သစ်မွှေးစိုက်ခင်း မှတ်ပုံတင်ခြင်းအား မြို့နယ်အဆင့်တွင် လုပ်ဆောင်နိုင်ရန် စီစဉ်နေ

သစ်မွှေးစိုက်ခင်း မှတ်ပုံတင်ခြင်းအား မြို့နယ်အဆင့်တွင် လုပ်ဆောင်နိုင်ရန် စီစဉ်နေ
ဇှနျ 22, 2016
By Tachileik News Agency



မြန်မာနိုင်ငံ သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံ သစ်မွှေးလုပ်ငန်းရှင်များအသင်းတို့သည် ဇွန်လ(၁၅)ရက်နေ့တွင် နေပြည်တော် သစ်တောဦးစီးရုံးချုပ်တွင် သစ်မွှေး စိုက်ပျိုးထုတ်လုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တင်ပြခြင်းဖြစ်ကြောင်း သိရသည်။

သစ်မွှေးစိုက်ခင်းများအား သစ်တောဌာနမှ တရားဝင် အသိအမှတ်ပြု မှတ်ပုံတင်ပြီးမှသာ သစ်မွှေးလုပ်ငန်းရှင်များ အနေဖြင့် သစ်မွှေးများကို ပြည်ပသို့ တရားဝင်တင်ပို့ရန် လုပ်ဆောင်နိုင်ကြောင်း သိရသည်။

သစ်မွှေးစိုက်ခင်း မှတ်ပုံတင်ပေးနိုင်ရန်အတွက် သစ်တောရုံးချုပ်တွင် လုပ်ထုံးလုပ်နည်းများ ရှိနေသော်လည်း မြို့နယ်နှင့်ခရိုင်အဆင့်များတွင် ညွှန်ကြားချက် အပြည့်အစုံ မရှိသေးသည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် အခက်အခဲကြုံနေရသဖြင့် အစည်းအဝေးတွင် တင်ပြခြင်းဖြစ်ကြောင်း သိရသည်။


သစ်မွှေးလုပ်ငန်းရှင်များအနေဖြင့် သစ်မွှေးစိုက်ခင်းများကို စစိုက်သည့် အချိန်မှစ၍ သက်ဆိုင်ရာ မြို့နယ်သစ်တောဌာနများကို အကြောင်းကြားကာ မှတ်ပုံတင်ရမည်ဖြစ်ကြောင်း သိရသည်။

သတင်း။  ။ ဇွဲမြတ်
......................
ကျိုင်းတုံ၊ ဇွန်လ (၂၂) ရက်
သစ်မွှေးစိုက်ခင်းများ မှတ်ပုံတင်ရန် ခရိုင်၊ ပြည်နယ်အဆင့် တင်ပြနေရသည်ကို မြို့နယ်အဆင့် ကွင်းဆင်း စစ်ဆေးပြီး မှတ်ပုံတင်နိုင်ရန် သစ်တောဦးစီးဌာနက လုပ်ဆောင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံသစ်မွှေး လုပ်ငန်းရှင်များအသင်းမှ သိရသည်။

"လုပ်ငန်းရှင်တွေရဲ့ သစ်မွှေးစိုက်ခင်းတွေကို မြို့နယ်အဆင့်ကနေပဲ မှတ်ပုံတင်နိုင်တဲ့အဆင့်ကို ညွှန်ကြားပေးပါမယ်လို့ ပြောတယ်။ အရင်ကလို ခရိုင်အဆင့်၊ ပြည်နယ်အဆင့်တွေကို တင်စရာ မလိုတော့ဘဲ မြို့နယ်အဆင့်မှာပဲ ကွင်းဆင်းစစ်ဆေးပြီးတော့ ရုံးချုပ်ကို တန်းတင်နိုင်အောင် လုပ်ပေးပါမယ်လို့ပြောပါတယ်။"ဟု မြန်မာနိုင်ငံ သစ်မွှေးလုပ်ငန်းရှင်များအသင်း ဥက္ကဌဦးသောင်းညွန့်က ပြောသည်။

မြန်မာနိုင်ငံ သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံ သစ်မွှေးလုပ်ငန်းရှင်များအသင်းတို့သည် ဇွန်လ(၁၅)ရက်နေ့တွင် နပြေည်တော် သစ်တောဦးစီးရုံးချုပ်တွင် သစ်မွှေး စိုက်ပျိုးထုတ်လုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တင်ပြခြင်းဖြစ်ကြောင်း သိရသည်။

သစ်မွှေးစိုက်ခင်းများအား သစ်တောဌာနမှ တရားဝင် အသိအမှတ်ပြု မှတ်ပုံတင်ပြီးမှသာ သစ်မွှေးလုပ်ငန်းရှင်များ အနဖြေင့် သစ်မွှေးများကို ပြည်ပသို့ တရားဝင်တင်ပို့ရန် လုပ်ဆောင်နိုင်ကြောင်း သိရသည်။

သစ်မွှေးစိုက်ခင်း မှတ်ပုံတင်ပေးနိုင်ရန်အတွက် သစ်တောရုံးချုပ်တွင် လုပ်ထုံးလုပ်နည်းများ ရှိနေသော်လည်း မြို့နယ်နှင့်ခရိုင်အဆင့်များတွင် ညွှန်ကြားချက် အပြည့်အစုံ မရှိသေးသည့်အတွက် လုပ်ငန်းရှင်များအနဖြေင့် အခက်အခဲကြုံနေရသဖြင့် အစည်းအဝေးတွင် တင်ပြခြင်းဖြစ်ကြောင်း သိရသည်။

"စိုက်ခင်းတွေ မှတ်ပုံတင်ရာမှာ မြေယာပိုင်ဆိုင်မှု အထောက်အထားလိုတယ်လို့ ပြောတယ်။ မြေယာပိုင်ဆိုင်မှုဆိုရာမှာ ပုံစံ(၇)က ခက်ခဲတဲ့အတွက် နောက်ဆုံးတော့ မြေယာစီမံခန့်ခွဲမှုနဲ့ ခွင့်ပြုနယ်နဲ့ ဌာနတစ်ခုခုရဲ့ အထောက်အထား တစ်ခုခုရှိရင် လုပ်ပေးပါမယ်ဆိုပြီးတော့ ညှိနှိုင်းသဘောတူခဲ့ပါတယ်။"ဟု မြန်မာနိုင်ငံ သစ်မွှေးလုပ်ငန်းရှင်များအသင်း ဥက္ကဌဦးသောင်းညွန့်က ပြောသည်။

သစ်မွှေးလုပ်ငန်းရှင်များအနဖြေင့် သစ်မွှေးစိုက်ခင်းများကို စစိုက်သည့် အချိန်မှစ၍ သက်ဆိုင်ရာ မြို့နယ်သစ်တောဌာနများကို အကြောင်းကြားကာ မှတ်ပုံတင်ရမည်ဖြစ်ကြောင်း သိရသည်။

သတင်း။ ဇွဲမြတ်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~