ပထမအႀကိမ္ လႊတ္ေတာ္သက္တမ္းမွ ကိုယ္စားလွယ္မ်ားအား ႏိုင္ငံေရးပင္စင္ တစ္လံုးတစ္ခဲတည္း ခ်ီးျမႇင့္ရန္ အခ်က္အလက္မ်ား အခ်ိန္မီ ေပးပို႔ရန္လို

ပထမအႀကိမ္ လႊတ္ေတာ္သက္တမ္းမွ ကိုယ္စားလွယ္မ်ားအား ႏိုင္ငံေရးပင္စင္ တစ္လံုးတစ္ခဲတည္း ခ်ီးျမႇင့္ရန္ အခ်က္အလက္မ်ား အခ်ိန္မီ ေပးပို႔ရန္လို
ဇွန် 1, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဇြန္လ(၁)ရက္
ပထမအႀကိမ္လႊတ္ေတာ္ သက္တမ္းကာလအတြင္း တာ၀န္ထမ္းေဆာင္ခဲ့ေသာ ကိုယ္စားလွယ္ႏွင့္ ဦးစီးအဖြဲ႕မ်ားအား တစ္လံုးတစ္ခဲတည္း ႏိုင္ငံေရး ပင္စင္ခ်ီးျမႇင့္ႏိုင္ရန္ ခရိုင္အလိုက္ ကိုယ္စားလွယ္မ်ား၏ အခ်က္အလက္မ်ား ေကာက္ခံေနေၾကာင္း သိရသည္။

"အဓိက ကၽြန္ေတာ္တို႔က အုပ္ခ်ဳပ္ေရးပိုင္းကို အခ်က္အလက္ေတြ ေကာက္ခံၿပီး ျပန္လည္ေပးပို႔ဖို႔ အေၾကာင္းၾကားထားတာပါ။ ဒီအခ်က္အလက္ေတြရရွိလာရင္ ျပည္ေထာင္စုအစိုးရက တုိင္းနဲ႔ ျပည္နယ္(၁၄)ခုက ကိုယ္စားလွယ္ေတြကို ပင္စင္ေပးရမွာ အဓိက ကၽြန္ေတာ္တို႔က စာရင္းေကာက္ၿပီး ပို႔ေပးဖို႔ပါပဲ။ အခုေလာေလာဆယ္ေတာ့ တျခားျပည္နယ္ေတြ ၿပီးသြားၿပီၾကားတယ္"ဟု ရွမ္းျပည္နယ္လႊတ္ေတာ္ ညႊန္ၾကားေရးမွဴး ဦးေက်ာ္သူေဇာ္က ေျပာသည္။

ယခုလက္ရွိ ကိုယ္စားလွယ္စာရင္းစာရင္းမ်ား ေကာက္ခံရာတြင္ ရွမ္းျပည္နယ္တြင္း နယ္ေျမဧရိယာ က်ယ္သျဖင့္ ေကာက္ခံခ်ိန္ ပိုမိုၾကာျမင့္ေနျခင္းျဖစ္ၿပီး တစ္ခ်ိဳ႕ေသာ ကိုယ္စားလွယ္မ်ားမွာ ေနရပ္ေဒသ ေျပာင္းေရႊ႕သြားျခင္းေၾကာင့္ အခ်က္အလက္မ်ား လိုက္လံရွာေဖြေကာက္ခံလွ်က္ရွိေၾကာင္း ၎ထံမွ သိရသည္။

ရွမ္းျပည္နယ္အတြင္း ခရိုင္ (၁၄)ခရိုင္၊ ၿမိဳ႕နယ္ေပါင္း(၈၃)ၿမိဳ႕နယ္ပါ၀င္ၿပီး ပထမအႀကိမ္ ရွမ္းျပည္နယ္ လႊတ္ေတာ္တြင္ ကိုယ္စားလွယ္ဦးေရမွာ (၁၃၇)ဦးရွိၿပီး ခရိုင္အလိုက္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနမ်ားမွ ဇြန္လ(၃)ရက္ေန႔ ေနာက္ဆံုးထား၍ ရွမ္းျပည္နယ္လႊတ္ေတာ္ရံုးသို႔ ကိုယ္စားလွယ္စာရင္း အခ်က္အလက္မ်ားအား မပ်က္မကြက္ေပးပို႔ရန္ ညႊန္ၾကားထားေၾကာင္း သိရသည္။

တစ္လံုးတစ္ခဲတည္း ပင္စင္လစာခံစားခြင့္ႏွင့္ ပတ္သက္၍ ကိုယ္စားလွယ္မ်ား၏ ေနာက္ဆံုးရရွိေသာ လစာအား လုပ္သက္ႏွင့္ေျမႇာက္၍ ျပည္ေထာင္စုအစိုးရ ဘ႑ာေငြမွ ခ်ီးျမွင့္မည္ျဖစ္ၿပီး ဒုတိယအႀကိမ္ လႊြတ္ေတာ္ သက္တမ္းတြင္ ျပန္လည္ထမ္းေဆာင္ေနေသာ ကိုယ္စားလွယ္မ်ားမွာ ပင္စင္ခ်ီးျမႇင့္မႈတြင္ ပါ၀င္မႈ မရွိေသးေၾကာင္း သိရသည္။

ယခင္ ႏိုင္ငံေတာ္ ေအးခ်မ္းသာယာေရး ႏွင့္ ဖြံ ့ၿဖိဳးေရးေကာင္စီ ၏ ၂၀၁၁ ခုႏွစ္ ဇန္နဝါရီလ ၁၀ ရက္ ေန ့ စြဲပါ ျပည္ေထာင္စုအဆင့္ပုဂၢိဳလ္ မ်ား၏ လစာ စရိတ္ ခ်ီးျမွင့္ေငြႏွင့္ အေဆာင္အေယာင္ဆိုင္ရာ ဥပေဒပုဒ္မ ၂၆ အရ တစ္လုံးတစ္ခဲတည္းေသာ ႏိုင္ငံေရးပင္စင္ ခ်ီးျမွင့္ေငြမ်ားကို ခံစားခြင့္ရရွိၾကျခင္း ျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ကိုဇက္

..........................

တာချီလိတ်၊ ဇွန်လ(၁)ရက်
ပထမအကြိမ်လွှတ်တော် သက်တမ်းကာလအတွင်း တာဝန်ထမ်းဆောင်ခဲ့သော ကိုယ်စားလှယ်နှင့် ဦးစီးအဖွဲ့များအား တစ်လုံးတစ်ခဲတည်း နိုင်ငံရေး ပင်စင်ချီးမြှင့်နိုင်ရန် ခရိုင်အလိုက် ကိုယ်စားလှယ်များ၏ အချက်အလက်များ ကောက်ခံနေကြောင်း သိရသည်။

"အဓိက ကျွန်တော်တို့က အုပ်ချုပ်ရေးပိုင်းကို အချက်အလက်တွေ ကောက်ခံပြီး ပြန်လည်ပေးပို့ဖို့ အကြောင်းကြားထားတာပါ။ ဒီအချက်အလက်တွေရရှိလာရင် ပြည်ထောင်စုအစိုးရက တိုင်းနဲ့ ပြည်နယ်(၁၄)ခုက ကိုယ်စားလှယ်တွေကို ပင်စင်ပေးရမှာ အဓိက ကျွန်တော်တို့က စာရင်းကောက်ပြီး ပို့ပေးဖို့ပါပဲ။ အခုလောလောဆယ်တော့ တခြားပြည်နယ်တွေ ပြီးသွားပြီကြားတယ်"ဟု ရှမ်းပြည်နယ်လွှတ်တော် ညွှန်ကြားရေးမှူး ဦးကျော်သူဇော်က ပြောသည်။

ယခုလက်ရှိ ကိုယ်စားလှယ်စာရင်းစာရင်းများ ကောက်ခံရာတွင် ရှမ်းပြည်နယ်တွင်း နယ်မြေဧရိယာ ကျယ်သဖြင့် ကောက်ခံချိန် ပိုမိုကြာမြင့်နခြေင်းဖြစ်ပြီး တစ်ချို့သော ကိုယ်စားလှယ်များမှာ နေရပ်ဒေသ ပြောင်းရွှေ့သွားခြင်းကြောင့် အချက်အလက်များ လိုက်လံရှာဖွေကောက်ခံလျှက်ရှိကြောင်း၎င်းထံမှ သိရသည်။

ရှမ်းပြည်နယ်အတွင်း ခရိုင် (၁၄)ခရိုင်၊ မြို့နယ်ပေါင်း(၈၃)မြို့နယ်ပါဝင်ပြီး ပထမအကြိမ် ရှမ်းပြည်နယ် လွှတ်တော်တွင် ကိုယ်စားလှယ်ဦးရေမှာ (၁၃၇)ဦးရှိပြီး ခရိုင်အလိုက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများမှ ဇွန်လ(၃)ရက်နေ့ နောက်ဆုံးထား၍ ရှမ်းပြည်နယ်လွှတ်တော်ရုံးသို့ ကိုယ်စားလှယ်စာရင်း အချက်အလက်များအား မပျက်မကွက်ပေးပို့ရန် ညွှန်ကြားထားကြောင်း သိရသည်။

တစ်လုံးတစ်ခဲတည်း ပင်စင်လစာခံစားခွင့်နှင့် ပတ်သက်၍ ကိုယ်စားလှယ်များ၏ နောက်ဆုံးရရှိသော လစာအား လုပ်သက်နှင့်မြှောက်၍ ပြည်ထောင်စုအစိုးရ ဘဏ္ဍာငွေမှ ချီးမြှင့်မည်ဖြစ်ပြီး ဒုတိယအကြိမ် လွှတ်တော် သက်တမ်းတွင် ပြန်လည်ထမ်းဆောင်နေသော ကိုယ်စားလှယ်များမှာ ပင်စင်ချီးမြှင့်မှုတွင် ပါဝင်မှု မရှိသေးကြောင်း သိရသည်။

ယခင် နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁၀ ရက် နေ့ စွဲပါ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ် များ၏ လစာ စရိတ် ချီးမြှင့်ငွေနှင့် အဆောင်အယောင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ အရ တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင် ချီးမြှင့်ငွေများကို ခံစားခွင့်ရရှိကြခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~