ေတာ့ဆန္ေက်းရြာ နယ္ေျမလံုၿခံဳမႈ မရိွသျဖင့္ ေက်ာင္းသားမ်ားႏွင့္ ပညာေရးဝန္ထမ္းမ်ား ေက်ာက္မဲၿမိဳ႕ေပၚ ေျပာင္းေရႊ႕

ေတာ့ဆန္ေက်းရြာ နယ္ေျမလံုၿခံဳမႈ မရိွသျဖင့္ ေက်ာင္းသားမ်ားႏွင့္ ပညာေရးဝန္ထမ္းမ်ား ေက်ာက္မဲၿမိဳ႕ေပၚ ေျပာင္းေရႊ႕
ဇွန် 29, 2016
By Tachileik News Agency

ေက်ာက္မဲ၊ ဇြန္လ (၂၉) ရက္
နယ္ေျမလံုၿခံဳမႈ မရရွိေသးသည့္အတြက္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္ ေတာ့ဆန္ေက်းရြာမွ ေက်ာင္းသူ၊ ေက်ာင္းသားမ်ားႏွင့္ ပညာေရးဝန္ထမ္းမ်ားမွာ ေက်ာက္မဲၿမိဳ႕မွ နီးစပ္ရာေက်ာင္းမ်ားတြင္ လိုက္လံ သင္ၾကားေနရေၾကာင္း သိရသည္။

“ေဒသက မၿငိမ္ေသးေတာ့ လံုၿခံဳမႈ မရွိေသးဘူး။ ပထမတန္းကေန ဆယ္တန္းအထိ ေက်ာင္းသူ ေက်ာင္းသားေတြ အားလံုး ေက်ာက္မဲၿမိဳ႕ေပၚက နီးစပ္ရာ စာသင္ေက်ာင္းေတြမွာ တကြဲတျပားစီ သင္ေနရတယ္။ ဆရာ၊ ဆရာမေတြလည္း အိမ္ငွားေနၿပီး ေက်ာင္းအသီးသီးမွာ လိုက္သင္ေပးေနရတယ္”ဟု ေတာ့ဆန္ ေက်ာင္းအုပ္ႀကီး ေဒၚခင္သန္းေအးက ေျပာသည္။

ေတာ့ဆန္ေက်းရြာမွ ေက်ာင္းသူ၊ေက်ာင္းသားစုစုေပါင္း (၄၉) ဦးႏွင့္ ဆရာ၊ဆရာမ စုစုေပါင္း (၂၇) ဦးသည္ နယ္ေျမအေျခအေနအရ ေက်ာက္မဲၿမိဳ႕ရွိ အေျခခံပညာသင္ေက်ာင္းမ်ားတြင္ တကြဲတျပားစီ သင္ၾကား သင္ယူေနၾကရျခင္းျဖစ္ေၾကာင္း သိရသည္။

“ေက်ာင္းသူ၊ေက်ာင္းသား တခ်ိဳ႕တေလက ၿမိဳ႕ေပၚ မလိုက္ႏိုင္ၾကလို႔ ေနာင္ခ်ိဳ - ကန္ႀကီးဘက္ေတြေတာင္ ေျပာင္းေရႊ႕သြားၾကရတာမ်ိဳးေတြရွိတယ္။ ရြာမွာလည္း သံုးေလးေယာက္ေလာက္ပဲ အိမ္ေစာင့္ေလာက္ က်န္ၿပီး ေတာ္ေတာ္မ်ားမ်ားက မေနရဲေတာ့ အဆင္ေျပရာအရပ္ကို အသီးသီးေျပာင္းေရြ႕ သြားၾကတာ။ ကၽြန္မရဲ႕ ေက်ာင္းသူ၊ ေက်ာင္းသားေတြ ေလ်ာ့ေတာင္ေလ်ာ့သြားတယ္။ ျဖစ္ႏိုင္ရင္ေတာ့ ကိုယ့္ရြာ ကိုယ့္ေက်ာင္းမွာ ကိုယ့္ကေလးေတြနဲ႕ တစုတစည္းတည္း ေနခ်င္ပါတယ္ ဘယ္သူတတ္ႏိုင္မွာလဲ” ဟု ေက်ာင္းအုပ္ႀကီးက ဆိုသည္။

ေက်ာင္းစာေရး ရံုးအကူႏွင့္ ေက်ာင္းေစာင့္အပါအဝင္ ေတာ့ဆန္ေက်းရြာမွ ပညာေရးဝန္ထမ္း စုစုေပါင္း (၂၇) ဦးမွာ ေက်ာက္မဲၿမိဳ႕ေပၚ၌ အိမ္ခန္း ငွားရမ္းေနထိုင္ကာ တာဝန္ထမ္းေဆာင္ေနရၿပီး ေက်ာင္းအုပ္ႀကီး အပါအဝင္ ဆရာ၊ ဆရာမ (၇) ဦးမွာ ေက်ာက္မဲၿမိဳ႕၊ ေရဦးရပ္၊ ေအာင္ဆုပန္ေက်ာင္းတိုက္တြင္ ေခတၱေနထိုင္၍ ပညာသင္ၾကားေရးတာဝန္ ထမ္းေဆာင္ေနရေၾကာင္း သိရသည္။

“ဒီရွမ္းျပည္မွာက လက္နက္ကိုင္အဖြဲ႕ေတြက ေပါတယ္။ ဟိုနားျဖစ္လိုက္ ဒီနားျဖစ္လိုက္နဲ႔ ဆိုေတာ့ ဘယ္မွာမွ မၿငိမ္းခ်မ္းပါဘူး။ အျမန္ဆံုးၿငိမ္းခ်မ္း ေစခ်င္တယ္။ ဒါမွ စီးပြားေရး၊ လူမႈေရး၊ ပညာေရး အကုန္အဆင္ေျပေျပျဖစ္ႏိုင္မွာ” ဟု ေက်ာက္မဲေဒသခံ တစ္ဦးက ဆိုသည္။

ေက်ာက္မဲၿမိဳ႕နယ္ ေတာ့ဆန္ေက်းရြာအနီးဝန္းက်င္တြင္ RCSS/SSA ႏွင့္ TNLA တပ္မ်ား၏ တုိက္ပြဲမ်ား ျဖစ္ပြားခဲ့မႈေၾကာင့္ လက္ရိွအခ်ိန္ထိ နယ္ေျမ မၿငိမ္မသက္မႈမ်ား ရိွေနဆဲျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ေနၿဖဳိးျမင့္

 ..........

ကျောက်မဲ၊ ဇွန်လ (၂၉) ရက်
နယ်မြေလုံခြုံမှု မရရှိသေးသည့်အတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာမှ ကျောင်းသူ၊ ကျောင်းသားများနှင့် ပညာရေးဝန်ထမ်းများမှာ ကျောက်မဲမြို့မှ နီးစပ်ရာကျောင်းများတွင် လိုက်လံ သင်ကြားနေရကြောင်း သိရသည်။

“ဒေသက မငြိမ်သေးတော့ လုံခြုံမှု မရှိသေးဘူး။ ပထမတန်းကနေ ဆယ်တန်းအထိ ကျောင်းသူ ကျောင်းသားတွေ အားလုံး ကျောက်မဲမြို့ပေါ်က နီးစပ်ရာ စာသင်ကျောင်းတွေမှာ တကွဲတပြားစီ သင်နေရတယ်။ ဆရာ၊ ဆရာမတွေလည်း အိမ်ငှါးနပြေီး ကျောင်းအသီးသီးမှာ လိုက်သင်ပေးနေရတယ်”ဟု တော့ဆန် ကျောင်းအုပ်ကြီး ဒေါ်ခင်သန်းအေးက ပြောသည်။

တော့ဆန်ကျေးရွာမှ ကျောင်းသူ၊ကျောင်းသားစုစုပေါင်း (၄၉) ဦးနှင့် ဆရာ၊ဆရာမ စုစုပေါင်း (၂၇) ဦးသည် နယ်မြေအခြေအနေအရ ကျောက်မဲမြို့ရှိ အခြေခံပညာသင်ကျောင်းများတွင် တကွဲတပြားစီ သင်ကြား သင်ယူနကြေရခြင်းဖြစ်ကြောင်း သိရသည်။

“ကျောင်းသူ၊ကျောင်းသား တချို့တလေက မြို့ပေါ် မလိုက်နိုင်ကြလို့ နောင်ချို - ကန်ကြီးဘက်တွေတောင် ပြောင်းရွှေ့သွားကြရတာမျိုးတွေရှိတယ်။ ရွာမှာလည်း သုံးလေးယောက်လောက်ပဲ အိမ်စောင့်လောက် ကျန်ပြီး တော်တော်များများက မနေရဲတော့ အဆင်ပြေရာအရပ်ကို အသီးသီးပြောင်းရွေ့ သွားကြတာ။ ကျွန်မရဲ့ ကျောင်းသူ၊ ကျောင်းသားတွေ လျော့တောင်လျော့သွားတယ်။ ဖြစ်နိုင်ရင်တော့ ကိုယ့်ရွာ ကိုယ့်ကျောင်းမှာ ကိုယ့်ကလေးတွေနဲ့ တစုတစည်းတည်း နေချင်ပါတယ် ဘယ်သူတတ်နိုင်မှာလဲ” ဟု ကျောင်းအုပ်ကြီးက ဆိုသည်။

ကျောင်းစာရေး ရုံးအကူနှင့် ကျောင်းစောင့်အပါအဝင် တော့ဆန်ကျေးရွာမှ ပညာရေးဝန်ထမ်း စုစုပေါင်း (၂၇) ဦးမှာ ကျောက်မဲမြို့ပေါ်၌ အိမ်ခန်း ငှါးရမ်းနေထိုင်ကာ တာဝန်ထမ်းဆောင်နေရပြီး ကျောင်းအုပ်ကြီး အပါအဝင် ဆရာ၊ ဆရာမ (၇) ဦးမှာ ကျောက်မဲမြို့၊ ရေဦးရပ်၊ အောင်ဆုပန်ကျောင်းတိုက်တွင် ခေတ္တနေထိုင်၍ ပညာသင်ကြားရေးတာဝန် ထမ်းဆောင်နေရကြောင်း သိရသည်။

“ဒီရှမ်းပြည်မှာက လက်နက်ကိုင်အဖွဲ့တွေက ပေါတယ်။ ဟိုနားဖြစ်လိုက် ဒီနားဖြစ်လိုက်နဲ့ ဆိုတော့ ဘယ်မှာမှ မငြိမ်းချမ်းပါဘူး။ အမြန်ဆုံးငြိမ်းချမ်း စေချင်တယ်။ ဒါမှ စီးပွားရေး၊ လူမှုရေး၊ ပညာရေး အကုန်အဆင်ပြေပြဖြေစ်နိုင်မှာ” ဟု ကျောက်မဲဒေသခံ တစ်ဦးက ဆိုသည်။

ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအနီးဝန်းကျင်တွင် RCSS/SSA နှင့် TNLA တပ်များ၏ တိုက်ပွဲများ ဖြစ်ပွားခဲ့မှုကြောင့် လက်ရှိအချိန်ထိ နယ်မြေ မငြိမ်မသက်မှုများ ရှိနေဆဲဖြစ်ကြောင်း သိရသည်။

သတင်း။ နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~