ရွမ္းျပည္နယ္အတြင္း ပထမဆံုးအျဖစ္ ေရာင္းသူမဲ့ အေအးဆိုင္ ေတာင္ႀကီး၌ စတင္

ရွမ္းျပည္နယ္အတြင္း ပထမဆံုးအျဖစ္ ေရာင္းသူမဲ့ အေအးဆိုင္ ေတာင္ႀကီး၌ စတင္
မေ 16, 2016
By Tachileik News Agency

ေတာင္ႀကီး၊ ေမလ(၁၆)ရက္
ရွမ္းျပည္နယ္အတြင္း ပထမဆံုး ေရာင္းသူမဲ့ အေအးဆိုင္အား ေတာင္ႀကီးၿမိဳ႕တြင္း ေနရာ(၃)ေနရာ၌ ဖြင့္လွစ္ေရာင္းခ်လွ်က္ရွိၿပီး၊ ရရွိေသာ အက်ိဳးအျမတ္မ်ားကုိ ေက်ာင္းဖြင့္ရာသီတြင္ ေက်ာင္းမေနႏိုင္ေသာ ကေလးငယ္မ်ားအား ေထာက္ပံ့ေပးသြားမည္ဟု ေရာင္းသူမဲ့အေအးဆိုင္ဖြင့္လွစ္ေရာင္းခ်သူမ်ားထံမွ သိရသည္။

"ကၽြန္ေတာ္လုပ္ႏိုင္တဲ့အခ်ိန္ထိ လုပ္သြားမွာပါ။ ဒီဆိုင္ေတြဖြင့္တဲ့ ရည္ရြယ္ခ်က္ကိုက အက်င့္စာရိတၱေတြ ေကာင္းလာဖို႔အတြက္ဆိုေတာ့ လုပ္သင့္တယ္ထင္ၿပီး လုပ္တာပါ။ ရလာတဲ့အက်ိဳးအျမတ္ေတြကိုေတာ့ ေက်ာင္းမေနႏိုင္တဲ့ကေလးေတြကို ေထာက္ပံ့သြားမွာပါ"ဟု ေတာင္ႀကီးၿမိဳ႕တြင္ ေရာင္းသူမဲ့ အေအးစတင္ေရာင္းခ်သူ ကိုေနလင္းသိုက္က ေျပာသည္။

လတ္တေလာတြင္ ၿမိဳ႕မရပ္ရွိ ဗိုလ္ခ်ဳပ္ပန္းျခံအနီးတြင္ တစ္ဆိုင္၊ KANBO SHOW ROOM ေရွ႕တြင္ တစ္ဆိုင္၊ စူဠာမုနိဘုရားတြင္ တစ္ဆိုင္ ဖြင့္လွစ္ထားၿပီး ေနာက္ထပ္ (၂)ဆိုင္ကိုလည္း ထပ္မံဖြင့္လွစ္မည္ျဖစ္ေၾကာင္း သိရသည္။
ဆိုင္စတင္ဖြင့္လွစ္သည့္ ေမလ(၈)ရက္ေန႔တြင္ အလစ္သုတ္မႈအနည္းငယ္ရွိေသာ္လည္ အရွံဳးေပၚျခင္းမရွိခဲ့ေၾကာင္း ၎ထံမွသိရသည္။

"အရင္းအႏွီးဆိုရင္ ကၽြန္ေတာ္ က်ပ္ႏွစ္ေသာင္းနဲ႔စလုပ္တာ။ ဒီလိုနဲ႔ သူငယ္ခ်င္းေတြက ကူညီရင္း ပိုၿပီး လုပ္ႏိုင္လာတာပါ။ အေအးဆိုင္ဖြင့္ေနခ်ိန္မွာ အေအးေတြလာထည့္ေပးတဲ့လူေတြလည္းရွိတယ္။ တခ်ိဳ႕က အမ္းေငြျပန္မယူသြားတဲ့ လူေတြလည္းရွိတယ္။ အမ်ားဆံုးလာအားေပးတာ အြန္လိုင္းပရိတ္သတ္ေတြပဲ။ အဲဒီေတာ့ လူလတ္ပိုင္းေတြမ်ားတယ္လို႔ ေျပာရတာေပါ့။ ကေလးေတြဆို သူတို႔ပိုက္ဆံေလးေတြကိုင္လာၿပီး လာ၀ယ္ၾကတယ္။ ၿပီးရင္ေငြထည့္သြားၾကတယ္"ဟု ေရာင္းသူမဲ့ အေအးေရာင္းခ်သူ ကိုေနလင္းသိုက္က ဆိုသည္။

ေရာင္းသူမဲ့အေအးဆိုင္အား မႏၱေလးၿမိဳ႕တြင္ စတင္ဖြင့္လွစ္ခဲ့ျခင္းျဖစ္ၿပီး Social Media ေပၚတြင္ ပ်ံ႕ႏွံသြားၿပီးေနာက္ ၿမိဳ႕ႀကီးမ်ားတြင္ ဖြင့္လွစ္လာၾကျခင္းျဖစ္သည္။

အဆိုပါဆိုင္မ်ား၏ ရည္ရြယ္ခ်က္မွာ အက်င့္စာရိတၱမ်ားေကာင္းမြန္လာရန္ႏွင့္ တာ၀န္သိ တာ၀န္ယူတတ္ေသာ လူ႔ပတ္၀န္းက်င္ျဖစ္ေပၚလာရန္ရည္ရြယ္ျခင္းျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္တြင္ ပထမဆံုးအျဖစ္ ေတာင္ႀကီး၌ စတင္ေရာင္းခ်တာျဖစ္ၿပီး ဒုတိယေျမာက္အျဖစ္ လားရႈိးၿမိဳ႕ရွိ လူငယ္မ်ားမွ ေရာင္းခ်ေနေၾကာင္း သိရသည္။

သတင္း။ ။ ‪#‎ကိုဇက္‬
ဓာတ္ပံု။ ။ ‪#‎ေနလင္းသိုက္‬

........................

တောင်ကြီး၊ မေလ(၁၆)ရက်
ရှမ်းပြည်နယ်အတွင်း ပထမဆုံး ရောင်းသူမဲ့ အအေးဆိုင်အား တောင်ကြီးမြို့တွင်း နေရာ(၃)နေရာ၌ ဖွင့်လှစ်ရောင်းချလျှက်ရှိပြီး၊ ရရှိသော အကျိုးအမြတ်များကို ကျောင်းဖွင့်ရာသီတွင် ကျောင်းမနေနိုင်သော ကလေးငယ်များအား ထောက်ပံ့ပေးသွားမည်ဟု ရောင်းသူမဲ့အအေးဆိုင်ဖွင့်လှစ်ရောင်းချသူများထံမှ သိရသည်။

"ကျွန်တော်လုပ်နိုင်တဲ့အချိန်ထိ လုပ်သွားမှာပါ။ ဒီဆိုင်တွေဖွင့်တဲ့ ရည်ရွယ်ချက်ကိုက အကျင့်စာရိတ္တတွေ ကောင်းလာဖို့အတွက်ဆိုတော့ လုပ်သင့်တယ်ထင်ပြီး လုပ်တာပါ။ ရလာတဲ့အကျိုးအမြတ်တွေကိုတော့ ကျောင်းမနေနိုင်တဲ့ကလေးတွေကို ထောက်ပံ့သွားမှာပါ"ဟု တောင်ကြီးမြို့တွင် ရောင်းသူမဲ့ အအေးစတင်ရောင်းချသူ ကိုနေလင်းသိုက်က ပြောသည်။

လတ်တလောတွင် မြို့မရပ်ရှိ ဗိုလ်ချုပ်ပန်းခြံအနီးတွင် တစ်ဆိုင်၊ KANBO SHOW ROOM ရှေ့တွင် တစ်ဆိုင်၊ စူဠာမုနိဘုရားတွင် တစ်ဆိုင် ဖွင့်လှစ်ထားပြီး နောက်ထပ် (၂)ဆိုင်ကိုလည်း ထပ်မံဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
ဆိုင်စတင်ဖွင့်လှစ်သည့် မေလ(၈)ရက်နေ့တွင် အလစ်သုတ်မှုအနည်းငယ်ရှိသော်လည် အရှုံးပေါ်ခြင်းမရှိခဲ့ကြောင်း၎င်းထံမှသိရသည်။

"အရင်းအနှီးဆိုရင် ကျွန်တော် ကျပ်နှစ်သောင်းနဲ့စလုပ်တာ။ ဒီလိုနဲ့ သူငယ်ချင်းတွေက ကူညီရင်း ပိုပြီး လုပ်နိုင်လာတာပါ။ အအေးဆိုင်ဖွင့်နေချိန်မှာ အအေးတွေလာထည့်ပေးတဲ့လူတွေလည်းရှိတယ်။ တချို့က အမ်းငွပြေန်မယူသွားတဲ့ လူတွေလည်းရှိတယ်။ အများဆုံးလာအားပေးတာ အွန်လိုင်းပရိတ်သတ်တွေပဲ။ အဲဒီတော့ လူလတ်ပိုင်းတွေများတယ်လို့ ပြောရတာပေါ့။ ကလေးတွေဆို သူတို့ပိုက်ဆံလေးတွေကိုင်လာပြီး လာဝယ်ကြတယ်။ ပြီးရင်ငွေထည့်သွားကြတယ်"ဟု ရောင်းသူမဲ့ အအေးရောင်းချသူ ကိုနေလင်းသိုက်က ဆိုသည်။

ရောင်းသူမဲ့အအေးဆိုင်အား မန္တလေးမြို့တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး Social Media ပေါ်တွင် ပျံ့နှံသွားပြီးနောက် မြို့ကြီးများတွင် ဖွင့်လှစ်လာကြခြင်းဖြစ်သည်။

အဆိုပါဆိုင်များ၏ ရည်ရွယ်ချက်မှာ အကျင့်စာရိတ္တများကောင်းမွန်လာရန်နှင့် တာဝန်သိ တာဝန်ယူတတ်သော လူ့ပတ်ဝန်းကျင်ဖြစ်ပေါ်လာရန်ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်တွင် ပထမဆုံးအဖြစ် တောင်ကြီး၌ စတင်ရောင်းချတာဖြစ်ပြီး ဒုတိယမြောက်အဖြစ် လားရှိုးမြို့ရှိ လူငယ်များမှ ရောင်းချနေကြောင်း သိရသည်။

သတင်း။ ‪#‎ကိုဇက်‬
ဓာတ်ပုံ။ ‪#‎နေလင်းသိုက်‬

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~