လမ္းသားတိုးခ်ဲ႕ရန္အတြက္ ဗိုလ္ခ်ဳပ္လမ္းမေဘး၌ ပံုထားသည့္ ေက်ာက္စရစ္ပံုအား ဆိုင္ကယ္တစ္စီးမွ ၀င္တိုက္မိ

လမ္းသားတိုးခ်ဲ႕ရန္အတြက္ ဗိုလ္ခ်ဳပ္လမ္းမေဘး၌ ပံုထားသည့္ ေက်ာက္စရစ္ပံုအား ဆိုင္ကယ္တစ္စီးမွ ၀င္တိုက္မိ
မေ 1, 2016
By Tachileik News Agency
တာခ်ီလိတ္၊ ဧၿပီ(၃၀)
တာခ်ီလိတ္ၿမိဳ႕ AGD ဘဏ္အနီး ဗုိလ္ခ်ဳပ္လမ္းမေပၚတြင္ ဆိုင္ကယ္တစ္စီးမွ ေက်ာက္စရစ္ပံုအား အရွိန္ျပင္းစြာ ၀င္တိုက္မိၿပီး လႊင့္စင္သြားကာ နားမွ ေသြးမ်ား ထြက္လာၿပီး ျပည္သူ႔ေဆးရံုသို႔ အနီးအနားရွိ ျပည္သူမ်ားမွ ပို႔ေဆာင္လိုက္ရေၾကာင္း သိရသည္။
တာခ်ီလိတ္ၿမိဳ႕ AGD ဘဏ္အနီး ဗိုလ္ခ်ဳပ္လမ္းမေဘးတြင္ စည္ပင္သာယာေရးဌာနမွ လမ္းသား တိုးခ်ဲရာတြင္ အသံုးျပဳရန္အတြက္ ပံုထားသည့္ ေက်ာက္စရစ္ပံုအား ဧၿပီလ(၃၀)ရက္ ည(၁၁)နာရီ (၄၅)မိနစ္၀န္းက်င္က တာခ်ီလိတ္ၿမိဳ႕၊ ပုန္းထြန္ရပ္ကြက္ေန အိုက္လာမွ ဆိုင္ကယ္စီးလာကာ အရွိန္ျပင္းစြာျဖင့္ တိုက္မိၿပီး ဒဏ္ရာ ရရွိခ့ဲျခင္း ျဖစ္ေၾကာင္း သိရသည္။
"ေက်ာက္စရစ္ပံုက လမ္းေပၚေရာက္ေနတာ၊ ညေနကတည္းက ဆိုင္ကယ္တစ္စီး ဒီေက်ာက္ပံုကို တိုက္သြားေသးတယ္။ အခု တိုက္သြားတာကေတာ့ ေတာ္ေတာ္ျပင္းတယ္။ တကယ္ဆိုရင္ လမ္းေပၚ အခုလို ေက်ာက္ေတြ၊ သဲေတြပံုမယ္ဆိုရင္ အခ်က္ျပျဖစ္ျဖစ္ တခုခု ထားထားေပးရမွာ"ဟု AGD ဘဏ္အနီးရွိ အမ်ဳိးသားတစ္ဦးက ဆိုသည္။
ယင္းသို႔ ျဖစ္ပြားရာ ေနရာရွိ ေက်ာက္စရစ္ပံုအား ယာဥ္သြား၊ ယာဥ္လားမ်ား သတိရွိေစရန္အတြက္ အခ်က္ျပ အတားအဆီးမ်ားကို အနီးအနားရွိ တာ၀န္သိ ျပည္သူမ်ားမွ သတ္မွတ္ထားရွိၾကၿပီးေနာက္ တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္ႏွင့္ ယာဥ္ထိန္းရဲတပ္ဖြဲ႔တို႔မွ ေရာက္ရွိလာၿပီး ၾကည့္ရႈစစ္ေဆးကာ ေက်ာက္ပံုအား ဖယ္ရွားေရးအတြက္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ဓာတ္ပံု။  ။ #ေဇာင္းညီ
သတင္း။  ။ #ကိုေဇာင္း
............................
တာချီလိတ်၊ ဧပြီ(၃၀)
တာချီလိတ်မြို့ AGD ဘဏ်အနီး ဗိုလ်ချုပ်လမ်းမပေါ်တွင် ဆိုင်ကယ်တစ်စီးမှ ကျောက်စရစ်ပံုအား အရှိန်ပြင်းစွာ ဝင်တိုက်မိပြီး လွှင့်စင်သွားကာ နားမှ သွေးများ ထွက်လာပြီး ပြည်သူ့ဆေးရုံသို့ အနီးအနားရှိ ပြည်သူများမှ ပို့ဆောင်လိုက်ရကြောင်း သိရသည်။
တာချီလိတ်မြို့ AGD ဘဏ်အနီး ဗိုလ်ချုပ်လမ်းမဘေးတွင် စည်ပင်သာယာရေးဌာနမှ လမ်းသား တိုးချဲရာတွင် အသုံးပြုရန်အတွက် ပုံထားသည့် ကျောက်စရစ်ပုံအား ဧပြီလ(၃၀)ရက် ည(၁၁)နာရီ (၄၅)မိနစ်ဝန်းကျင်က တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်နေ အိုက်လာမှ ဆိုင်ကယ်စီးလာကာ အရှိန်ပြင်းစွာဖြင့် တိုက်မိပြီး ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
"ကျောက်စရစ်ပုံက လမ်းပေါ်ရောက်နေတာ၊ ညနေကတည်းက ဆိုင်ကယ်တစ်စီး ဒီကျောက်ပုံကို တိုက်သွားသေးတယ်။ အခု တိုက်သွားတာကတော့ တော်တော်ပြင်းတယ်။ တကယ်ဆိုရင် လမ်းပေါ် အခုလို ကျောက်တွေ၊ သဲတွေပုံမယ်ဆိုရင် အချက်ပြဖြစ်ဖြစ် တခုခု ထားထားပေးရမှာ"ဟု AGD ဘဏ်အနီးရှိ အမျိုးသားတစ်ဦးက ဆိုသည်။
ယင်းသို့ ဖြစ်ပွားရာ နေရာရှိ ကျောက်စရစ်ပုံအား ယာဉ်သွား၊ ယာဉ်လားများ သတိရှိစေရန်အတွက် အချက်ပြ အတားအဆီးများကို အနီးအနားရှိ တာဝန်သိ ပြည်သူများမှ သတ်မှတ်ထားရှိကြပြီးနောက် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့မှ ရောက်ရှိလာပြီး ကြည့်ရှုစစ်ဆေးကာ ကျောက်ပုံအား ဖယ်ရှားရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ။ #ဇောင်းညီ
သတင်း။ #ကိုဇောင်း
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~