တာခ်ီလိတ္ၿမိဳ႕အ၀င္ ဆိုင္းဘုတ္အား ရွမ္းဘာသာျဖင့္ ေျပာင္းလဲေရးသား

တာခ်ီလိတ္ၿမိဳ႕အ၀င္ ဆိုင္းဘုတ္အား ရွမ္းဘာသာျဖင့္ ေျပာင္းလဲေရးသား
ဇွန် 18, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဇြန္လ(၁၈)
ရွမ္းျပည္နယ္စည္ပင္သာယာေရးဌာန၏ ရက္(၁၀၀)စီမံခ်က္တြင္ ျပည္နယ္စည္ပင္သာယာေရး၀န္ႀကီး ဦးစိုင္းစြံဆိုင္း၏ လမ္းညႊန္ခ်က္တစ္ခုျဖစ္သည့္ ရွမ္းျပည္နယ္အတြင္း ၿမိဳ႕အ၀င္ဆိုင္းဘုတ္မ်ားအား ျမန္မာ - ရွမ္း ႏွစ္ဘာသာျဖင့္ ေရးသားေဖာ္ျပရန္ ပါရွိရာ ရွမ္းျပည္နယ္အတြင္းရွိ ၿမိဳ႕နယ္အသီးသီး၏ ၿမိဳ႕အ၀င္ ဆိုင္းဘုတ္မ်ားအား ေျပာင္းလဲေရးသား ေနလွ်က္ရွိသည့္အနက္ တာခ်ီလိတ္ၿမိဳ႕အ၀င္ ဆိုင္းဘုတ္အား ရွမ္းဘာသာစာသားျဖင့္ ေျပာင္းလဲ ေရးသားၿပီးစီးၿပီ ျဖစ္ေၾကာင္း သိရသည္။

"ျပည္နယ္စည္ပင္သာယာေရး၀န္ႀကီး ဦးစိုင္းစြံဆိုင္းရဲ႕ လမ္းညႊန္ခ်က္နဲ႔အညီ၊ တာခ်ီလိတ္ၿမိဳ႕အ၀င္ ဆိုင္းဘုတ္ကိုလည္း ရွမ္းဘာသာျဖင့္ ေျပာင္းလဲေရးသားၿပီးျဖစ္ပါတယ္၊ ဆိုင္းဘုတ္မွာေတာ့ ရွမ္းဘာသာနဲ႔ ေရးထားၿပီးေတာ့၊ လမ္းအလယ္မွာ ခြထားတဲ့ မုဒ္ဦးမွာေတာ့ ျမန္မာဘာသာနဲ႔ ေရးသားထားပါတယ္"ဟု တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ ဒုတိယညႊန္ၾကားေရးမွဴး ဦးေက်ာ္မိုးထြန္းက ေျပာသည္။

ရွမ္းျပည္နယ္အတြင္း ၿမိဳ႕နယ္မ်ား၌ ျမိဳ႔သန္႔ရွင္းသာယာလွပေရးႏွင့္ ျပဳျပင္ေျပာင္းလဲေရးလုပ္ငန္းမ်ားအား ရက္(၁၀၀)စီမံခ်က္ျဖင့္ ေဆာင္ရြက္လွ်က္ရွိရာတြင္ ရွမ္းျပည္နယ္အတြင္း ၿမိဳ႕နယ္အသီးသီး၏ ၿမိဳ႕အ၀င္ဆိုင္းဘုတ္မ်ားအား ရွမ္းဘာသာျဖင့္ ေျပာင္းလဲရန္ ပါ၀င္ေၾကာင္း သိရသည္။

"အခုလို ၿမိဳ႕အ၀င္ဆိုင္းဘုတ္မွာ ရွမ္းဘာသာနဲ႔ ေရးသားေဖာ္ျပထားဖို႔အတြက္လုပ္ငန္းမေဆာင္ရြက္မီကာလကပင္ ေကာ္မတီ(၃)ရပ္ အပါအ၀င္ ၿမိဳ႕မိၿမိဳ႕ဖေတြနဲ႔ ေတြ႕ဆံု ေဆြးေႏြးခဲ့ျခင္းျဖစ္ပါတယ္။ ေနာက္ၿပီး ရွမ္းဘာသာနဲ႔ေရးသားဖို႔ အမွားအယြင္းမရွိေစရန္အတြက္ တာခ်ီလိတ္ၿမိဳ႕နယ္ ရွမ္းစာေပႏွင့္ ယဥ္ေက်းမႈအသင္းနဲ႔ ေတြ႕ဆံုၿပီး ေဆြးေႏြးၿပီးမွ အေကာင္အထည္ေဖာ္တာပါ"ဟု ဒုတိယညႊန္ၾကားေရးမွဴး ဦးေက်ာ္မိုးထြန္းက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕အ၀င္ ဆိုင္းဘုတ္အား ရွမ္းဘာသာျဖင့္ ေျပာင္းလဲေရးသားသည့္ လုပ္ငန္းသည္ ၂၀၁၆ခုႏွစ္ ဇြန္လ(၁၇)ရက္ေန႔က ၿပီးစီးခဲ့ၿပီျဖစ္ေၾကာင္းႏွင့္ တာခ်ီလိတ္ကဲ့သို႔ ရွမ္းျပည္နယ္အတြင္းရွိ ၿမိဳ႕အသီးသီး၏ ၿမိဳ႕အ၀င္ဆိုင္းဘုတ္မ်ားကိုလည္း ေျပာင္းလဲေနလွ်က္ရွိေၾကာင္း သိရွိရသည္။

သတင္း။ ။ ‪ကိုေဇာင္း‬

...................

တာချီလိတ်၊ ဇွန်လ(၁၈)
ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၏ ရက်(၁၀၀)စီမံချက်တွင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၏ လမ်းညွှန်ချက်တစ်ခုဖြစ်သည့် ရှမ်းပြည်နယ်အတွင်း မြို့အဝင်ဆိုင်းဘုတ်များအား မြန်မာ - ရှမ်း နှစ်ဘာသာဖြင့် ရေးသားဖော်ပြရန် ပါရှိရာ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီး၏ မြို့အဝင် ဆိုင်းဘုတ်များအား ပြောင်းလဲရေးသား နေလျှက်ရှိသည့်အနက် တာချီလိတ်မြို့အဝင် ဆိုင်းဘုတ်အား ရှမ်းဘာသာစာသားဖြင့် ပြောင်းလဲ ရေးသားပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

"ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းရဲ့ လမ်းညွှန်ချက်နဲ့အညီ၊ တာချီလိတ်မြို့အဝင် ဆိုင်းဘုတ်ကိုလည်း ရှမ်းဘာသာဖြင့် ပြောင်းလဲရေးသားပြီးဖြစ်ပါတယ်၊ ဆိုင်းဘုတ်မှာတော့ ရှမ်းဘာသာနဲ့ ရေးထားပြီးတော့၊ လမ်းအလယ်မှာ ခွထားတဲ့ မုဒ်ဦးမှာတော့ မြန်မာဘာသာနဲ့ ရေးသားထားပါတယ်"ဟု တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးထွန်းက ပြောသည်။

ရှမ်းပြည်နယ်အတွင်း မြို့နယ်များ၌ မြို့သန့်ရှင်းသာယာလှပရေးနှင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများအား ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်လျှက်ရှိရာတွင် ရှမ်းပြည်နယ်အတွင်း မြို့နယ်အသီးသီး၏ မြို့အဝင်ဆိုင်းဘုတ်များအား ရှမ်းဘာသာဖြင့် ပြောင်းလဲရန် ပါဝင်ကြောင်း သိရသည်။

"အခုလို မြို့အဝင်ဆိုင်းဘုတ်မှာ ရှမ်းဘာသာနဲ့ ရေးသားဖော်ပြထားဖို့အတွက်လုပ်ငန်းမဆောင်ရွက်မီကာလကပင် ကော်မတီ(၃)ရပ် အပါအဝင် မြို့မိမြို့ဖတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ်။ နောက်ပြီး ရှမ်းဘာသာနဲ့ရေးသားဖို့ အမှားအယွင်းမရှိစေရန်အတွက် တာချီလိတ်မြို့နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းနဲ့ တွေ့ဆုံပြီး ဆွေးနွေးပြီးမှ အကောင်အထည်ဖော်တာပါ"ဟု ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးထွန်းက ပြောသည်။

တာချီလိတ်မြို့အဝင် ဆိုင်းဘုတ်အား ရှမ်းဘာသာဖြင့် ပြောင်းလဲရေးသားသည့် လုပ်ငန်းသည် ၂၀၁၆ခုနှစ် ဇွန်လ(၁၇)ရက်နေ့က ပြီးစီးခဲ့ပြီဖြစ်ကြောင်းနှင့် တာချီလိတ်ကဲ့သို့ ရှမ်းပြည်နယ်အတွင်းရှိ မြို့အသီးသီး၏ မြို့အဝင်ဆိုင်းဘုတ်များကိုလည်း ပြောင်းလဲနေလျှက်ရှိကြောင်း သိရှိရသည်။

သတင်း။ ‪ကိုဇောင်း‬

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~