ေဒၚေအာင္ဆန္းစုၾကည့္၏ ေမြးေန႔ပြဲ တာခ်ီလိတ္၌ က်င္းပခဲ့

ေဒၚေအာင္ဆန္းစုၾကည့္၏ ေမြးေန႔ပြဲ တာခ်ီလိတ္၌ က်င္းပခဲ့
ဇွန် 20, 2016
By Tachileik News Agency
 တာခ်ီလိတ္၊ ဇြန္လ (၂၀) ရက္

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၏ (၇၁)ႏွစ္ျပည့္ ေမြးေန႔အထိမ္းအမွတ္အျဖစ္ ဇြန္လ(၁၉) ရက္ေန႔က တာခ်ီလိတ္ၿမိဳ႕ခံမ်ားႏွင့္ NLD ပါတီဝင္မ်ားသည္ တာခ်ီလိတ္ၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္(NLD)ရုံးတြင္ ေမြးေန႔ဆြမ္းကပ္လွဴျခင္းႏွင့္ အေျခခံပညာအထက္တန္းေက်ာင္းတို႔တြင္ သစ္ပင္စိုက္ပ်ိဳးျခင္းမ်ား စုေပါင္းျပဳလုပ္ၾကသည္။

“အရင္ႏွစ္ေတြထဲက ေမြးေန႔ပြဲလုပ္တယ္။ ဒါေပမဲ့ ဒီေလာက္ထိ မလုပ္ခဲ့ပါဘူး။ အရင္တုန္းက သိပ္ၿပီး လြတ္လြတ္လပ္လပ္ မလုပ္ရဘူးေလ။ ခုမွ အေမစုတို႔ အစိုးရတက္လာေတာ့ အေမစုရဲ႕ ေမြးေန႔ကို အခုလို လြတ္လြတ္လပ္လပ္ က်င္းပခဲ့တာပါ။ အခုဆို တစ္ႏိုင္ငံလုံး ေမြးေန႔အထိမ္းအမွတ္ အလွဴဒါနေတြလုပ္တာေတြ ေတြ႕ရပါတယ္။”ဟု တာခ်ီလိတ္ NLD အတြင္းေရးမွဴး ဦး၀င္းစြမ္က ေျပာသည္။

ေမြးေန႔အထိမ္းအမွတ္ သစ္ပင္စိုက္ပ်ိဳးျခင္းအား တာခ်ီလိတ္ၿမိဳ႕ အထက(ဆန္ဆိုင္း)ေက်ာင္းတြင္ ျပဳလုပ္ၿပီး NLDရုံးတြင္ မုန္႔ဟင္းခါးေကၽြးျခင္း ၊ ေမြးေန႔ကိတ္ခြဲျခင္း ၊ဘုန္းႀကီး ဆြမ္းကပ္ျခင္းမ်ားအား ျပဳလုပ္ခဲ့ၿပီး ညေနပိုင္းတြင္ ငါးလႊတ္ျခင္း ႏွင့္ ေရႊတိဂုံဘုရားတြင္ ဆီမီးထြန္းျခင္းမ်ား ျပဳလုပ္ေၾကာင္း သိရသည္။

“အခုလို တစ္ႏိုင္ငံလုံးမွာ ေမြးေန႔ပြဲက်င္းပတာေတြက အေမစုက တိုက္တြန္းျခင္းမဟုတ္ဘဲ ျပည္သူေတြရဲ႕ ရင္ထဲမွာကိုက ခ်စ္ျမတ္ႏိုးတာေၾကာင့္ အခုလို ေမြးေန႔အထိမ္းအမွတ္ေတြ၊ အလွဴဒါနေတြ ျပဳလုပ္ျခင္းပဲ ျဖစ္တယ္။”ဟု ေဒသခံ ဦးေဇာ္ျမင့္က ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ေဒၚေအာင္ဆန္းစုၾကည္ ေမြးေန႔ပြဲကို ယခင္ႏွစ္မ်ားမွာ က်ယ္က်ယ္ျပန္႔ျပန္႔ ျပဳလုပ္ျခင္း မရွိဘဲ ေမြးေန႔အထိမ္းအမွတ္ အက်ဥ္းရံုးျပဳလုပ္ေလ့ရိွၿပီး ယခုႏွစ္တြင္ ပထမဆံုးအႀကိမ္ တခမ္းတနား ေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ေဇာင္းညီ

.....................

တာချီလိတ်၊ ဇွန်လ (၂၀) ရက်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၁)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ဇွန်လ(၁၉) ရက်တွင် တာချီလိတ်မြို့ခံများနှင့် NLD ပါတီဝင်များသည် တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ရုံးတွင် မွေးနေ့ဆွမ်းကပ်လှူခြင်းနှင့် အခြေခံပညာအထက်တန်းကျောင်းတို့တွင် သစ်ပင်စိုက်ပျိုးခြင်းများ စုပေါင်းပြုလုပ်ကြသည်။

“အရင်နှစ်တွေထဲက မွေးနေ့ပွဲလုပ်တယ်။ ဒါပေမဲ့ ဒီလောက်ထိ မလုပ်ခဲ့ပါဘူး။ အရင်တုန်းက သိပ်ပြီး လွတ်လွတ်လပ်လပ် မလုပ်ရဘူးလေ။ ခုမှ အမေစုတို့ အစိုးရတက်လာတော့ အမေစုရဲ့ မွေးနေ့ကို အခုလို လွတ်လွတ်လပ်လပ် ကျင်းပခဲ့တာပါ။ အခုဆို တစ်နိုင်ငံလုံး မွေးနေ့အထိမ်းအမှတ် အလှူဒါနတွေလုပ်တာတွေ တွေ့ရပါတယ်။”ဟု တာချီလိတ် NLD အတွင်းရေးမှူး ဦးဝင်းစွမ်က ပြောသည်။

မွေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးခြင်းအား တာချီလိတ်မြို့ အထက(ဆန်ဆိုင်း)ကျောင်းတွင် ပြုလုပ်ပြီး NLDရုံးတွင် မုန့်ဟင်းခါးကျွေးခြင်း၊ မွေးနေ့ကိတ်ခွဲခြင်း၊ဘုန်းကြီး ဆွမ်းကပ်ခြင်းများအား ပြုလုပ်ခဲ့ပြီး ညနေပိုင်းတွင် ငါးလွှတ်ခြင်း နှင့် ရွှေတိဂုံဘုရားတွင် ဆီမီးထွန်းခြင်းများ ပြုလုပ်ကြောင်း သိရသည်။

“အခုလို တစ်နိုင်ငံလုံးမှာ မွေးနေ့ပွဲကျင်းပတာတွေက အမေစုက တိုက်တွန်းခြင်းမဟုတ်ဘဲ ပြည်သူတွေရဲ့ ရင်ထဲမှာကိုက ချစ်မြတ်နိုးတာကြောင့် အခုလို မွေးနေ့အထိမ်းအမှတ်တွေ၊ အလှူဒါနတွေ ပြုလုပ်ခြင်းပဲ ဖြစ်တယ်။”ဟု ဒေသခံ ဦးဇော်မြင့်က ပြောသည်။

တာချီလိတ်မြို့တွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲကို ယခင်နှစ်များမှာ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခြင်း မရှိဘဲ မွေးနေ့အထိမ်းအမှတ် အကျဉ်းရုံးပြုလုပ်လေ့ရှိပြီး ယခုနှစ်တွင် ပထမဆုံးအကြိမ် တခမ်းတနား ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း။ ဇောင်းညီ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net