လူေမွာင္ခိုကူးခံရသူမ်ားႏွင့္ လုပ္အားခမရသည့္ျမန္မာလုပ္သားမ်ားအား ျမဝတီတြင္ ျပန္လည္လႊဲေျပာင္း

လူေမွာင္ခိုကူးခံရသူမ်ားႏွင့္ လုပ္အားခမရသည့္ျမန္မာလုပ္သားမ်ားအား ျမဝတီတြင္ ျပန္လည္လႊဲေျပာင္း
ဇွန် 1, 2016
By Tachileik News Agency

 ျမ၀တီ၊ ဇြန္ လ (၁) ရက္
ထိုင္းႏိုင္ငံသို႔ လူေမွာင္ခိုကူးခံရသည့္ ျမန္မာအလုပ္သမား(၅)ဦးႏွင့္ လုပ္အားခ မရရွိဘဲ အလုပ္ လုပ္ကိုင္ေနရသည့္ ေရလုပ္သား (၃)ဦး တို႔အား ျမန္မာလုပ္သားကူညီေစာင့္ေရွာက္ေရးအဖြဲ႕မ်ား၏ ကူညီမႈျဖင့္ ယေန႔ ဇြန္ လ(၁) ရက္တြင္ ေနရပ္ျပန္ပို႔ႏုိင္လိုက္ေၾကာင္း သိရသည္။

ျမန္မာလုပ္သားကူညီေစာင့္ေရွာက္ေရးအဖြဲ႕မ်ားျဖစ္သည့္ AAC အဖြဲ႕ ႏွင့္ LPN အဖြဲ႕တို႔ ပူးေပါင္းကာ ျမ၀တီနယ္စပ္တံတားမွတစ္ဆင့္ အဆိုပါ လုပ္သားမ်ားအား ယေန႔ ဇြန္ လ(၁)ရက္ေန႔တြင္ ေနရပ္သို႔ ျပန္လည္ပို႔ေဆာင္ေပးလိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

“ စက္ရုံမွာ အလုပ္လုပ္တဲ့ ျမန္မာလုပ္သား(၅)ဦးက (၃) (၄)ႏွစ္ရွိၿပီ အလုပ္လုပ္တာ လစာမရဘူး။ အဲဒါေၾကာင့္ သြားေရာက္ကူညီကယ္ထုတ္ၿပီး အခုသူတို႔ကို ေနရပ္ျပန္ပို႔တဲ့အခါမွာ အလုပ္ရွင္က တစ္ေယာက္ကို က်ပ္သိန္း(၃၀)ေက်ာ္ ရရွိေအာင္ ေဆာင္ရြက္ေပးခဲ့ပါတယ္။” ဟု AAC အဖြဲ႕မွ ကိုရဲမင္းက ေျပာသည္။

ထိုင္းႏိုင္ငံ နမ့္ခြန္းပထိုၿမိဳ႕ရွိ စက္ရုံမွ ျမန္မာလုပ္သား(၅)ဦးအတြက္ အလုပ္ရွင္မွ နစ္နာေၾကး က်ပ္သိန္း(၁၃၀)ေက်ာ္ ျပန္လည္ေပးေသာ္လည္း အင္ဒိုနီးရွားႏိုင္ငံတြင္ (၁၀)ႏွစ္ၾကာ လုပ္အားခ မရရွိဘဲ လုပ္ကိုင္ေနသည့္ ျမန္မာလူမ်ိဳး ေရလုပ္သား(၂)ဦး ႏွင့္ ထိုင္းေလွတြင္ (၃)ႏွစ္ၾကာ လုပ္အားခမ ရဘဲ လုပ္ကိုင္ခဲ့ရသည့္ ျမန္မာလူမ်ိဳး ေရလုပ္သား(၁)ဦး တို႔အတြက္ နစ္နာေၾကးမရခဲ့ေၾကာင္း သိရသည္။

အဆိုပါ ျမန္မာအလုပ္သမား(၈)ဦးကို ျမန္မာသံရံုး၏ညႊန္ၾကားမႈႏွင့္ ထိုင္း- ျမန္မာနယ္စပ္ ျမဝတီျမိဳ႕တြင္ ျမန္မာႏုိင္ငံမွ သက္ဆိုင္ရာတာဝန္ရိွသူမ်ားမွတစ္ဆင့္ ေနရပ္ျပန္ပို႔လိုက္ေၾကာင္း သိရသည္။

သတင္း။ ။ ‪#‎ေဇာင္းညီ‬
ဓာတ္ပံု။ ။ ‪#‎AAC‬

...............

မြဝတီ၊ ဇွန် လ (၁) ရက်
ထိုင်းနိုင်ငံသို့ လူမှောင်ခိုကူးခံရသည့် မြန်မာအလုပ်သမား(၅)ဦးနှင့် လုပ်အားခ မရရှိဘဲ အလုပ် လုပ်ကိုင်နေရသည့် ရေလုပ်သား (၃)ဦး တို့အား မြန်မာလုပ်သားကူညီစောင့်ရှောက်ရေးအဖွဲ့များ၏ ကူညီမှုဖြင့် ယနေ့ ဇွန် လ(၁) ရက်တွင် နေရပ်ပြန်ပို့နိုင်လိုက်ကြောင်း သိရသည်။

မြန်မာလုပ်သားကူညီစောင့်ရှောက်ရေးအဖွဲ့များဖြစ်သည့် AAC အဖွဲ့ နှင့် LPN အဖွဲ့တို့ ပူးပေါင်းကာ မြဝတီနယ်စပ်တံတားမှတစ်ဆင့် အဆိုပါ လုပ်သားများအား ယနေ့ ဇွန် လ(၁)ရက်နေ့တွင် နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ စက်ရုံမှာ အလုပ်လုပ်တဲ့ မြန်မာလုပ်သား(၅)ဦးက (၃) (၄)နှစ်ရှိပြီ အလုပ်လုပ်တာ လစာမရဘူး။ အဲဒါကြောင့် သွားရောက်ကူညီကယ်ထုတ်ပြီး အခုသူတို့ကို နေရပ်ပြန်ပို့တဲ့အခါမှာ အလုပ်ရှင်က တစ်ယောက်ကို ကျပ်သိန်း(၃၀)ကျော် ရရှိအောင် ဆောင်ရွက်ပေးခဲ့ပါတယ်။” ဟု AAC အဖွဲ့မှ ကိုရဲမင်းက ပြောသည်။

ထိုင်းနိုင်ငံ နမ့်ခွန်းပထိုမြို့ရှိ စက်ရုံမှ မြန်မာလုပ်သား(၅)ဦးအတွက် အလုပ်ရှင်မှ နစ်နာကြေး ကျပ်သိန်း(၁၃၀)ကျော် ပြန်လည်ပေးသော်လည်း အင်ဒိုနီးရှားနိုင်ငံတွင် (၁၀)နှစ်ကြာ လုပ်အားခ မရရှိဘဲ လုပ်ကိုင်နေသည့် မြန်မာလူမျိုး ရေလုပ်သား(၂)ဦး နှင့် ထိုင်းလှေတွင် (၃)နှစ်ကြာ လုပ်အားခမ ရဘဲ လုပ်ကိုင်ခဲ့ရသည့် မြန်မာလူမျိုး ရေလုပ်သား(၁)ဦး တို့အတွက် နစ်နာကြေးမရခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာအလုပ်သမား(၈)ဦးကို မြန်မာသံရုံး၏ညွှန်ကြားမှုနှင့် ထိုင်း- မြန်မာနယ်စပ် မြဝတီမြို့တွင် မြန်မာနိုင်ငံမှ သက်ဆိုင်ရာတာဝန်ရှိသူများမှတစ်ဆင့် နေရပ်ပြန်ပို့လိုက်ကြောင်း သိရသည်။

သတင်း။ ‪#‎ဇောင်းညီ‬
ဓာတ်ပုံ။ ‪#‎AAC‬

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~