ်မှုတွေ တိုးလာနိုင်တယ်လို့ ဘန်ကောက်ဆင်ခြေဖုံးရပ်ကွက်တွေမှာ တရားမဝင် ဆေးဝါးတိုက်ဖျက်ရေး လုပ်ဆောင်နေတဲ့ The Duang Prateep Foundation ရဲ့ အထွေထွေအတွင်းရေးမှူး Prateep Ungsongtham Hata က သတိပေးလိုက်ပါတယ်။

ဒီလိုလုပ်လိုက်ခြင်းအားဖြင့် အပြိုင်အဆိုင်ရောင်းဝယ်မှုသဘောအရ ဈေးနှုန်းကျဆင်းလာလိမ့်မယ်လို့ သူမက ဆိုပါတယ်။

၁၉၇၈ ခုနှစ်က ရေမွန်မက်ဆေးဆု ပိုင်ရှင်ဖြစ်တဲ့ Ms Prateep က ဗိုလ်ချုပ်ဖိုင်ဘွန်းအနေနဲ့ မက်သာအက်ဖီတမင်းဆေးကြောင့် အန္တရာယ်ကြုံနေရတဲ့ လူတွေကို ပညာပေးလုပ်ငန်းတွေမှာ လာကြည့်စေချင်တယ်လို့ ဆိုပါတယ်။

ဗိုလ်ချုပ်ဖိုင်ဘွန်းပြောတဲ့ မက်သာအက်ဖီတမင်းက အရက်နဲ့ စီးကရက်ထက် လူကိုအန္တရာယ်ပြုမှု နည်းပါးတယ်ဆိုတာကိုလည်း သူမကငြင်းဆိုလိုက်ပါတယ်။

ဘာသာပြန်။ ‪#‎နန်းမောက်ကွမ်‬၊ ‪#‎အင်မိုင်ခ‬
Ref; Bangkokpost , KING-OUA LAOHONG AND ANUCHA CHAROENPO

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~