သစၥာစီမံခ်က္ျဖင့္ ေရႊ႕ေျပာင္းအလုပ္သမားမ်ားအား အိမ္ေထာင္စု စာရင္းမ်ား ထုတ္ေပးရန္ စီစဥ္

သစၥာစီမံခ်က္ျဖင့္ ေရႊ႕ေျပာင္းအလုပ္သမားမ်ားအား အိမ္ေထာင္စု စာရင္းမ်ား ထုတ္ေပးရန္ စီစဥ္
ဇွန် 4, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဇြန္လ(၄)
တာခ်ီလိတ္ၿမိဳ႕တြင္ အၿမိဳ႕ၿမိဳ႕အနယ္နယ္မွ လာေရာက္ေရြ႕ေျပာင္း အလုပ္လုပ္ကိုင္ၾကေသာ ေရႊ႕ေျပာင္း အလုပ္သမားမ်ားအား တာခ်ီလိတ္ခရိုင္/ၿမိဳ႕နယ္ လူ၀င္မႈႀကီးၾကပ္ေရးဦးစီးဌာနမွ အိမ္ေထာင္စု စာရင္း ထုတ္ေပးႏိုင္ရန္ ရပ္ကြက္ အသီးသီးရွိ ေရႊ႕ေျပာင္းအလုပ္သမား၏ စာရင္းမ်ား ေကာက္ခံျခင္းကို ရက္(၁၀၀) သစၥာစီမံခ်က္အတြင္း ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ရပ္ကြက္အသီးသီးရွိ ေရြ႕ေျပာင္း အလုပ္သမားမ်ား၏ စာရင္းမ်ား ေကာက္ခံရာတြင္ ရပ္/ေက်း အုပ္ခ်ဳပ္ေရးမွဴးမ်ားႏွင့္ ပူးေပါင္းေဆာင္ရြက္သြားမွာျဖစ္ၿပီး စာရင္းမ်ားေကာက္ခံျခင္းကို ဇူလိုင္ လ (၃၁)ရက္ေန႔ အထိ ေနာက္ဆုံးထား ေဆာင္ရြက္သြားမွာျဖစ္ေၾကာင္း သိရသည္။

“ရက္(၁၀၀)စီမံခ်က္အတြင္းမွာ ဒီ စီမံခ်က္ႀကီးကို ေအာင္ျမင္ေအာင္ ေဆာင္ရြက္ရပါတယ္။ အရမ္းေလးနက္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေရႊ႕ေျပာင္းလူဦးေရႏွင့္ ပတ္သက္ၿပီးေတာ့ အလုပ္သမားမ်ား ကုိ အဓိကထားေဆာင္ရြက္ေပးတဲ့ စီမံခ်က္ျဖစ္လုိ႔ပါ ။ အိမ္ေထာင္စု စာရင္းထုတ္ေပးတဲ့ အခါမွာလည္း ေနထိုင္တဲ့ ရပ္ကြက္က အနည္းဆုံး(၆)လမွ (၃)ႏွစ္အထက္ ေနထိုင္ေၾကာင္းကုိ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးေတြရဲ႕ ေထာက္ခံခ်က္ ပါရမွာပါ။”ဟု တာခ်ီလိတ္ခရိုင္ လူ၀င္မႈႀကီးၾကပ္ေရးမွဴး ဦးထြန္းသိန္းက ေျပာသည္။

ေရြ႕ေျပာင္းအလုပ္သမားမ်ားအား အိမ္ေထာင္စုစာရင္းထုတ္ေပးရာတြင္ ေဆြမ်ိဳးသားခ်င္း ႏွင့္ အသိမိတ္ေဆြအိမ္ ၊ အိမ္ခန္းငွား စသည္တို႔တြင္ေနထိုင္ေသာ ေရြ႕ေျပာင္းအလုပ္သမားမ်ားကို သာမန္ေရႊ႕ေျပာင္း ေနထိုင္သူမ်ားအျဖစ္ ထုတ္ေပးမွာ ျဖစ္ၿပီး သက္ဆိုင္ရာအုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းမ်ားက ခြင့္ျပဳထားျခင္း မရွိသည့္ ေျမေနရာမ်ားေပၚတြင္ က်ဴးေက်ာ္ ၀င္ေရာက္ေနထိုင္ၾကသူမ်ားကို ယာယီေရႊ႕ေျပာင္းေနထိုင္သူမ်ားအျဖစ္ အိမ္ေထာင္စုစာရင္းထုတ္ေပးမွာ ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ေပၚရွိ ရပ္ကြက္အသီးသီးမွ ေရြ႕ေျပာင္းေနထိုင္ အလုပ္ လုပ္ၾကသူမ်ားအား အိမ္ေထာင္စုစာရင္း ထုတ္ေပးႏိုင္ေရးအတြက္ ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴးမ်ားႏွင့္ တာခ်ီလိတ္ခရိုင္ / ၿမိဳ႕နယ္ လူ၀င္မႈၾကီးၾကပ္ေရးဦးစီးဌာနတို႔မွ ဇြန္လ (၄)ရက္ေန႔ နံနက္ပိုင္းက တာခ်ီလိတ္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနရုံးတြင္ ေဆြးေႏြးမႈမ်ားျပဳလုပ္ခဲ့ေၾကာင္းသိရသည္။

သတင္း/ဓာတ္ပံု။  ။ ေဇာင္းညီ

...............

တာချီလိတ်၊ ဇွန်လ(၄)
တာချီလိတ်မြို့တွင် အမြို့မြို့အနယ်နယ်မှ လာရောက်ရွေ့ပြောင်း အလုပ်လုပ်ကိုင်ကြသော ရွှေ့ပြောင်း အလုပ်သမားများအား တာချီလိတ်ခရိုင်/မြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ အိမ်ထောင်စု စာရင်း ထုတ်ပေးနိုင်ရန် ရပ်ကွက် အသီးသီးရှိ ရွှေ့ပြောင်းအလုပ်သမား၏ စာရင်းများ ကောက်ခံခြင်းကို ရက်(၁၀၀) သစ္စာစီမံချက်အတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရပ်ကွက်အသီးသီးရှိ ရွေ့ပြောင်း အလုပ်သမားများ၏ စာရင်းများ ကောက်ခံရာတွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး စာရင်းများကောက်ခံခြင်းကို ဇူလိုင် လ (၃၁)ရက်နေ့ အထိ နောက်ဆုံးထား ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရသည်။

“ရက်(၁၀၀)စီမံချက်အတွင်းမှာ ဒီ စီမံချက်ကြီးကို အောင်မြင်အောင် ဆောင်ရွက်ရပါတယ်။ အရမ်းလေးနက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရွှေ့ပြောင်းလူဦးရေနှင့် ပတ်သက်ပြီးတော့ အလုပ်သမားများ ကို အဓိကထားဆောင်ရွက်ပေးတဲ့ စီမံချက်ဖြစ်လို့ပါ။ အိမ်ထောင်စု စာရင်းထုတ်ပေးတဲ့ အခါမှာလည်း နေထိုင်တဲ့ ရပ်ကွက်က အနည်းဆုံး(၆)လမှ (၃)နှစ်အထက် နေထိုင်ကြောင်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက် ပါရမှာပါ။”ဟု တာချီလိတ်ခရိုင် လူဝင်မှုကြီးကြပ်ရေးမှူး ဦးထွန်းသိန်းက ပြောသည်။

ရွေ့ပြောင်းအလုပ်သမားများအား အိမ်ထောင်စုစာရင်းထုတ်ပေးရာတွင် ဆွေမျိုးသားချင်း နှင့် အသိမိတ်ဆွေအိမ်၊ အိမ်ခန်းငှါး စသည်တို့တွင်နေထိုင်သော ရွေ့ပြောင်းအလုပ်သမားများကို သာမန်ရွှေ့ပြောင်း နေထိုင်သူများအဖြစ် ထုတ်ပေးမှာ ဖြစ်ပြီး သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများက ခွင့်ပြုထားခြင်း မရှိသည့် မြေနေရာများပေါ်တွင် ကျူးကျော် ဝင်ရောက်နေထိုင်ကြသူများကို ယာယီရွှေ့ပြောင်းနေထိုင်သူများအဖြစ် အိမ်ထောင်စုစာရင်းထုတ်ပေးမှာ ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ပေါ်ရှိ ရပ်ကွက်အသီးသီးမှ ရွေ့ပြောင်းနေထိုင် အလုပ် လုပ်ကြသူများအား အိမ်ထောင်စုစာရင်း ထုတ်ပေးနိုင်ရေးအတွက် ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် တာချီလိတ်ခရိုင် / မြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနတို့မှ ဇွန်လ (၄)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။

သတင်း/ဓာတ်ပုံ။ ဇောင်းညီ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~